June 2020

ဒဿန

ငယ်ငယ်က အိမ်မှာ အဖေကဒီလို ဒဿနတွေ ကတ်ထားလေ့ရှိတယ်။ ကျွန်တော်လဲ တော်တော်သဘောကျတယ်။ ဒဿနတွေက ကျွန်တော့်ဘဝ အစိတ်အပိုင်းအချို့ကို လွမ်းမိုးတယ်။ ဥပမာ “ဆယ်တန်း ဆန်းတယ်သတိထားကြိုးစား” ဆိုတာနဲ့ Motivation ယူပြီး ဆယ်တန်းကို အနိုင်ယူခဲ့တယ်။ ဝေဖန်မှုတွေကြားရတိုင်း“ဘေးလူစကား နားထောင်ငြားကသွားမည့်အရေးတစ်လှမ်းနှေး၏”ဆိုတာမျိုးနဲ့ အလုပ်တွေကို စတင်ခဲ့တယ်။ English စာလေ့လာတော့လဲ အခြေခံတွေကို“နှစ်လရာသီ in ကိုမှီ၊ နာရီနေ့ည at ကိုရ”ဆိုတဲ့ အတိုကောက်တွေအရမ်းအသုံးဝင်တယ်။ ဒီတော့ ဒဿနကို အတိုချုံးချင်ခဲ့တယ်။ ဒီနောက်ပိုင်းမှာ Entrepreneurship နဲ့ Marketing အပြင်Philosophy, History နဲ့ Psychology အပိုင်းတွေတော်တော်လေးဖတ်ဖြစ်တယ်။ ဘဝဆိုတာ အကန့်လေးတွေမှာပါတဲ့အကြောင်းအရာတွေကိုဒဿနတိုတွေ ထုတ်လုပ်ချင်တယ်။ကိုယ်တွေးထားတဲ့ အတွေးကို condense လုပ်ပြီးစာတစ်စုနဲ့ ပေးချက်တဲ့ message ရောက်အောင်သွားချင်တယ်။ ဒါနဲ့ 2016 […]

ဒဿန Read More »

အပြစ်မတင်ပါနဲ့။

ပြဿနာဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဆိုတာမရှိဘူး။ ပြဿနာဖြစ်နေတဲ့လုပ်ငန်းရှင်ပဲရှိတယ်။ ဘယ်လောက် growth rate နည်းတဲ့ industry မှာပဲဖြစ်ဖြစ် အဆင်ပြေနေတဲ့ လုပ်ငန်းတွေရှိတယ်။ အစိုးရနဲ့လဲမဆိုင်ဘူး။ ဖောက်သည်နဲ့လဲမဆိုင်ဘူး။ အဓိက လုပ်ငန်းကို ဦးစီးတဲ့သူနဲ့ပဲဆိုင်တယ်။ ဦးစီးတဲ့သူတွေအနေနဲ့ လုပ်ငန်းကကိုယ့်ထက်ကြီးတယ်လို့ထင်မိတာဟာ ပထမအမှားပါပဲ။ လုပ်ငန်းတစ်ခုဟာ သူ့ကိုဦးဆောင်တဲ့သူ ပုံစံအတိုင်းပဲထွက်ပါတယ်။ နည်းလမ်းတစ်ခုအလုပ်မဖြစ်ရင် အလုပ်ဖြစ်တဲ့နည်းလမ်းကို ရှာရမှာ လုပ်ငန်းကို ဦးဆောင်သူရဲ့အလုပ်ဖြစ်ပါတယ်။ လိုလျင်ကြံဆနည်းလမ်းပါ။ အမေရိကန် ကုမ္ပဏီတွေက Mobile မှာ Android နဲ့ iOS ကိုဖန်တီးပြီး တစ်ကမ္ဘာလုံးကို လွမ်းမိုးထားတယ်။ တရုတ် Tencent က Wechat မှာ miniprogram ထွင်ပြီး webapp နဲ့ ထိန်းချုပ်မှုကို bypass လုပ်သွားတယ်။ မဖြစ်နိုင်ဘူး။ အနိုင်ကျင့်တယ် ထိုင်ငြီးနေရင် နားငြီးတာပဲအဖတ်တင်မယ်။ အောင်မြင်မှုဆိုတာ

အပြစ်မတင်ပါနဲ့။ Read More »

သူများလုပ်နေတာကို အာရုံစိုက်ဝေဖန်နေလား?

တချို့လူတွေက တစ်လတစ်လပြန်တွေ့ရင်တောင် မမှတ်မိလောက်အောင် တိုးတက်လာကြတယ်။ တချို့လူတွေက ဒုံးရင်းဒုံးရင်းဘဲ။ ဘာကွာသလဲဆိုရင် သုများလုပ်နေတာကို အာရုံစိုက် ဝေဖန်နေသလား၊ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို တစ်စိုက်မတ်မတ် သွားနေလား ကွာပါတယ်။

သူများလုပ်နေတာကို အာရုံစိုက်ဝေဖန်နေလား? Read More »

Business Plan ဘာကြောင့်ရေးသလဲ?

၁။ ရင်းနှီးမြုပ်နှံမှုရချင်လို့ ၂။ ၀န်ထမ်းတွေကို ချပြဖို့ ၃။ ကိုယ့်လုပ်ငန်းအခြေအနေကို သုံးသပ်ဖို့ ၄။ Distribution သို့ ပါတနာယူဖို့

Business Plan ဘာကြောင့်ရေးသလဲ? Read More »

ကြောငြာရေးနည်း POS

၁။ Problems ( ဖောက်သည်တွေ့ကြုံနေတဲ့ ပြဿနာတွေကို ဖော်ပြပါ) ၂။ Objections ( ကုန်ပစ္စည်း၀ယ်ရင် မေးတဲ့မေးခွန်းတွေကို ကြိုတင်ဖြေကြားထားပါ) ၃။ Solution ( ကိုယ့်ကုန်ပစ္စည်းကပေးမည့် ဖြေရှင်းချက်တွေကို ပြောပြရောင်းချပါ)

ကြောငြာရေးနည်း POS Read More »

ဈေးကွက်မှာ အောင်မြင်ရေးနည်းလမ်း ၄ ခု

၁။ ဈေးအနည်းဆုံးနည်းလမ်း ၂။ တမူထူးနည်းလမ်း ၃။ နယ်ပယ်တစ်ခုမှာ နာမည်အရဆုံးနည်းလမ်း (ဥပမာ Dentist ခံတွင်းပစ္စည်း) ၄။ နေရာတကာမှာ အလွယ်တကူရအောင် လုပ်ခြင်းနည်းလမ်း (ဥပမာ Coca Cola)

ဈေးကွက်မှာ အောင်မြင်ရေးနည်းလမ်း ၄ ခု Read More »

SME လုပ်ငန်းရှင်များအတွက်

လုပ်ငန်းစနစ်ချဖို့ ချရေးထားတဲ့ ၁။ ရေရှည်ရည်မှန်းချက် Vision ရှိရမယ်။ ၂။ တန်ဖိုးထားမှု Core Values ရှိရမယ်။ ၃။ ဘာကြောင့် ဒီလုပ်ငန်းရှိနေသလဲ Mission ရှိရမယ်။ ၄။ Organizational structure ရှိရမယ်။ ၅။ အလုပ်ခန့်စာ Employee contract ရှိရမယ်။

SME လုပ်ငန်းရှင်များအတွက် Read More »

ကုန်ပစ္စည်းတစ်ခု၀ယ်ဖို့ ဘာတွေလိုမလဲ?

1. Know ကိုယ့်ကုန်ပစ္စည်းကို သိရမယ်။ 2. Like သဘောကျမယ်။ 3. Trust ယုံကြည်မယ်။ 4. Try စမ်းသုံးကြည့်ဖူးမယ်။ 5. Buy ဒါဆိုရင်၀ယ်ပါပြီ။ Phyo Paing @ Derek

ကုန်ပစ္စည်းတစ်ခု၀ယ်ဖို့ ဘာတွေလိုမလဲ? Read More »

သေချာရွေးချယ်ပါ။

ပထမဆုံးခန့်တဲ့ ၀န်ထမ်းကို အရမ်းဂရုစိုက်ပါ။ နောက်၀န်ထမ်းတွေက အရှေ့လူကိုကြည့်ပြီး ပြုမူတတ်ကြတဲ့အတွက် Culture ကောင်းဖို့ ပထမဦးဆုံး၀န်ထမ်းကို သေချာရွေးချယ်ပါ။

သေချာရွေးချယ်ပါ။ Read More »

ကိုယ့်ကုန်ပစ္စည်း ဘယ်အရွယ်ရောက်ပြီလဲ သိဖို့လိုပါတယ်။

လူတွေလိုပဲ ကုန်ပစ္စည်းတိုင်းမှာ ၁။ သားန္ဓေတည်ချိန် R & D ၂။ မွေးဖွားချိန် Introduction ၃။ ကြီးထွားချိန် Growth ၄။ အရွယ်ရောက်ချိန် Maturity ၅။ အိုမင်းရင့်ရော်ချိန် Decline ၆။ သေဆုံးချိန် Death ရှိတဲ့အတွက် ကိုယ့်ကုန်ပစ္စည်း ဘယ်အရွယ် ရောက်ပြီလဲသိဖို့လိုပါတယ်။ Phyo Paing @ Derek

ကိုယ့်ကုန်ပစ္စည်း ဘယ်အရွယ်ရောက်ပြီလဲ သိဖို့လိုပါတယ်။ Read More »