self-awareness

ဘဝမှာ အခက်အခဲဆုံးတစ်ခုက

“ကိုယ့်ကိုကိုယ် နားလည်ဖို့”ပဲ။ ဘဝမှာ ကိုယ့်ကိုကိုယ်သေချာနားမလည်ခဲ့တော့အမှားတွေ အများကြီးလုပ်ခဲ့တယ်။ ကိုယ့်ကိုကိုယ် ခိုင်းလို့မရဘူး။လိုချင်တာရအောင် ဒီ စိတ်၊ ခန္ဓာ၊ အသိဥာဏ်နဲ့ စွမ်းအားတွေကို အကောင်းဆုံးအသုံးမချနိုင်ခဲ့ဘူး။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါတော်တော် အခက်အခဲတွေ့တယ်။ ကိုယ့်ကိုကိုယ် နားမလည်တော့လူတွေကို နားလည်အောင်ကြိုးစားဖို့ခက်တယ်။နားလည်ရခက်တယ်။ ဘဝရဲ့ အချိန် အများစုက“ကိုယ့်ကိုကိုယ်နားမလည်လို့”တိုင်ပတ်ခဲ့တာများတယ်။ မသေခင် တစ်သက်လုံးအတူနေရမည့် စိတ်နဲ့ ခန္ဓာကို စီမံခန့်ခွဲနိုင်ဖို့ကိုယ့်ကိုကိုယ် နားလည်ဖို့ကြိုးစားရတယ်။ ဖြစ်ချင်တော့ ကိုယ်လေးစားသူတွေကလဲအများနဲ့မတူဘူး။ ငယ်ဘဝဖြတ်သန်းမှုကလဲမတူဘူး။ ရင်ခုန်စေတဲ့အရာတွေက အများနဲ့မတူဘူး။ကိုယ့်အတွေးတွေက အများနဲ့ မတူဘူးဖြစ်နေတယ်။ ကိုယ့်ကိုကိုယ် နားလည်စပြုလာတော့ခိုင်းတတ်လာတယ်။လိုချင်တာရအောင် ကြံစည်နိုင်လာတယ်။ လူတွေ အများစုဖြစ်တဲ့ပြဿနာကကိုယ့်ကိုကိုယ် နားမလည်တာကစတယ်။ ကိုယ့်ကိုကိုယ်နားမလည်တဲ့အခါကိုယ့်အစွမ်းအစကို အကောင်းဆုံးအသုံးမချနိုင်ဘူး။ ဒီတော့ လောကမှာ နေ မပျော်ဘူး။ စားဝတ်နေရေး၊ အချစ်ရေး၊စီးပွားအလုပ်အကိုင်၊အပေါင်းအသင်း၊အတွေးအခေါ်ပိုင်းမှာ တိုးတက်မှုမရှိတဲ့အခါ မပျော်ကြဘူး။ဘာကြောင့်လဲဆိုတော့ပျော်ရွင်မှုဆိုတာ တိုးတက်မှုကလာတယ်။ ဒါက အရာရာကိုပြောင်းလဲဖို့ကြိုးစားတာထက်ကိုယ့်ကိုကိုယ် ပြောင်းလဲနိုင်ဖို့အဓိက […]

ဘဝမှာ အခက်အခဲဆုံးတစ်ခုက Read More »

ကိုယ့်ကိုယ်ကိုယ် ဆုံးမမိတယ်။

ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ။  ကိုယ်နဲ့ထိုက်မှ ကိုယ်ရတယ်။ လူတိုင်းက ကိုယ်လိုချင်တာကိုမရဘူး။ကိုယ်နဲ့ ထိုက်တန်တာကိုပဲရကြတယ်။ ဗုဒ္ဓအဆုံးအမကြောင့် ကံ- ကံ၏အကျိုးကို သက်ဝင်ယုံကြည်တယ်။ ၁။ ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊ ၂။ နှုတ်ဖြင့် ပြောဆိုမှု ဝစီကံ၊ ၃။ စိတ်ဖြင့် ကြံစည်မှု မနောကံ သုံးမျိုးစလုံးကို ဂရုပြုမိတယ်။ မနက်နိုးကတည်းက မနောကံမှာအကြည်ဓာတ်တွေပဲဖြစ်နေအောင်ပျော်စေ၊ ရင်ခုန်စေ၊ ဂုဏ်ယူစေ၊ကျေးဇူးတင်စိတ်၊ စူးစိုက်စိတ်၊ဘဝကိုချစ်မြတ်နိုးစိတ်၊မေတ္တာစိတ်နဲ့ပဲ မနက်နိုးထတယ်။ ပတ်သက်စရာမလိုရင်ဘူကောင်တွေကို ဘဝထဲကအပြီးထုတ်ထားလိုက်တယ်။ ကိုယ်လိုချင်တာ၊ ဖြစ်ချစ်တာ၊ ကောင်းတာကိုပဲအဓိကပြောမိအောင် သတိထားနေနိုင်အောင်လေ့ကျင့်မိတယ်။အပြောအဆို ဆိုတာ ပြောမှမဟုတ်ဒီနေ့ခေတ်က ကောမန့်တွေမှာပါပါတယ်။ အလုပ်မှာလဲ သမာအာဇီဝကျတာ၊ကိုယ့်အတွက် အကျိုးရှိတာ။သူတပါးအတွက် အကျိုးရှိတာ၊နေ့စဥ် ပျော်စေ၊ တော်စေ၊ဝင်ငွေပွားစေ၊ ကိုယ်စေတနာရှိသူတွေကိုမျှဝေပေးစေနိုင်တဲ့အလုပ်တွေကို အာရုံထားလုပ်ဆောင်တယ်။ တချို့ကံတွေက ချက်ချင်းအကျိုးပေးတယ်။တချို့ကံတွေက အချိန်တစ်ခုရောက်မှအကျိုးပေးတယ်။ ဒါကြောင့် စိတ်ရှည်ရှည်ထားဖို့လိုတယ်လို့ကိုယ့်ကိုယ်ကိုယ် ဆုံးမမိတယ်။ Phyo

ကိုယ့်ကိုယ်ကိုယ် ဆုံးမမိတယ်။ Read More »

ပျော်ချင်ရင်အပြင်ကို မကြည့်နဲ့။
အတွင်းကို ကြည့်။

လောကမှာကိုယ့်ထက် ဒီနေ့မှာရှေ့ပိုရောက်နေတဲ့သူတွေနယ်ပယ်တစ်ခုမဟုတ်တစ်ခုမှာ တွေ့ရနိုင်တယ်။ အပြင်ကို ကြည့်ပြီးပဲနှိုင်းယှဥ်ပြီး စိတ်မညစ်လိုက်နဲ့။ ကိုယ့်ဘဝရဲ့ စိတ်အတွင်းပိုင်းကိုကြည့်။ကိုယ့်ဘဝက ဘာဖြစ်ချင်သလဲ။အပြင်လောက ပယောဂမပါပဲအပြင်က noise ဆူညံသံမပါပဲနှလုံးသားထဲကအသံ voice ကို ပြန်နားထောင်ကြည့်။ အဖြေရလိမ့်မယ်။ဒီအသံအတိုင်းသွားရင် ပျော်လိမ့်မယ်။ Phyo Paing @ Derek

ပျော်ချင်ရင်အပြင်ကို မကြည့်နဲ့။
အတွင်းကို ကြည့်။
Read More »

စိတ်မလုံခြုံမှု

လူတိုင်းမှာ စိတ်မလုံခြုံမှုအနည်းနဲ့ အများရှိကြတယ်။အများစုက လူတွေငါ့ကိုဘယ်လိုထင်နေမလဲကလာတယ်။ လှည့်ဖြားတတ်သူအများစုကဒီ စိတ်မလုံခြုံမှုကို အသုံးပြုပြီးသူတို့ထိန်းချုပ်မှုရောက်အောင်လုပ်ကြတယ်။ Phyo Paing @ Derek

စိတ်မလုံခြုံမှု Read More »

ကိုယ့်ကိုယ်ကိုယ် သိအောင်
ကြိုးစားဖို့လိုတယ်လို့ထင်တယ်။

Insight ကို မြန်မာလို“ထိုးထွင်းသိမြင်မှု”။တရုတ်လို “洞察力” တုန့်ချာလိ။ တရုတ်စကားလုံးမှာ 洞 (dòng): တုန့်ဆိုတာ “ထိုးသွင်းသိမြင်မှု”察 (chá): ချာဆိုတာ “စစ်ဆေးနိုင်စွမ်း”力 (lì): လိဆိုတာ “ပါဝါ၊ အစွမ်းအစ”။ အင်္ဂလိပ်လိုဆို In: အတွင်းပိုင်း Sight: မြင်နိုင်စွမ်း။ Idea နဲ့ Insight အိုင်ဒီယာနဲ့ ထိုးထွင်းသိမြင်မှုမတူဘူး။ သိတိုင်းမမြင်ဘူး။ မြင်တိုင်းလဲ မြင်တဲ့လယ်ဗယ်မတူဘူး။ ဘဝတွေပြောင်းလဲဖို့  ထိုးသွင်းသိမြင်နိုင်စွမ်းအရေးကြီးတယ်။ ဝိပသနာ ကို Vipassana orInsight meditation လို့ခေါ်ကြတယ်။တရားထိုင်တယ်ဆိုတာလဲကိုယ့်ကိုယ်ကိုယ် ထိုးထွင်းသိမြင်ဖို့။ ကိုယ့်ကိုယ်ကိုယ် သိအောင်ကြိုးစားဖို့လိုတယ်လို့ထင်တယ်။ အလွယ်ဆုံးက journaling ရေးတာ။ စိတ်ပညာလေ့လာတာ။ကိုယ့်ရဲ့စဥ်းစားပုံ mental model လေ့လာတာကစလို့တရားထိုင်တာ အဆုံး။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကိုယ် သိအောင်
ကြိုးစားဖို့လိုတယ်လို့ထင်တယ်။
Read More »

ဘဝမှာ အကြောက်တရားကင်းကင်းနဲ့ နေပျော်ချင်ရင်

ကိုယ့်ကိုယ်ကို နားလည်ပြီးကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလေလေသူတပါး အထင်အမြင်ကြောင့်စိတ်ညစ်တာ နည်းလေလေပဲ။ဘဝမှာ အကြောက်တရားကင်းကင်းနဲ့နေပျော်ချင်ရင်Self-awareness နဲ့Self-confidence အရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာ အကြောက်တရားကင်းကင်းနဲ့ နေပျော်ချင်ရင် Read More »

Self-awareness

ကိုယ့်ရဲ့ မသိစိတ်က ကိုယ့်အကြောင်းကို ကိုယ့်ထက်ပိုသိတယ်။ ဖတ်သမျှ၊ မှတ်သမျှ၊ကြုံဆုံသမျှ အကုန်လုံးကိုမသိစိတ်မှာခြုံငုံအကုန်မှတ်တမ်းတင်ထားတယ်။ ကိုယ့်ရဲ့ မသိစိတ်အလုပ်လုပ်ပုံကိုသတိပြုမိခြင်းကို သတိရှိခြင်းလို့ခေါ်တယ်။ Self-awareness လို့ခေါ်တယ်။ တခါတလေ ငါဘာ့ကြောင့်ဒါကို ဒီလိုလုပ်နေလဲဆိုတာ သတိမမူမိတတ်ကြဘူး။ အသိ၊ သတိ၊ ပညာ ဒီလိုလာတယ်။ အသိရှိလာရင်သတိလေးထားပြီးကိုယ့်ကိုယ်ကို လေ့လာမိလာမယ်။ဒါမှာ ကိုယ့်ကိုယ်ကိုပို သဘောပေါက်နားလည်လာမယ်။ဒီမှာ ပညာဖြစ်တယ်။ ဘဝမှာ ကိုယ့်ရဲ့မသိစိတ်ခြုံငုံမှတ်တမ်းတင်ရာကအလိုအလျောက်ဖြစ်လာတဲ့အပြုအမူတွေကို နေ့စဥ် လေ့လာရင်းကိုယ့်ကိုယ်ကို ပိုနားလည်လာတာပညာ ရတာပဲ။ Phyo Paing @ Derek

Self-awareness Read More »

ဒါတွေက အသိရှိလာတဲ့အခါ
ပိုသတိ ပြုမိလာမယ်။

ခန္ဓာရှိသ၍ ဒဏ်ရှာရှိမှာပဲ ဒုက္ခနဲ့ သုခ ကြားက လွတ်မြောက်မှုကိုခန္ဓာရှိနေသမျှ ရဖို့မလွယ်ဘူး။ဒုက္ခရှိတဲ့အခါ လွတ်မြောက်ချင်တယ်။သုခရှိတဲ့အခါ စွဲလမ်းမှုဖြစ်တယ်။ပျောက်ကွယ်သွားမှာကြောက်တယ်။ ဒါတွေက အသိရှိလာတဲ့အခါပိုသတိ ပြုမိလာမယ်။ ဒါဆို အရှိကိုအရှိအတိုင်းလက်ခံနိုင်လာမယ်။ Phyo Paing @ Derek

ဒါတွေက အသိရှိလာတဲ့အခါ
ပိုသတိ ပြုမိလာမယ်။
Read More »

လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့
ဓာတ်မတူကြဘူး

ကိုယ်တွေ့တဲ့သူတိုင်းက ပေးတဲ့Vibe ကိုမှတ်ထားလိုက်တယ်။ဘယ်သူ့ကိုရှောင်ရမယ်၊ဘယ်သူနဲ့ များများတွေ့ရမယ်၊ဘယ်သူနဲ့လျော့တွေ့ရမယ် ပြန်ချိန်ကြည့်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့ဓာတ်မတူကြဘူး။တချို့ အကြည်ဓာတ်၊တချို့က အပူဓာတ်၊တချို့က ပျော့ပျော့လေးနံတဲ့ ကြောင်ချီး၊တချို့က လေးလံတယ်၊တချို့ကတက်ကြွ၊တချို့ ရင်ခုန်မှုတွေနဲ့၊တချို့က လှုံခြုံမှု၊တချို့က တိုက်မယ်ခိုက်မယ်၊တချို့က အတွေးအခေါ်သစ်တွေနဲ့အဲ့လို တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ ℙ𝕙𝕪𝕠 Paing @ Derek

လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့
ဓာတ်မတူကြဘူး
Read More »

နေ့စဥ်ဘဝကို လတ်လတ်ဆတ်ဆတ်
ဖြတ်သန်း

လူတွေရဲ့ အထင်အမြင်မှာ အသက်မရှင်နဲ့။ကိုယ်ကြိုက်တာကိုယ်လုပ်။ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲအယူအဆတွေကိုမလိုက်နာရဲတဲ့ သတ္တိလိုတယ်။ လူအများနဲ့ မတူတဲ့ လမ်းကိုလျှောက်ရဲဖို့မတူတဲ့ အလုပ်ကို လုပ်ရဲဖို့က သတ္တိအကြီးကြီးလိုတယ်။ ဒီလို ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့လူတွေကို misfit လို့ခေါ်တယ်။ ဒီလို ပတ်ဝန်းကျင်ကချမှတ်ထားတဲ့ သိုးကလေးဖြစ်စေမည့် အလုပ်မဖြစ်တဲ့ စည်းကမ်းတွေကိုချိုးဖောက်ရဲတဲ့သူ misfit တွေက အပြောင်းအလဲကို အမှန်တကယ်ဖော်ဆောင်ပေးသူတွေဆိုတာကြားဖူးလိမ့်မယ်။ လောကကြီးနဲ့ အံဝင်ဂွင်ကျမဖြစ်လို့ လူတွေကိုယ့်ကို နားမလည်လို့ စိတ်မညစ်နဲ့။ လောကနဲ့ သဟဇာတမဖြစ်လဲကိုယ့်ရဲ့ နှလုံးသားက လုပ်သင့်တယ်လို့ပြောတဲ့အရာတွေကိုကိုယ်ကလုပ်ရမှာပဲ။ လူတွေက သူတို့နဲ့ မတူလို့ငါ့ကိုပြက်ရယ်ပြုကြတယ်။ ငါကလဲ သူတို့အားလုံးက အတူတူဖြစ်နေလို့ပြန်ရယ်မိတယ်ဆိုတာ ကြားဖူးလိမ့်မယ်။ မတူတာက ပြဿနာဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ Phyo Paing @ Derek

နေ့စဥ်ဘဝကို လတ်လတ်ဆတ်ဆတ်
ဖြတ်သန်း
Read More »