self-awareness

အရာရာ သုညဖြစ်သွားရင်တောင်
တန်တယ်

ကိုယ့်ကိုကိုယ်နားလည်အောင်လုပ်ရတာအခက်ဆုံးပဲ။ကိုယ့်ကိုကိုယ် နားလည်သတိပြုမိတာကိုself-awareness လို့ခေါ်တယ်။ ကိုယ့်ကိုကိုယ်နားမလည်ရင်ကိုယ့်ကို ဘယ်အရာက ပျော်စေလဲ။ဘယ်အရာက စိတ်ညစ်စေလဲ။ကိုယ်ဘယ်လို စဥ်းစားတတ်လဲ။ဘာကို ယုံကြည်သလဲ။ဘယ်အချိန်မှာ ဘယ်လိုခံစားချက်ဖြစ်တတ်ပြီးဘယ်လို ပြုမူတတ်သလဲ မသိနိုင်ဘူး။ ကိုယ့်ရဲ့ အားသာချက်၊အားနည်းချက် မသိရင်ကောင်းမွန်တဲ့ ကိုယ့်ကိုကိုယ်တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ လူတိုင်းက မတူညီတဲ့ မျက်မှန်တွေနဲ့ကမ္ဘာကြီးကို ကြည့်ကြတယ်။​အရောင်အသွေးကလဲ မတူကြဘူး။မတူညီတဲ့ ပေတံတွေနဲ့တိုင်းတာကြတယ်။​စိတ်တိုင်းကျမှုတွေကလဲ​ မတူကြဘူး။ ကိုယ့်ကိုကိုယ် ပုံပြင်တစ်ပုဒ်ပြောထားတယ်။ငါက စမ်းသပ်မှုတစ်ခုပဲ။မွေးကတည်းက ဘာမှ မရှိဘူး။ဘဝမှာ ရှိလာတဲ့အရာတိုင်းကအမြတ်ပဲ။ကိုယ့်အသက်အရွယ်နဲ့ကိုယ်လုပ်ချင်တာတွေလဲ လုပ်ခဲ့ပြီးပြီ။ဆက်လုပ်ချင်တာ စမ်းသပ်ချင်တာစမ်းသပ်နေမယ်။အရာရာ သုညဖြစ်သွားရင်တောင်တန်တယ်။ လူတိုင်းကို မကူညီနိုင်ပေမယ့်ကိုယ်ကူညီတဲ့သူတွေ၊ကိုယ် service ပေးတဲ့သူတွေတကယ်အပြောင်းအလဲဖြစ်ရမယ်။ Phyo Paing @ Derek

အရာရာ သုညဖြစ်သွားရင်တောင်
တန်တယ်
Read More »

ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက်

ကိုယ့်ရဲ့ ဖြစ်တည်မှုကိုဘယ်လိုဖြစ်ဖြစ်ဂုဏ်ယူတတ်ဖို့ အရေးကြီးတယ်။ကျွန်တော်ကတော့ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက်ဘယ်လို ဖြစ်ဖြစ်ဂုဏ်ယူနေတယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက် Read More »

အသက်ရှင်နေသမျှ
ကိုယ်ထွက်ပြေးမရတဲ့အရာက
ကိုယ့်စိတ်နဲ့ ခန္ဓာပဲ။

တချို့မကြိုက်တဲ့နေရာ၊မချစ်မနှစ်သက်သူတွေနဲ့အဝေးမှာ ခွဲခွာသွားလို့ရနိုင်ပေမယ့်ခွဲမရတဲ့အရာက ကိုယ်တိုင်ပဲ။ ဒါကြောင့် အချိန်ကိုသုံးချိန်ခွဲလိုက်တယ်။ ၁။ ကိုယ့်အတွက်အချိန်၂။ အလုပ်အတွက်အချိန်၃။ သူတပါးအတွက်အချိန် ကိုယ့်အတွက်အချိန်က မနက် ၄ ကနေ ၁၀ ထိ (၆ နာရီ) ဦးနှောက်၊ စိတ်နဲ့ ခန္ဓာအတွက်လေ့ကျင့်ရေးဆင်းတယ်။ စာဖတ်၊ လေ့ကျင့်ခန်းလုပ်၊ journaling နဲ့ တရားထိုင်၊ professional learning အတွက်လုပ်။ ၁၀ ကနေ ၆ အထိက အလုပ်အတွက်စုစုပေါင်း ၈ နာရီပေါ့။ (၈ နာရီ) ၆ ကနေ ၁၀ နာရီထိက (၄ နာရီ)အပေါင်းသင်းယောင်းရင်းအချိန်ပေါ့။တချို့ရက်မှာတော့ အလုပ်ရှိနိုင်တာပေါ့။ အဲ့လို ဖြတ်သန်းလာတာကတော့ 296 ရက်တော့ ရှိပြီ။ ခုထိတော့ အလုပ်ဖြစ်နေတယ်။ Phyo Paing @ Derek

အသက်ရှင်နေသမျှ
ကိုယ်ထွက်ပြေးမရတဲ့အရာက
ကိုယ့်စိတ်နဲ့ ခန္ဓာပဲ။
Read More »

ကိုယ့်စိတ်နဲ့ခန္ဓာကို သေချာ
နားလည်ဖို့ အရေးကြီးတယ်။

ဘယ်လိုဖြစ်ဖြစ် သင်သေမှာပဲ။စောစောသေမလားနောက်ကျသေမလားပဲ မသိတာ။သေတာက သေမှာပဲ။သင်သေတဲ့နေ့ တစ်ပတ်လောက်လူတွေ ဝမ်းနည်းကောင်းဝမ်းနည်းမယ်။ မသေခင်တော့ စိတ်နဲ့ ခန္ဓာရှိနေသမျှဒီနှစ်ခုအလိုကို ဖြည့်ဆည်းပေးနေရတယ်။ ကိုယ်စိတ်နဲ့ ခန္ဓာကို မနိုင်ရင် တိုင်ပတ်တယ်။ဒီနှစ်ခုကို နားလည်သတိပြုမိတာကိုSelf-awareness လို့ခေါ်တယ်။ Self-awareness မရှိရင် ကိုယ့်ကိုကိုယ်နားမလည်ဘူး။နားမလည်ရင် Self-discipline ရှိဖို့မလွယ်ဘူး။Strategy လဲ ချလို့မလွယ်ဘူး။ Self-awareness အရေးကြီးတယ်။ ကိုယ့်စိတ်နဲ့ခန္ဓာကို သေချာနားလည်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်စိတ်နဲ့ခန္ဓာကို သေချာ
နားလည်ဖို့ အရေးကြီးတယ်။
Read More »