progress

P သုံးလုံး။

ဘဝမှာ အချိန်အများကြီးမရှိဘူး။တစ်နှစ်တစ်နှစ်ဆိုတာဘယ်လို ကုန်လို့ကုန်သွားမှန်းမသိဘူး။ခက်ခဲနေရင်သာကြာတာ၊ပျော်နေရင် အချိန်ကုန်တာပိုမြန်တယ်။ အများတဲ့အချိန်အများကြီးထဲမှာအလုပ်တိုင်းကို လိုက်လုပ်လို့မရဘူး။ဒီတော့ ဘယ်အလုပ်လုပ်ရင်ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲစဥ်းစားရပြီ။ ဒီလိုစဥ်းစားတဲ့အချိန်မှာအဓိကအချက်သုံးချက်နဲ့စဥ်းစားတယ်။​၁။ Passion ကိုယ်အလုပ်အပေါ်ချစ်မြတ်နိုးမှု၂။ Profit ပြန်ရမည့်ငွေကြေးအမြတ်၃။ Purpose လူတွေအပေါ်အကျိုးပြုမှုရည်ရွယ်ချက် ဒီတော့ဘဝမှာ ကိုယ်လုပ်မည့်အလုပ်တွေကိုရွေးချယ်ဖို့ ပထမဦးဆုံးအနေနဲ့ကိုယ်မလုပ်ရရင် မနေနိုင်၊မစဥ်းစားရရင် မနေနိုင်တဲ့အရာတွေကို ချရေးကြည့်။ ဥပမာ ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုစိတ်ပညာ၊ အတွေးအခေါ်ပညာ၊မဟာဗျူဟာပိုင်း၊ တိုးတက်ရေးပိုင်း၊စွမ်းဆောင်ရည်တိုးတက်မှုပိုင်းနဲ့ဒါကိုလုပ်ပေးတဲ့ နည်းပညာသစ်တွေ၊စွန့်ဦးတီထွင်မှု၊ ပညာရေး၊သင်ယူမှု၊ သင်ကြားမှုပညာ၊ဝိဇ္ဇာပညာ၊ အိုင်ဒီယာအသစ်တွေအကြောင်း။ဒါတွေကို မလုပ်ရမနေနိုင်ဘူး။ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်တွေကိုဒီအပေါ်မှာ အခြေခံတယ်။ ဒုတိယအနေနဲ့ ကိုယ်မလုပ်ရမနေနိုင်တဲ့အလုပ်တွေကိုလုပ်ပြီးဝင်ငွေဖန်တီးနိုင်တဲ့နည်းလမ်းတွေကိုစဥ်းစားကြည့်ပါ။ချရေးကြည့်ပါ။ ဥပမာ အလွယ်ဆုံးကတော့ကုမ္ပဏီတစ်ခုအလုပ်ဝင်လုပ်တာ။ဒီနေ့ခေတ် အလွတ်တန်းပညာရှင် freelance လုပ်တာ။ကိုယ့်အလားအလာရှိတဲ့ဖောက်သည်တွေသိအောင်social media လူမှုကွန်ယက်မှာblogging/ vlogging လုပ်တာ၊စာရေးတာ။ဒီကမှတစ်ဆင့် ကိုယ်တိုင်လုပ်ငန်းလုပ်တာ။ကိုယ်တိုင်လုပ်ငန်းလုပ်တဲ့အချိန်လဲတခြားသူတွေနဲ့မတူညီတဲ့business model နဲ့ အလုပ်လုပ်နိုင်တာ။ဝင်ငွေရနိုင်မည့် revenue streams တွေအကုန်မျက်စိဖွင့်နားစွင့်ပြီးစဥ်းစားကြည့်ပါ။ တတိယကတော့ purpose ရည်ရွယ်ချက်။ကိုယ့်ဘဝမှာ အသက်ရင်စဥ်လောကကိုပြန်ပေးခဲ့ချင်တဲ့အရာပေါ့။လူသားတစ်ယောက်က ငွေကြေး […]

P သုံးလုံး။ Read More »

လူအများစုမပျော်တာ
ရှုပ်နေလို့။

လူအများစုမပျော်တာ ရှုပ်နေလို့။ ကိုယ်ဘာလိုချင်သလဲရှင်းရှင်းလင်းလင်းမသိဘူး။ကိုယ်ဘာလုပ်ချင်သလဲရှင်းရှင်းလင်းလင်းမသီဘူး။ကိုယ်ဘာလုပ်ရမလဲရှင်းရှင်းလင်းလင်းမသိဘူး။ဘာလုပ်ရင် ဘာရမလဲရှင်းရှင်းလင်းလင်းမသိဘူး။ ကိုယ်ဘာမလိုချင်ဘူးလဲရှင်းရှင်းလင်းလင်းမသိဘူး။ကိုယ်ဘာမလုပ်ချင်ဘူးလဲရှင်းရှင်းလင်းလင်းမသိဘူး။ကိုယ်ဘာမလုပ်သင့်ဘူးလဲရှင်းရှင်းလင်းလင်းမသိဘူး။ လူသားဖြစ်ခြင်းရဲ့အဓိက အရေအသွေးတစ်ခုကကိုယ့်ကိုကိုယ်သိဖို့။self-awareness ဖြစ်ဖို့။ ဒီထက် ထိုးထွင်းသိမြင်တာကိုInsight လို့ခေါ်တယ်။ ဒီလို ထိုးထွင်းသိမြင်ဖို့တရားထိုင်တာကို Insight Meditation ဝိပဿနာလို့ခေါ်တယ်။ အဓိက စကားလုံးကရှင်းရှင်းလင်းလင်း။တခါတလေ ရှင်းသလိုနဲ့ မရှင်းနေတတ်ဘူး။ ကိုယ့်ကိုကိုယ်ရှင်းရှင်းလင်းလင်းသိရင်လောကီမှာ ဘဝရဲ့ မလိုအပ်တဲ့စိတ်ဒုက္ခတွေက လွတ်မြောက်မယ်။သဘာဝတရားရဲ့ဖြစ်တည်မှုကို ရှင်းရှင်းလင်းလင်းသိရင် လောကုတ္တရာမှာသံသရာ ဝဋ်ဆင်းရဲကလွတ်မြောက်မယ်။ လောကီရဲ့နိဗ္ဗာန်က ငွေကြေးလွတ်မြောက်မှု  Financial Freedom နဲ့စတယ်။ငွေကြေးလွတ်မြောက်ရင်ကိုယ်မလုပ်ချင်တာ လုပ်စရာမလိုတဲ့Physical Freedom ကာယလွတ်မြောက်မှုရမယ်။ စိတ်ထားတတ်ရင် ရှင်းလင်းရင်Emotional Freedom စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုရမယ်။ လောကသဘာဝကို သိရှိခံစားနားလည်လာရင်Spiritual Freedom ရမယ်။ အရာရာက Self-awareness ကိုယ့်ကိုကိုယ်သိဖို့ကစတင်တယ်။ Phyo Paing @ Derek

လူအများစုမပျော်တာ
ရှုပ်နေလို့။
Read More »

ထိုက်တန်လား။

ထိုက်တန်လား။ လူတစ်ယောက်ရဲ့အဖိုးအတန်ဆုံးကအချိန်။အချိန်ထက်အဖိုးတန်တာအာရုံ။အချိန်ရှိပြီး ကိုယ့်အာရုံကိုယ်မထိိန်းနိုင်ရင်စိတ်ကဟိုရောက်ဒီရောက်ဗရိုဗရဲဖြစ်နေမှာ။ အလုပ်တစ်ခု၊ လူတစ်ယောက်၊အကြောင်းအရာတစ်ခုကိုအချိန်ပေးဖို့၊ အာရုံစိုက်ဖို့ထိုက်တန်လားဆိုတာကိုယ့်ကိုကိုယ် အမြဲမေးကြည့်တယ်။ ဘဝကတိုတိုလေးပဲ။၈၂ နှစ်ကျော်နေရရင် ရက်ပေါင်း ၃ သောင်း။ ကိုယ့်အချိန်၊ ကိုယ့်အာရုံကိုကိုယ့်အတွက် မထိုက်တန်တဲ့လူ၊ အလုပ်၊ အကြောင်းအရာအပေါ်အာရုံထားဖို့ အချိန်အဲ့လောက်မပေါဘူးလို့ထင်တယ်။ ကိုယ့်အချိန်နဲ့အာရုံကိုကိုယ်ချစ်တဲ့ကိုယ်တန်ဖိုးထားတဲ့ကိုယ်မြတ်နိုးတဲ့လူ၊ အလုပ်၊ အကြောင်းအရာပေါ်မှာအချိန်ပိုပေးကြည့်ပါ။ဘဝကြီးကို အကြည်ဓာတ်နဲ့ပိုဖြတ်သန်းနိုင်လိမ့်မယ်။ Phyo Paing @ Derek

ထိုက်တန်လား။ Read More »

ကိုယ်နဲ့တွေ့တဲ့သူတွေ
အရေးသိပ်ကြီးတယ်။

လူတွေ။ ကျောင်းမှာတွေ့တဲ့လူတွေကကျောင်းစာတွေထက်ပိုအရေးကြီးတတ်တယ်။စာကဘယ်မှာဖတ်ဖတ်ရတယ်။လူတွေက “ဓာတ်တူရာစု” တဲ့အတွက်တော်တဲ့သူတွေနားတော်တဲ့သူတွေစုတယ်။ အလုပ်ကြိုးစားတဲ့သူတွေနားအလုပ်ကြိုးစားသူတွေစုတယ်။ပညာရှင်တွေနား ပညာရှင်တွေစုတယ်။ ကိုယ်နဲ့တွေ့တဲ့သူတွေအရေးသိပ်ကြီးတယ်။ ကိုယ့်ရဲ့လောကအမြင်အပေါ်အနည်းနဲ့အများ သက်ရောက်မှုရှိတယ်။ Phyo Paing @ Derek

ကိုယ်နဲ့တွေ့တဲ့သူတွေ
အရေးသိပ်ကြီးတယ်။
Read More »

အချိန်မဖြုန်းနဲ့။

အချိန်မဖြုန်းနဲ့။ ကိုယ့်ကိုကိုယ်အမြဲသတိပေးဖြစ်တဲ့စကား။တစ်နေ့လူတွေ အကုန်သေမှာပဲ။အသက် ၈၂ နှစ်လောက်နေရရင်ကိုရက်ပေါင်း ၃၀၀၀၀ လာနေရတဲ့ဘဝမှာလူဖြစ်ရတဲ့ အနှစ်သာရ အကောင်းဆုံးအတွေ့အကြုံရသွားဖို့လိုတယ်လို့ထင်တယ်။ ဘဝမှာ ကိုယ်လိုချင်တဲ့အတွေ့အကြုံအရေးကြီးတယ်။ ကိုယ်သွားချင်တဲ့နေရာ၊ကိုယ်ဖန်တီးချင်တဲ့အရာ၊ကိုယ်တွေ့ချင်တဲ့သူ၊ကိုယ်လုပ်ချင်တဲ့အရာဒါတွေကို အကောင်အထည်ဖော်ဖို့စိတ်ရှည်ဖို့လိုသလို၊အချိိန်မဖြုန်ဖို့လိုတယ်။ အရာရာကို စိတ်ရှည်ဖို့ထိုင်စောင့်တဲ့အစား၊လုပ်ရင်းစောင့်ဖို့လိုတယ်။ အဆင်မပြေတာတွေကိုဖယ်၊အဆင်ပြေအလုပ်ဖြစ်တာကိုသယ်။ အသက်ရှင်ပြီး အသက်ဝင်တဲ့ဘဝဖြစ်ဖို့ဒီနေ့ပြဿနာတွေပဲဖြေရှင်းနေလို့မရဘူး။လာမည့်အနာဂတ်ပြဿနာတွေကိုကြိုတင်တွက်ချက်အဖြေရှာထားဖို့လိုတယ်။ Phyo Paing @ Derek

အချိန်မဖြုန်းနဲ့။ Read More »

ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးစကားလုံးရှိတယ်။
C နဲ့ စတယ်။

ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးစကားလုံးရှိတယ်။C နဲ့ စတယ်။ နယ်ပယ်တစ်ခုမှာ ထူးချွန်သူတွေဒါကို အသုံးချကြတယ်။နေရာတစ်ခုမှာ ထိပ်ဆုံးရောက်တဲ့သူတွေလဲဒါကို ကောင်းကောင်းအသုံးချကြတယ်။ ဒါကတော့ compounding ဆိုတဲ့စကားပဲ။ ဟိုခုန်ကူး ဒီခုန်ကူးဆိုမျောက်ပဲဖြစ်မှာ။ကိုယ့်ရဲ့ အနုပညာ artsအသက်မွေးဝယ်ကြောင်းအတွက်တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုကကိုယ့်ရဲ့အားထုတ်မှုတွေအတိုး၊ အရင်းပေါင်းကလာတယ်။ဒါကို compounding လို့ခေါ်တယ်။ Phyo Paing @ Derek

ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးစကားလုံးရှိတယ်။
C နဲ့ စတယ်။
Read More »

ကိုယ့်ကိုကိုယ်နားမလည်ဘဲ
တခြားသူတစ်ယောက်ကို
နားလည်ပေးဖို့မလွယ်ဘူး။

လူတစ်ယောက်ရဲ့ဘဝမှာသူ့ကိုယ်သူနားလည်သလိုနားလည်တဲ့တစ်ယောက်ရှိလာရင်လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲတာပဲ။လူတိုင်းက အဲ့ဒီ luxury ကိုမရတတ်ကြဘူး။ဘာကြောင့်လဲဆိုကိုယ့်ကိုကိုယ် နားလည်သင့်သလောက်နားမလည်ကြသေးလို့။ကိုယ့်ကိုကိုယ်နားမလည်ဘဲတခြားသူတစ်ယောက်ကိုနားလည်ပေးဖို့မလွယ်ဘူး။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ်နားမလည်ဘဲ
တခြားသူတစ်ယောက်ကို
နားလည်ပေးဖို့မလွယ်ဘူး။
Read More »

တပ်မက်မှုမရှိခြင်းဟာ
ပါဝါတစ်ခုပဲ။

တပ်မက်မှုမရှိခြင်းဟာပါဝါတစ်ခုပဲ။လူ၊ နေရာ၊ ပတ်ဝန်းကျင်ကိုစွဲလမ်းမှုမရှိခြင်းကပါဝါတစ်ခုပဲ။ကိုယ်ဖြစ်စေချင်တဲ့အတိုင်းမဖြစ်လာတာကိုဂရုမစိုက်တာကလဲSpiritual ပါဝါတစ်ခုပဲ။ လိုချင်တာရအောင်လုပ်နိုင်တာကလောကီရဲ့ ပါဝါ။လိုချင်တာကို စွန့်လွတ်နိုင်တာကလောကုတ္တရာရဲ့ပါဝါ။ Phyo Paing @ Derek

တပ်မက်မှုမရှိခြင်းဟာ
ပါဝါတစ်ခုပဲ။
Read More »

“အသက်ရှင်ပြီး အသက်ဝင်တာ”

ပိုကောင်းတဲ့အနာဂတ်ကို စောင့်ပြီးနေနေတာလဲမဟုတ်။ဒီတစ်နေ့ကိုအာရုံစိုက်နေထိုင်ပြီးပိုကောင်းတဲ့အနာဂတ်ကသူ့အလိုလို ကိုယ့်ဆီရောက်လာတာဒါက “အသက်ရှင်ပြီး အသက်ဝင်တာ”။ဒါက Flow.မရုန်းကန်နဲ့။ ရုပ်မနေနဲ့။Don’t struggle. Don’t settle.ဒီ “道 Dao” လမ်းစဉ်ကိုနားလည်ဖို့နှစ်ပေါင်းအတော်ကြာပေးခဲ့ရသလိုပဲ။ Phyo Paing @ Derek

“အသက်ရှင်ပြီး အသက်ဝင်တာ” Read More »

ကိုယ်နဲ့နေ့စဉ်တွေ့တဲ့သူတွေ
အရေးကြီးတယ်။

ကိုယ်နဲ့နေ့စဉ်တွေ့တဲ့သူတွေအရေးကြီးတယ်။လူတော်၊ လူကောင်းတွေနဲ့ဝန်းရံထားရင်ကိုယ့်ကိုကိုယ်ထားတဲ့စံနှုန်းတွေမြင့်လာမယ်။မမြင်သေးတဲ့ အခွင့်အလမ်းတွေမြင်စေတယ်။တိုးတက်မှုကိုအရှိန်မြင့်တင်ပေးနိုင်တယ်။ယုံံကြည်မှုတွေအပေါ်သက်ရောက်မှုရှိတယ်။ကိုယ့်အားသာချက်၊ အားနည်းချက်၊တန်ဖိုးထားမှု၊ အမူအကျင့်တွေကိုပြန်ပြီးမြင်စေတယ်။Choose your own tribe. Phyo Paing @ Derek

ကိုယ်နဲ့နေ့စဉ်တွေ့တဲ့သူတွေ
အရေးကြီးတယ်။
Read More »