self-awareness

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်

လူတွေရဲ့ ပြဿနာအများစုဟာအတွေးမရှင်းရာက စတယ်။မယောင်ရာဆီလူးနေတတ်တယ်။လူအများသတ်မှတ်ထားတဲ့အောင်မြင်မှုဆိုတဲ့နောက်လိုက်ပြီးကိုယ့်ဘဝကို အနှစ်သာရအပြည့်နေဖို့ မေ့နေတတ်ကြတယ်။ အသက်ကြီးမှ နောင်တရတတ်ကြတယ်။ ပြဿနာအများစုရဲ့ အရင်းအမြစ်ကဒီ philosophical problem ပဲ။ အတွေးရှင်းဖို့ philosophy ကိုလေ့လာဖို့လိုတယ်။ Philosophy ဆိုတာ ဥာဏ်ပညာကိုချစ်မြတ်နိုးခြင်းဖြစ်တယ်။ Philosophy ကို အရှင်းဆုံးရှင်းပြရရင် ဘာကြောင့် ဒါလုပ်သလဲ။ ဒီမေးခွန်းပဲ။ ဘာကြောင့်အသက်ရှင်နေသလဲ။ဘာကြောင့် အလုပ်လုပ်နေသလဲ။ ဘာကြောင့်၊ ဘာကြောင့်၊ ဘာကြောင့်။ ဒါမသိရင် မယောင်ရာဆီလူး၊အရေးမပါတာတွေ အရာပေးနေမိတတ်တယ်။ Phyo Paing @ Derek

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်
Read More »

ဘဝဖြတ်သန်းမှု Guideline ၇ ခု

ကျွန်တော့်ရဲ့ principles ၇ ခုကတော့ ၁။ Quantity > Quality အရေအတွက်က အရည်အသွေးထက်ပိုအရေးကြီးတယ်။ အရေအတွက်များလာလေလေသေချာလေ့လာသုံးသပ်ပြုပြင် သင်ယူမယ်ဆိုအရည်အသွေးပိုကောင်းလာလေလေ။ ၂။ Trial Period ပေး တစ်ခုခုလုပ်တော့မယ်ဆို စမ်းသပ်ကြည့်ဖို့ အချိန်တစ်ခုပေး။ ဒီ phrase က Discovery လုပ်တဲ့ phrase.တစ်ခုခုကို စမ်းကြည့်ပြီး မိုက်တယ်၊ကြိုက်တယ်၊ လုပ်မယ်ဆိုမှ ဆုံးဖြတ်ချက်ချ။ ၃။ နေ့စဥ်ရဲ့ စွမ်းပကားကို အသုံးချ အပြောင်းအလဲလုပ်ချင်ရင် နေ့စဥ်ရဲ့ စွမ်းပကားကို အသုံးပြုရမယ်။တစ်ရက်တည်းနဲ့ မပြီးသွားဘူး။ဒါကြောင့် လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်အလုပ်ကို နေ့စဥ်ဘဝထဲမှာဘယ်အချိန်လုပ်မလဲ စဥ်းစားပြီးschedule လုပ်။ ၄။ ကိုယ့်အတွေးတိိုင်းကို မေးခွန်းထုတ် ကမ္ဘာပေါ်မှာ လိမ်ဖို့အလွယ်ဆုံးလူက ကိုယ်ပဲ။ ဒါကြောင့် တစ်ခုခု စဥ်းစားပြီ၊ယုံကြည်ပြီ တွေးခေါ်ပြီဆို မေးခွန်းသာထုတ်။အရင် က ဒီလိုစဥ်းစားဖူးလား။

ဘဝဖြတ်သန်းမှု Guideline ၇ ခု Read More »

Design Your Day

ကိုယ်ကအိမ်ကြီးတစ်အိမ်ဆို တစ်ရက်တာက အုတ်ခဲတွေပဲ။ ကိုယ်တည်ဆောက်ချင်တဲ့ အိမ်ပုံစံပေါ်မူတည်ပြီးအချိန်တွေကို အသုံးပြုရမှာပဲ။ကိုယ့်ဘဝရဲ့ ဗိသုကာပညာရှင်ကကိုယ်ပဲ။ တစ်ရက်၊ တစ်လ၊ တစ်နှစ်အတွင်းသိသိသာသာ ရှိချင်မှရှိလိမ့်မယ်။ငါးနှစ်၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ဆို ဘဝမှာရောက်နေတဲ့ အမြင့်တွေတစ်ယောက်နဲ့ တစ်ယောက်တူချင်မှ တူကြတော့မယ်။ ကိုယ့်ဘဝရဲ့ ဗိသုကာပညာရှင်ကိုယ့်မှာ အနာဂတ်အမြင်လိုတယ်။အနာဂတ်အမြင်က အတိတ်ရဲ့မှတ်ဥာဏ်ထက် ပို ရှင်းနေဖို့လိုတယ်။ လောကမှာ ကိုယ်ထိန်းချုပ်လို့ရတဲ့သူကကိုယ့်ကိုကိုယ် ပဲ။တစ််ရက်တစ်ရက် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဘယ်လိုသုံးမလဲသေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။ နူးညံ့တဲ့ စိတ်ခံစားမှုတွေကို ကိုယ်တွယ်ထိန်းကျောင်းနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

Design Your Day Read More »

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား

ကြုံဖူးလားတော့ မသိဘူးတချို့လူတွေထွက်ပြေးလို့ မလွယ်တဲ့ အရာက ကိုယ့်အနီးနားဆုံးက toxic ဖြစ်တဲ့ သူတွေပဲဖြစ်တယ်။ ဒါက အဖေလဲဖြစ်နိုင်သလို၊ အမေလဲဖြစ်နိုင်တယ်ဆို အံ့သြသလို ဖြစ်လိမ့်မယ်။ဒါမှ မဟုတ်အမျိုးလဲဖြစ်နိုင်သလို၊တခါတလေ ကိုယ်တိုင်လဲဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘာလုပ်လုပ် စဥ်းစား၊ စွန့်လွှတ််၊ စွန့်စား။ Phyo Paing @ Derek

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား
Read More »

တဒင်္ဂစိတ်ခံစားမှုတွေက
လူတွေကို လမ်းပျောက်စေနိုင်တယ်

တခါတလေ ကိုယ့်ဘဝမှာဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အချိန်တွေ ရှိတတ်တယ်။ ဘယ်လမ်းကို ရွေးချယ်ရမယ်ရေရေရာရာ မဖြစ်တဲ့အချိန်။ အဲ့အချိိန်မျိုးမှာ ကိုယ့်ဘဝမှာမသေခင်လုပ်ချင်တဲ့ အရေးကြီးတဲ့ dream list တွေချရေးကြည့်ကြည့်။ ဘယ်နှစ်ခုပြီးပြီလဲ၊ဘယ်နှစ်ခုကျန်နေသေးလဲ။ လမ်းကြောင်းကို အဲ့ပေါ်မူတည်ပြီးစဥ်းစားကြည့်ကြည့်။ တဒင်္ဂစိတ်ခံစားမှုတွေက လူတွေကို လမ်းပျောက်စေနိုင်တယ်။ Phyo Paing @ Derek

တဒင်္ဂစိတ်ခံစားမှုတွေက
လူတွေကို လမ်းပျောက်စေနိုင်တယ်
Read More »

ကိုယ့်ကိုကိုယ် နေ့စဉ် train နေဖို့လိုတယ်

စိတ်ဓာတ်ရေးရာ၊ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေး၊ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်။ Train မလုပ်ရင် Drain နေမယ်။ စာဖတ်တာဆိုတဲ့အစားကိုယ့်ကိုကိုယ် train တာ။အားကစားဆော့တာ အစားကိုယ့်ကိုကိုယ် train တာ။ စာသင်နေတယ်ဆိုတဲ့ စိတ်အစားကိုယ့်ရဲ့သင်ကြားမှုစွမ်းရည်ပိုမြင့်အောင် train နေတာ။Content တွေဖန်တီးပြီးလူအထင်ကြီးခံရတာထက်ကိုယ့်ရဲ့ ဆက်သွယ်မှုစွမ်းရည်မြင့်အောင်Train နေတာ။ ကိုယ့်ကိုကိုယ် မ train ရင်လောကကြီးက ပေးတဲ့အလေးတုံးကြီးတွေက ကိုယ့်အတွက် heavy ဖြစ်နေတတ်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နေ့စဉ် train နေဖို့လိုတယ် Read More »

အတွေးမရှင်းရင်
ဘဝက တိုင်ပတ်တယ်

အားတီ အားမေတို့အတွက်ကိုယ့်ကိုကိုယ် မေးဖြစ်တဲ့ မေးခွန်းတွေ အတွေးမရှင်းရင်ဘဝက တိုင်ပတ်တယ်။အတွေးရှင်းဖို့ ကိုယ့်ကိုကိုယ်သေချာ သိဖို့လိုတယ်။ ကိုယ့်ကိုကိုယ် သေချာနားမလည်ရင်တိုင်ပတ်မှုအပေါင်း သရဖူဆောင်းရတတ်တယ်။ ကိုယ်ဘယ်လိုတွေးလဲ?ဘာတွေ ယုံကြည်လဲ?ဘာဖြစ်ချင်လဲ?ဘယ်လိုအချိန်မှာ ဘယ်လိုဖြစ်တတ်လဲ?ကိုယ့်အားသာချက်က ဘာလဲ?အားနည်းချက်က ဘာလဲ?ဘာကို ကြိုက်သလဲ?ဘာကို မကြိုက်ဘူးလဲ?နေချင်တဲ့ဘဝမျိုးကဘာလဲတကယ်ကော အဲ့ပုံစံနေချင်တာလား?အပြောင်းအလဲကော ရှိနိုင်လား။ ကိုယ့်လိုချင်တာရဖို့ကိုယ့် winning formula က ဘာလဲ။ကိုယ်ဘယ်အချိန်တွေကျရင်သောက်တလွဲတွေ လုပ်ဖြစ်လဲ။ ဘယ်အချိန်စိတ်ညစ်သလဲ။ဘယ်အချိန် တက်ကြွသလဲ။ဘယ်အချိန်မှာ တုံးတိုက်တိုက်ကျားကိုက်ကိုက် လုပ်ပြီးဘယ်အချိန်မှာ လက်လျော့တတ်သလဲ။ ဘယ်လိုလူတွေကို အပေါင်းအသင်းမလုပ်ဘူးလဲ။ဘယ်လိုလူတွေနဲ့ အပေါင်းအသင်းလုပ်သင့်သလဲ။ ကိုယ်က အခု ဘယ်လိုလူမျိုးလဲအနာဂတ်မှာ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ။ ကိုယ့်ဘဝမှာ အရေးအကြီးဆုံးကဘာလဲ။အရေးမကြီးတာတွေကဘာလဲ။ဘာကို ယုံကြည်ခဲ့သလဲ။အဲ့အတွက် ဘာရလဒ်တွေ ရခဲ့သလဲ။ဘာကို မယုံကြည်ဘူးလဲ။​ အခုကော ဘယ်လိုယုံကြည်မှုမျိုးရှိထားလဲ။ဒီယုံကြည်မှုက အနာဂတ်သွားချင်တဲ့လမ်းကြောင်းကိုအထောက် အကူပြုလား။​မပြုရင်ကော ပြင်ဖို့လိုမလား။ ကိုယ့်ဘဝကို နောက်တစ်ဆင့်ရောက်အောင် ကူညီပေးခဲ့တဲ့လူတွေက ဘယ်လိုလူတွေလဲ။သူတို့ကို ဘယ်လိုတွေ့ခဲ့လဲ။ဘယ်အချက်တွေကြောင့်ကိုယ်အပြောင်းအလဲဖြစ်ခဲ့သလဲ။သူတို့မှာ တူညီတဲ့အချက်တွေဘာတွေရှိသလဲ။ဒီက

အတွေးမရှင်းရင်
ဘဝက တိုင်ပတ်တယ်
Read More »

လူတွေရဲ့ စွမ်းအားက
စိတ်ခံစားမှုကလာတယ်

ဘဝကို ခံစားတတ်မှု အရေးကြီးတယ်။ဒီခံစားမှုက အသက်ပဲ။ဒီခံစားချက်က လျို့ဝှက်ချက် the secret ပဲ။တချို့တွေပြောတဲ့ law of attraction ဆိုတာကလဲဒါပဲ။ဒါကို the feeling is the secret တဲ့။ ကိုယ့်ကိုကိုယ် feeling good ဖြစ်တဲ့အချိန်ကစပြီးဘဝတစ်ခု၊ အကျင့်တစ်ခုကအပြောင်းအလဲဖြစ်သွားတယ်။သာမာန်လူတွေစာဖတ်တဲ့အခါ ခေါင်းခြောက်တာမျိုးဖြစ်တယ်။Pro ဖြစ်သွားလို့ စာဖတ်ရင် ဦးနှောက်ကOrgasm ရောက်သလို အလင်းတွေ လင်းလက် breakthrough ဖြစ်တယ်။ တချို့တွေ အစပိုင်း gym သွားပင်ပန်းပြီး တစ်ရက်လုံးအလုပ်မလုပ်နိုင်အစားတွေ ပိုစားချင်ဖြစ်လာတဲ့အတွက်ကိုယ့်ကိုကိုယ် အပြစ်ပေးသလိုPunishment အဖြစ်ခံစားရတဲ့အတွက်ရပ်လိုက်ကြတယ်။အခြေအနေတစ်ခုရောက်လာတဲ့အခါEndorphin တို့၊ Growth-hormone အရသာတွေ တွေ့လာတော့Blessing ဆိုတာ ခံစားလာရတယ်။ Relationship မှာလဲ အစမှာဆိုမသေချာမရေရာမှု uncertainty တွေကြောင့်ရင်ခုန်မှုတွေ ဖြစ်ပြီးDopamine အတက်အကျတွေကြားရင်ခုန်မှုတွေဖြစ်တတ်ကြတယ်။အချိန်တစ်ခုရောက်လာ အရာရာ ခန့်မှန်းလို့ရလာတဲ့အခါExcitement

လူတွေရဲ့ စွမ်းအားက
စိတ်ခံစားမှုကလာတယ်
Read More »

လူတွေကို ပြဿနာပေးတာ
အတွေးအခေါ်ပဲ

မွေးကတည်းက ပေးထားချက်တွေမတူဘူး။ဒါက အရေးမကြီးဘူး။ အရေးကြီးတာ ပေးထားချက်ပေါ်မှာဘဝကို ဘယ်လိုတည်ဆောက်သွားလဲဆိုတာပဲ မဟုတ်လား။ လူတွေကို ပြဿနာပေးတာ အတွေးအခေါ်ပဲ။ အတွေးအခေါ် မရှင်းရင်ဘဝကလဲ မရှင်းဘူး။ ဘဝမှာ ဘယ်ကစလဲ အရေးသိပ်မကြီးတော့ဘူး။ ဘယ်ကို သွားမလဲဘယ်ကို ရောက်နေပြီလဲဘယ်ဆက်သွားမလဲဒါပဲ အရေးကြီးတယ်။ တစ်ခုခု ဖြစ်လာဖို့ သူများအားကိုးရမည့်အလုပ်စိတ်ကို မဝင်စားဘူး။ ကိုယ်လုပ်နိုင်တာကို ကိုယ်လုပ်ကိုယ့်ဘဝနဲ့ ကိုယ်ပဲ လို့ ခံယူထားတယ်။ လူတိုင်းက ကိုယ့်အတွက်ကိုယ်ကြည့်ပြီးမှသူများအတွက် ကြည့်ပေးနိုင်မှာပဲ။ ကိုယ်က အဆင်မပြေရင်သူများကို အဆင်ပြေအောင်ကူညီပေးဖို့ ထင်သလောက်မလွယ်နိုင်ဘူး။ ဒီနေ့လို distraction တွေကြားမှာကိုယ်သွားနေတဲ့လမ်းကြောင်းမပျောက်သွားဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

လူတွေကို ပြဿနာပေးတာ
အတွေးအခေါ်ပဲ
Read More »

ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုကလာတာများတယ်

တစ်ရက်တစ်ရက်သာကုန်သွားတယ်။မနေ့ကနဲ့ ဘာမှ မကွာခြားဘူး။ ဒါမျိုးကြုံဖူးတတ်ကြတယ်။ ဘဝရဲ့ ရင်ခုန်မှုဆိုတာ တိုးတက်မှုက လာတာများတယ်။ ဒါကြောင့် တစ်ရက်တာအတွက်မနက်အခါက တစ်ရက်တာစစ်ပွဲကိုတိုက်ဖို့ ပြင်ရမည့်အချိန်ပဲ။ လျှောက်လုပ်နေလို့ မရဘူး။ စည်းကမ်းလိုတယ်။ ကြာကြာနေမှ တစ်ခါထလုပ်တဲ့အလုပ်တွေက ဘဝကို အပြောင်းအလဲ ဖြစ်စေတာထက်စွဲစွဲမြဲမြဲ မှန်မှန်လုပ်တဲ့အလုပ်တွေကကိုယ့်ဘဝကို ပြောင်းလဲ စေတာများတယ်။ ဒီနေ့ည အိပ်ယာဝင်တဲ့အခါ မင်းဒီတစ်ရက်မှာ လုပ်တဲ့အလုပ်ထဲကဂုဏ်အယူဆုံးအရာတစ်ခုဆိုဘာများဖြစ်မလဲ ဆိုတဲ့အခါဘာများပြန်ဖြေဖြစ်မလဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရတဲ့အချိန်တွေလိုကောင်းလိုနိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုကလာတာများတယ်
Read More »