April 2019

Marketing ဆိုတာ

မားကတ်တင်းမှာ အရေးကြီးတာ မဟာဗျူဟာလို့ထင်ကြတယ်။ မှန်တယ်။ သူ့ထက်ပိုအရေးကြီးတာ ဦးဆောင်တဲ့သူရဲ့ Marketing aggressiveness ဖြစ်တယ်။ Marketing ဆိုတာ ကြော်ငြာတာ တစ်ခုတည်းကိုပဲ မဆိုလိုဘူး။ Customer-centric ဖြစ်တာ။တနည်း ဖောက်သည်အပေါ်ထားတဲ့ စေတနာ၊ ဝါသနာ၊ ကိုယ်ချင်းစာစိတ် ဒီသုံးခုက customer-centric ဖြစ်မှထားနိုင်တာ။Product-centric တို့ Profit-centric တို့ လုပ်နိုင်မှာမဟုတ်ဘူး။ ဖောက်သည်တွေကို ချစ်ပါ။ ချစ်ရင် အပြစ်မမြင်တော့ဘူး။ ဖောက်သည်တွေကို မချစ်တာကြာရင်၊ ဖောက်သည်တွေကလည်း သင့်ကိုမချစ်တော့ဘူး။သင့်ထက်ပိုချက်တဲ့နေရာကို သွားမယ်။Profit ဆိုတာ ရလဒ်တွေကိုပြနေတယ်။ Don’t fall in love with your products.Fall in love with your customers. တဲ့။ If you agree, comment […]

Marketing ဆိုတာ Read More »

Limiting Belief

ကန့်သတ်တွေးလို့ခေါ်တဲ့ limiting belief တွေဟာ လူတွေရဲ့ အစွမ်းအစကို ကျစေတယ်။ ဥပမာ လူတစ်ယောက်က ငါကတော့ နိုင်ငံခြားမှာ ကျောင်းမတတ်ဖူးလို့မအောင်မြင်နိုင်ဘူးတို့၊ ငါကတော့ နိုင်ငံခြားမှာ အလုပ်မလုပ်ဖူးတဲ့အတွက် မအောင်မြင်နိုင်ဘူးတို့၊ ငါကတော့ဘယ်နိုင်ငံမှာနေလို့ မအောင်မြင်နိုင်ဘူးတို့လို အတွေးတွေဟာ ကန့်သတ်တွေးတွေဖြစ်တယ်။ ဒီအတွေးတွေက လူတွေရဲ့ အနာဂတ်ကို ပိတ်စေတယ်။ Jews တွေကြားထဲနေတဲ့ Arab ဖြစ်တဲ့ Nas လဲ Nas Daily နဲ့ အောင်မြင်တာပဲ။ English စကားမတတ်တဲ့ Lei Jun လည်း Xiaomi နဲ့အောင်မြင်အောင်လုပ်နိုင်တာပဲ။ Malaysia Rapper Namewee တောင် တရုတ်ဘာသာနဲ့ သီချင်းဆိုပြီး အရှေ့တောင်အာရှမှာ အောင်မြင်နိုင်သေးတယ်။ နေရာတစ်ခုတည်းကြောင့် အစွမ်းအစ မထွက်ဘူးဆိုတာ Internet ခေတ်မှာ မမှန်ဘူးလို့မြင်တယ်။

Limiting Belief Read More »

Business Plan တစ်ခုရေးဆွဲကြမယ်။

Business Plan ဆိုတာ ကိုယ့်လုပ်ငန်းအတွက် အနာဂတ်အစီအစဉ်များကို ချရေးထားသည့် စာရွက်ဖြစ်သည်။ လုပ်ငန်းပိုင်ဆိုင်မှု၊ စျေးကွက်အကြောင်း၊ ဝန်းထမ်းရေးရာ၊ သွားချင်သည့်လမ်းကြောင်း၊ စျေးကွက်ဖော်ဆောင်မှုအကြောင်း၊ ငွေကြေးအကြောင်းအစရှိသည်တို့ပါဝင်သည်။ Business Plan ဘာကြောင့်ရေးကြသလဲ? ရင်းနှီးမြုပ်နှံမှုရချင်လို့ချေးငွေရချင်လို့ ကိုယ့်လုပ်ငန်းသွားမည့်လမ်းကြောင်းကို စနစ်တကျရေးသားထားဖို့ Business Plan တစ်ခုရေးရင် ဘာတွေအဓိကပါဝင်ရမလဲ? -လုပ်ငန်းအကြောင်း အကြမ်းဖျင်းရေးသားမှု Executive Summary – ရင်းနှီးမြုပ်နှံသူအများစုသည် ဒီအပိုင်းကို အဓိကဖတ်ပြီးမှ ကျန်သည့်အပိုင်းကို ဆက်ဖတ်သည်။ -လုပ်ငန်းအနေဖြင့် အဓိကဖြေရှင်းနေသည့်ပြဿနာ နှင့် လုပ်ငန်းအတွက် အဓိကအောင်မြင်စေမည့် Critical Success Factor (CSF) ကိုရေးရပါသည်။ -ကိုယ့်လုပ်ငန်း၏ Vision, Mission နှင့် Core Values တို့ကို ချရေးပါ။ လုပ်ငန်းပိုင်ဆိုင်မှု အကြောင်း Company Limited

Business Plan တစ်ခုရေးဆွဲကြမယ်။ Read More »

အောင်မြင်မှု နှင့် ပျော်ရွှင်မှု

လိုချင်တာကို ရအောင်လုပ်နိုင်ရင် အောင်မြင်မှုရနိုင်တယ်။ စွန့်လွှတ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို လုပ်နိုင်ရင်တော့ ပျော်ရွှင်မှုရနိုင်မယ်။ Phyo Paing @ Derek

အောင်မြင်မှု နှင့် ပျော်ရွှင်မှု Read More »

Social Capital

အရင်းအနှီးတွေထဲမှာ Social Capital မိတ်ဆွေအရင်းအနှီးဆိုတာ အင်မတန် အဖိုးတန်ပါတယ်။ သင့်မိတ်ဆွေတွေကို တန်ဖိုးထားပါ။ Phyo Paing @ Derek

Social Capital Read More »