အလုပ်ပြီးချိန် ညခင်းတွေမှာ မင်းဘာလုပ်လဲဆိုတာက မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်။ တစ်နေ့ကို တစ်နာရီလောက် ဒါတွေလုပ်ဖို့ အချိန်ပေးလိုက်ပါ။ မင်းဘဝပြောင်းလဲပါလိမ့်မယ်။
မင်းရဲ့ အလုပ်ချိန် ညနေ 6 နာရီမှာ ပြီးပြီးတော့ မင်းက ည သန်းခေါင် 12 နာရီမှ အိပ်ရာဝင်တယ်ဆိုပါစို့။ ဒီကြားထဲက 6 နာရီကို မင်းဘယ်လို အသုံးချပါသလဲ?TV ကြည့်တာလား?တကယ်တော့ ဒီအချိန်ကို မင်းဘယ်လိုအသုံးချတယ်ဆိုတာက မင်းထင်တာထက် ပိုအရေးကြီးပါတယ်။ လူတော်တော်များများထင်နေတာက ကျွန်တော်တို့ career ကို တိုးတတ်ဖို့ အလုပ်ချိန်အတွင်းမှာ ကျွန်တော်တို့ ကြိုးစားအားထုတ်ရမယ်လို့ပဲ ထင်နေကြတယ်။ကျွန်တော်တို့ အနာဂတ်နဲ့ အလုပ်အကိုင်တွေဟာ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ ခေါင်းဆောင်အပေါ်ပဲ မူတည်နေတယ်လို့ ထင်နေကြတယ်။တကယ်လို့ မင်း ကိုယ့်ကိုယ်ကို ဘဝမှာ တိုးတတ်မှုမတွေ့ဘူးဆိုရင်တော့ မင်းရဲ့ အလုပ်နဲ့ မင်းရဲ့ အလုပ်ရှင်တွေကို မင်းအပေါ် မြေတောင်မြှောက်မပေးလို့ဆိုပြီး အပြစ်တင်လို့မရပါဘူး။ကိုယ့်ကိုယ်ကို တိုးတတ်အောင် ပျိုးထောင်ဖို့ဆိုတာ မင်းရဲ့ တာဝန်ပါ။ မင်းဟာ […]