self-discipline

ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုကလာတာများတယ်

တစ်ရက်တစ်ရက်သာကုန်သွားတယ်။မနေ့ကနဲ့ ဘာမှ မကွာခြားဘူး။ ဒါမျိုးကြုံဖူးတတ်ကြတယ်။ ဘဝရဲ့ ရင်ခုန်မှုဆိုတာ တိုးတက်မှုက လာတာများတယ်။ ဒါကြောင့် တစ်ရက်တာအတွက်မနက်အခါက တစ်ရက်တာစစ်ပွဲကိုတိုက်ဖို့ ပြင်ရမည့်အချိန်ပဲ။ လျှောက်လုပ်နေလို့ မရဘူး။ စည်းကမ်းလိုတယ်။ ကြာကြာနေမှ တစ်ခါထလုပ်တဲ့အလုပ်တွေက ဘဝကို အပြောင်းအလဲ ဖြစ်စေတာထက်စွဲစွဲမြဲမြဲ မှန်မှန်လုပ်တဲ့အလုပ်တွေကကိုယ့်ဘဝကို ပြောင်းလဲ စေတာများတယ်။ ဒီနေ့ည အိပ်ယာဝင်တဲ့အခါ မင်းဒီတစ်ရက်မှာ လုပ်တဲ့အလုပ်ထဲကဂုဏ်အယူဆုံးအရာတစ်ခုဆိုဘာများဖြစ်မလဲ ဆိုတဲ့အခါဘာများပြန်ဖြေဖြစ်မလဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရတဲ့အချိန်တွေလိုကောင်းလိုနိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုကလာတာများတယ်
Read More »

ကံကို control လုပ်လို့မရဘူး

Law of attraction သာတကယ်အလုပ်ဖြစ်စဥ်းစားစိတ်ကူးလိုက်တိုင်းဖြစ်နေရင် နိုင်ငံ့အသင်းတိုင်းကမ္ဘာ့ဖလားရနေပြီ။ လိုချင်တာတစ်ခုရဖို့ဆုတောင်းတိုင်းသာဖြစ်နေရင်အလုပ်လုပ်စရာမလိုတော့ဘူး။Dreams Don’t Work Unless You Do ဆိုတာအလကားထားတာမှ မဟုတ်တာ။ ကံကို control လုပ်လို့မရဘူး။အလုပ်ကို control လုပ်လို့ရတယ်။လိုချင်တာတစ်ခုရှိရင်သေချာစဥ်းစားပြီးစည်းကမ်းရှိရှိနဲ့ အလုပ်လုပ်ရမှာကိုယ့်တာဝန်ပဲ။ Phyo Paing @ Derek

ကံကို control လုပ်လို့မရဘူး Read More »

ကိုယ့်ကိုကိုယ် respect မရှိရင်
ကျန်တာလုပ်ဖို့ ခက်တယ်။

မထချင်လဲ ကုန်ရုန်းထရတဲ့နေ့တွေအများကြီးရှိမယ်။အဓိက ကတော့ ကိုယ့်ကိုကိုယ်ကတိပေးထားတဲ့ self-discipline ပဲ။ Discipline is destiny ဆိုလဲ မမှားဘူး။ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းကိုယ်မလိုက်နာရင် ကိုယ့်ကိုကိုယ်respect ရှိမှာမဟုတ်ဘူး။ကိုယ့်ကိုကိုယ် respect မရှိရင်ကျန်တာလုပ်ဖို့ ခက်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် respect မရှိရင်
ကျန်တာလုပ်ဖို့ ခက်တယ်။
Read More »

လဲပြို မသွားဖို့ Structure လိုတယ်

အခုချိန် ပြည်တွင်းမှာရှိနေတဲ့သူတွေအများစုဟာ Stress ဒဏ်ကို အနည်းနဲ့ အများခံကြရတယ်လို့ယူဆတယ်။ တိုးမြင့်လာတဲ့ ဒေါ်လာ၊ ဘတ်၊ ယွမ်နဲ့ကျဆင်းလာတဲ့ ငွေစျေးနှုန်း။ ရောင်းရမလား၊ ရပ်ထားရမလားအပြင်ခိုးဆိုးလုယှက်မှုတွေနဲ့ လုပ်ငန်းအရေး၊ သားသမီးရေးအရဒီမှာပဲ ဆက်နေရမလား၊ ပြောင်းရမလား စဥ်းစားရင်းဒီမှာက အခြေကျနေပြီးနေရာတစ်ခုမှာ ဘဝအသစ်စတယ်ဆိုတာအချိန်တစ်ခု ပေးရတာဖြစ်တဲ့အတွက်တွန့်ဆုတ်နေရတာမျိုးတွေလဲဖြစ်နိုင်တယ်။ ဒီလို ပြဿနာတွေကြားမှာ စိတ်ခံစားမှုတွေနောက်ပဲလိုက်နေ့စဥ် ဘူနေတာကို ကျော်လွှားနိုင်ဖို့နေ့စဥ် reset လုပ်တာ ထိရောက်မှုတစ်ခုတော့ ရှိတယ်လို့ မြင်တယ်။ အများစုက ညနေမှာ ဝိုင်လေးသောက်၊သူငယ်ချင်းတွေနဲ့ တွေ့ပြီးreset လုပ်ကြတယ်။ နောက်ပြီးမနက်ထတိုင်း တရားထိုင်တာဒါက reset လုပ်တာပဲ။ စာအုပ်ဖတ်၊ လေ့ကျင့်ခန်းလုပ်တာreset လုပ်တာပဲ။ ဒီနေ့ တစ်နေ့တော့ပြီးသွားပြီjournaling လုပ် ပြန်သုံးသပ်တာ reset လုပ်တာပဲ။ ဒီလို reset လုပ်ဖို့ structure လိုတယ်။ဘဝမှာ structure

လဲပြို မသွားဖို့ Structure လိုတယ် Read More »

Discipline is Destiny ဆိုတာ

စိတ်ပါပါ မပါပါ လုပ်သင့်တာကိုနေ့စဉ် လုပ်နေတာ စည်းကမ်းပဲ။အလုပ်စည်းကမ်း ကျင့်ဝတ်လိုတယ်။​အချောင်ရတိုင်း အချောင်ခိုရင်ကိုယ်ပါ ငပျင်းဖြစ်သွားမယ်။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ​တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့strong work ethic ရှိဖို့လိုတယ်။ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ရမယ်။စိတ်မပါလို့၊ အသည်းကွဲလို့၊စိတ်ညစ်လို့၊ အာရုံမလာလို့ဆိုပြီးမလုပ်လို့ မရဘူး။Discipline အရေးကြီးတယ်။Discipline is Destiny ဆိုတာဒါကို ဆိုတာ။ Phyo Paing @ Derek

Discipline is Destiny ဆိုတာ Read More »

လူတိုင်းရဲ့ winning strategy မတူဘူး။

ဒါကြောင့် လူတိုင်းရဲ့အကြံဥာဏ်ကို ယူလို့မရဘူး။ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပြီးကိုယ်လိုချင်တာက ဘာ။မလိုချင်တာက ဘာ။ကိုယ်ဘာတွေကို လုပ်ရမယ်။ဘာတွေကို ရှောင်ရမယ်။ ကိုယ်သွားရမည့်လမ်းကြောင်းက ဘာ။ ဒါတွေကို သေချာသိရင် စည်းကမ်းလိုတယ်။ မလုပ်သင့်တာကို မလုပ်မိဖို့။ အရင်လုပ်ခဲ့မိရင်တောင် ရှောင်ဖို့။ စိတ်အလိုကို မလိုက်မိဖို့လိုတယ်။ ကိုယ်သွားနေတဲ့ လမ်းကြောင်းမှန်လား။ လွဲနေလား ဒါကို သိဖို့ နေ့စဥ် ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်တိုင်းတာမှု ပြုလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

လူတိုင်းရဲ့ winning strategy မတူဘူး။ Read More »

Self-discipline လိုတယ်။

နှစ်နှစ်လောက် ပါးစပ်စည်းကမ်းမရှိစားချင်တာစားသောက်ချင်တာ သောက် လိုက်တာပေါင် ၁၉၀ ကျော်သွားတယ်။စိတ်ပါမှ စာဖတ်တော့ တစ်လနှစ်အုပ်လောက်ပဲ ဖတ်ဖြစ်ခဲ့တယ်။စိတ်ပါမှ ချစ်တဲ့သူတွေကို ဂရုစိုက်တော့ ဂရုစိုက်ဖို့မေ့ပြီးတဖြေးဖြေးဝေးသွားတတ်တယ်။ ဘဝဆိုတာ စိတ်ပါပါ မပါပါတချို့အရာတွေက စည်းကမ်းရှိဖို့လိုတယ်။Self-discipline လိုတယ်။ Phyo Paing @ Derek

Self-discipline လိုတယ်။ Read More »

စည်းကမ်းရှိဖို့လိုတယ်။

ငယ်ငယ်က မနက် ၅ နာရီဆိုထ၅ ခွဲဆို ဖယောင်းတိုင်လေးကိုင်တရုတ်ကျောင်းသွားရတယ်။ ၈ နာရီကျောင်းဆင်းရင်အပြေးအလွှားမြန်မာကျောင်းကူးရပြန်တယ်။ လေးတန်းလောက်ရောက်တော့အဖေလဲမရှိတော့တဲ့အခါ ကိုယ့်ကို ဘေးကကြည့်ပေးတဲ့သူမရှိတော့ကျောင်းပြေးပြီး လုပ်ချင်တာလုပ်တယ်။ ဒါ ၈ တန်းရောက်တဲ့အထိပဲ။ ၉ တန်းဘော်ဒါဆောင်ရောက်သွားတော့စာကျက််ချိန်စာကျက်ရတဲ့စည်းကမ်းနဲ့ သွားရတယ်။ နောက်ပိုင်း ဘဝမှာ သတိထားမိလာတာကိုယ့်ဘဝ တည့်တည့်မှတ်မှတ်တိုးတက်နေဖို့ ဘယ်လိုအခြေအနေဖြစ်ဖြစ်စည်းကမ်းရှိဖို့လိုတယ်။ နေ့တိုင်း စာဖတ်မယ်ဆိုတဲ့ စည်းကမ်း။နေ့တိုင်း ဘာတွေလုပ်မယ်၊ဘာတွေ မလုပ်ဘူးဆိုတဲ့ စည်းကမ်း။ကိုယ့်စည်းကမ်းကိုယ်ထုတ် ကိုယ်တိုင် လိုက်နာဖို့လိုတယ်။ ကိုယ်တိုင်ကျ စည်းကမ်းမရှိပဲသူများကို ဝေဖန်နေတာ ဥာဏ်နည်းရာ ကျနိုင်တယ်။ Phyo Paing @ Derek

စည်းကမ်းရှိဖို့လိုတယ်။ Read More »

self-discipline ရှိဖို့လိုတယ်။

မတ်တပ်ရပ်တာကြာသွားရင်ထိုင်လိုက်တဲ့အခါ အရသာရှိတယ်။ ဘဝမှာလဲ အလားတူပဲ။ သေချာ ကောင်းကောင်းကိုယ့်ဘဝကိုtrain ရင် သာမာန်အချိန်မှာလဲဘဝက နေပျော်နေမယ်။ Easy life မှာ ဖြစ်သလိုနေ၊ဖြစ်သလိုစား၊ လေ့ကျင့်ခန်းမလုပ်၊စာမဖတ်၊ self-discipline မရှိ၊စိတ်အလိုအတိုင်းထက်အလွန်လိုက်ပြီးသေးသေးတောတော သာယာမှုတွေနောက်တစ်ကောက်ကောက်လိုက်နေသမျှခပ်ကြီးကြီး ပျော်ရွင်မှုတွေ ရဖို့မလွယ်ဘူး။ ဒီအတိုင်းအပေါက်များတာ မြက်ပင်ပဲရှိတယ်။ Self-discipline က အင်မတန်အရေးကြီးတဲ့စကားလုံးပဲ။ ခဏတဖြုတ် motivation လောက်နဲ့နယ်ပယ်တစ်ခုမှာ mastery မဖြစ်နိုင်ဘူး။self-discipline လိုတယ်။ Phyo Paing @ Derek

self-discipline ရှိဖို့လိုတယ်။ Read More »