သင့်ရဲ့ဘ၀ကို သိသိသာသာ တိုးတက်စေမယ့် အလေ့အကျင့်(၇)ခု
နေ့စဉ်ဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့အမူအကျင့်တွေကို သေချာလေ့လာဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့ဆိုလဲတော့ များသောအားဖြင့် ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေဟာ ကျွန်တော်တို့ဘ၀ကို ပုံဖော်သွားတတ်လို့ပါပဲ။ အလေ့အကျင့်ကောင်းတွေ ပြုစုပျိုးထောင်ခြင်းက သင့်ကို မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ အဲ့ဒီအလေ့အကျင့်ကောင်းတွေက သင့်ကို ပိုမိုပြီးပြည့်စုံတဲ့ဘဝတွေကိုရရှိဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်က အလေ့အကျင့်ကောင်း (၇)ခုကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ၁။ သင့်ရဲ့ဘ၀ကို ဆုတ်ယုတ်စေမယ့် သူတွေနဲ့ ဝေးဝေးမှာနေပါ။ အမြဲတမ်း စိတ်ညစ်စရာတွေတွေးပြီး၊ မပျော်မရွှင်နှင့် သူတစ်ပါးကို ဘယ်တော့မှ အကောင်းမမြင်နိုင်တဲ့သူတွေနဲ့ နီးနီးမှာနေခြင်းဟာ သင့်ကို အဆိပ်အတောက်ဖြစ်စေတဲ့ လူတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်ဝေးဝေးမှာနေပါ။ သင့်ဘ၀ကို အမှန်တကယ် လမ်းပြပေးနိုင်မည့် အပေါင်းအသင်းကို ရှာဖွေပေါင်းသင်းပါ။ သူတို့ဟာ သင့်ကိုအနှောင့်အယှက်ပေးမယ့်သူ တော်တော်များများရဲ့ရန်ကနေ အကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ၂။ အိပ်ယာ၀င်ချိန်တွင် ကွန်ပျူတာတွေ၊ ဖုန်းတွေကို သင့်ရဲ့အိပ်ယာဘေးမှာမထားပါနှင့်။ဒါဟာအရေးကြီးပါတယ်။ […]
သင့်ရဲ့ဘ၀ကို သိသိသာသာ တိုးတက်စေမယ့် အလေ့အကျင့်(၇)ခု Read More »