progress

တိုးတက်မှု ဆယ်ဆ

တိုးတက်မှု ဆယ်ဆဆိုတာ ဒီအတိုင်းမဖြစ်ဘူး။ဖြစ်နေတဲ့ စျေးကွက်အပြောင်းအလဲမှာစျေးကွက်ပြဿနာနဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပြီးမှ ဖြစ်တာ။ဒါကြောင့် စျေးကွက်မှာဖြစ်နေတဲ့ပြဿနာရှာနိုင်တာကလဲပညာပဲ။ To achieve tenfold progress, one must respond to dramatic market changes. Therefore, in the market, the ability to identify and tackle issues is also a form of wisdom. Phyo Paing @ Derek

တိုးတက်မှု ဆယ်ဆ Read More »

ဘဝမှာ စွဲလမ်းစရာအကောင်းဆုံးက တိုးတက်မှုပဲ။

ကျန်းမာကြံ့ခိုင်ရေးအရ တိုးတက်နေတဲ့ အရသာ။ ငွေရေးကြေးရေးအရတိုးတက်နေတဲ့ အရသာ။ အလုပ်အကိုင် ကျွမ်းကျင်မှုတိုးတက်နေတဲ့ အရသာ။ ဥာဏ်ပညာ တိုးတက်နေတဲ့အရသာ။ တိုးတက် is the way. Phyo Paing @ Derek

ဘဝမှာ စွဲလမ်းစရာအကောင်းဆုံးက တိုးတက်မှုပဲ။ Read More »

နေ့စဉ်တိုးတက်နေဖို့လိုတယ်။

အုပ်ရေ ၇၀၀ လဲ ပြည့်ပြီ။ဒီရက်ပေါင်း ၇၀၀ အတွင်းအပြောင်းအလဲဖြစ်စဉ်တွေကတော်တော်ကြီး ကြီးတယ်။ ဘာ သင်ခန်းစာတွေရလိုက်လဲဆိုရင် ၁။ လူတွေ မဖြစ်နိုင်ဘူးပြောတာတွေကို မယုံပါနဲ့။ ၂။ ဇွဲဆိုတာ ကြွက်သားလိုပဲ တည်ဆောက်လို့ရတယ်။ ၃။ မပြီးသေးတာကို စဉ်းစားပြီး အားမလျော့လိုက်နဲ့။ပြီးသွားတာကို ကြည့်ပြီးအားယူ။ ၄။ စနစ်မရှိပဲ ဘာမှ ကြီးကြီးမားမားလုပ်လို့မရဘူး။စာမြန်မြန်ဖတ်နည်းစနစ်။မှတ်စုမှတ်နည်း။Video ရိုက်နည်း။တည်းဖြတ်နည်း။အင်တာနက်ပေါ်တင်နည်း။အချိန်စီမံခန့်ခွဲမှုစနစ်။နည်းစနစ်က အလုပ်တွေပြီးမြောက်မှုကို မြန်စေတယ်။ ၅။ ရေရှည်ကို စဉ်းစား။အုပ် ၁၀၀ ပြီးတဲ့ထိ subscriber က ၁၀၀ မပြည့်ဘူး။ဒါပေမယ့် အုပ် ၇၀၀ ပြည့်တဲ့အချိန်ကိုယ်ထင်ထားတာထက် subscriber ပိုများသွားပြီ။ ၆။ သိထားတဲ့ အသိပညာ၊ အတတ်ပညာကိုချက်ချင်းပြန်အသုံးချ။ ၇။ စာအုပ်ကောင်းတစ်အုပ်ထဲကစာလေးတစ်ကြောင်းက ဘဝကိုအကြီးအကျယ် အပြောင်းအလဲဖြစ်စေနိုင်တယ်။ ကိုယ်စိတ်ကူးထားတဲ့အရာတွေကိုလူတွေကခက်ခဲပြီး မဖြစ်နိုင်ဘူးပြောတာကိုလျစ်လျူရှုပြီး ဖြစ်အောင်လုပ်။ နေ့စဉ်တိုးတက်နေဖို့လိုတယ်။

နေ့စဉ်တိုးတက်နေဖို့လိုတယ်။ Read More »