April 2020

ဘဝအတွက် philosophy ၁၄ခု

1. အရာရာပိုကောင်းဖို့ဖြစ်လာတာပါ။လိုချင်တာမရရင် ပိုကောင်းတာရလိမ့်မယ်။ 2. ဘဝဆိုတာ  စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာတစ်ခုပါ။စမ်းသပ်မှု မအောင်မြင်ရင် ပြန်သုံးသပ်ပြီး ထပ်စမ်းကြည့်ပါ။အောင်မြင်ရင် နောက်စမ်းသပ်မှုတစ်ခုနဲ့ ရှေ့ဆက်ပါ။ 3. ကိုယ့်အကြောင်းကိုသိဖို့လိုတယ်။ဒါမှ ကိုယ်ဘယ်လိုဘဝမျိုး နေထိုင်ချင်လဲဆိုတာ design လုပ်လို့ရမှာ။ 4. တခြားသူတွေအပေါ် မျှော်လင့်ချက်အများကြီးမထားပါနဲ့။သင်နာကျင်ရလိမ့်မယ်။ 5. အတိတ်ကို တမ်းတနေသမျှ ပိုကောင်းတဲ့အနာဂတ်တွေဖန်တီးဖို့မလွယ်ဘူး။ Your vision has to be stronger than your memory. သင့်အနာဂတ်အမြင်သည် အတိတ်ထက် ပိုရှင်းနေဖို့လိုတယ်။ 6. အရာရာပြီးပြည့်စုံဖို့ မကြိုးစားပါနဲ့။Progress က Perfect ထက်ပိုအရေးကြီးတယ်။ 7. လောကကြီးက သင့်ကို ဘယ်လို treatလုပ်တယ်ဆိုတာထက်၊သင်ကလူတွေနဲ့ လောကကြီးကို ဘယ်လိုတုံ့ပြန်လဲဆိုတာ ပိုအရေးကြီးတယ်။လူသားတိုင်းရထားတဲ့ လွတ်လပ်မှုက Freedom to response ပဲ။ […]

ဘဝအတွက် philosophy ၁၄ခု Read More »

အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။

ဘာမှမလုပ်ဘဲ ပင်ပန်းဖူးလား?အလုပ်အရမ်းလုပ်ရပေမယ့်မပင်ပန်းဘဲ အားအင်အပြည့်ဖြစ်နေတာ ကြုံဖူးလား?အတွေးတွေက ENERGY DRAIN ဖြစ်စေနိုင်သလိုGAINလဲဖြစ်စေနိုင်တယ်။ Phyo Paing @ Derek

အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။ Read More »

Stress Test

သင်လုပ်ခဲ့ဖူးတဲ့အမှားတစ်ခုကို ယူကြုံးမရဖြစ်နေပါသလား?သင့်ကိုတခြားသူတွေက ဟားတိုက်နေမှာ အသုံးမကျဘူးလို့ထင်မှာအထင်သေးမှာ ကြောက်နေပါသလား? လူတွေက တပါးသူတွေရဲ့ အထင်အမြင်မှာအထပ်ထပ်အခါခါ ကျဆုံးတယ်။ ကိုယ့်ကိုကိုယ်ချစ်ပါ။ခွင့်လွှတ်ပါ။မတူညီတဲ့ နောက်ကမ္ဘာတစ်ခုမှာနေထိုင်ဖို့ ရူးသွပ်မှုတစ်ခုရှာဖွေပါ။ပုံပြင်သစ် တစ်ပုဒ်ဖန်တီးပါ။ Phyo Paing @ Derek

Stress Test Read More »

ဘဝမှာ အရေးကြီးတဲ့ အချက်၉ချက်က

ကိုယ့်ကိုကိုယ် သေချာနားလည်ဖို့ ကျေးဇူးတင်တတ်တဲ့ စိတ်နဲ့နေဖို့ နေ့စဥ်တိုးတက်နေဖို့ နေ့စဉ် Higher level of consciousness ကို ထိတွေ့နိုင်ဖို့ ကိုယ်ပြောတာနားလည်တဲ့သူတွေနဲ့ ဝန်းရံနေဖို့ လူတွေကို မေတ္တာထားတတ်ဖို့ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေအတွက် ဝင်ငွေရှိနေဖို့ ကျန်းမာနေဖို့ ကိုယ်သိထားတာကို ပြန်လည်မျှဝေပေးဖို့ Phyo Paing @ Derek

ဘဝမှာ အရေးကြီးတဲ့ အချက်၉ချက်က Read More »

တချို့အချိန်တွေမှာ

တချို့အချိန်တွေမှာအရှုံးအနည်းဆုံးနဲ့ ရပ်တာဟာအကောင်းဆုံးနဲ့ နောက်တကျော့ပြန်စဖို့ ခြေလှမ်းဖြစ်နိုင်ပါတယ်။ Phyo Paing @ Derek

တချို့အချိန်တွေမှာ Read More »