September 2020

ကိုယ့်လုပ်ငန်းအတွက် Brand Story ရှိပြီလား?

ကိုယ့်လုပ်ငန်းအတွက် Brand Story ရှိပြီလား? ဒီနေ့ခေတ်လုပ်ငန်းမှာအောင်မြင်ဖို့အတွက် လူတွေကိုယ့်အမှတ်တံဆိပ်ကို မှတ်မိဖို့အရေးကြီးပါတယ်။ ဒီလိုမှတ်မိပြီး ရင်ထဲစွဲနေဖို့ဆိုရင် Digital Story-telling အရေးကြီးပါတယ်။ ဒီလို Social Media ကနေ ကိုယ့် အမှတ်တံဆိပ်အကြောင်းပြောပြဖို့ Brand Story လိုပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်ကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေကို နိုင်ငံတကာကမ္ဘာကြီးတွေနဲ့ရင်ဘောင်တန်းယှဥ်ပြိုင်နိုင်အောင် ကူညီပေးဖို့ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကြောင့်လဲ အကြံပေးကို Personal, Professional and Business Development အတွက် တည်ထောင်ဖြစ်တာဖြစ်ပါတယ်။ အမှတ်တံဆိပ်တစ်ခုအောင်မြင်ဖို့ မရှိမဖြစ်ကတော့ Story, Symbol နဲ့ Strategy ဖြစ်ပါတယ်။ ဒီ Post လေးမှာတော့ Story တစ်ခုဘယ်လိုပြောမလဲဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။ Story သည် ရင်ထဲကလာတဲ့ အမှန်စကားတော့ဖြစ်ရပါမယ်။ ပုံပြင်တစ်ခုပြောဖို့ Lean Branding ရဲ့ […]

ကိုယ့်လုပ်ငန်းအတွက် Brand Story ရှိပြီလား? Read More »

လူတိုင်း ကိုယ့်ကိုသဘောကျမှာမဟုတ်။

လူတိုင်းသဘောကျဖို့ မရည်ရွယ်ပါနဲ့။ပင်ပန်းလိမ့်မယ်။လုပ်စရာရှိတာကိုလုပ်။ Phyo Paing @ Derek

လူတိုင်း ကိုယ့်ကိုသဘောကျမှာမဟုတ်။ Read More »

မွဲဆေး Vs ငွေကြေးလွတ်မြောက်မှု

စီးပွားရေးမလုပ်ဖူးပဲ ပထမဆုံး စီးပွားရေးကို အတိုးယူပြီးလုပ်တယ်ဆိုတာ မွဲဆေးဖော်တာနဲ့ အတူတူပါပဲ။ ဒီနေ့ခေတ် သိန်း ၅၀-၁၀၀-၂၀၀ နဲ့ လုပ်လို့ရတာ များများစားစားမရှိပါဘူး။ ဒီတော့ ကိုယ်ထူကိုယ်ထ လူငယ်တွေအနေနဲ့ ပထမဆုံးမေးရမှာ “သိန်း ဘယ်လောက်ဘယ်လောက်ရှိတယ်။ ဘာလုပ်မရလဲ မသိဘူး” ဆိုတဲ့မေးခွန်းမဟုတ်ပါဘူး။ မေးရမည့်မေးခွန်းက “ငါ့အနေနဲ့ High Income Skill” ရှိပြီလား။ “ငါဘယ်အပိုင်းမှာ ကျွမ်းကျင်အောင်လုပ်မလဲ” ဒီမေးခွန်းကို အဓိကမေးရမှာဖြစ်ပါတယ်။ High Income Skill တွေထဲမှာ အရောင်းပညာ၊ ဒီဂျစ်တယ်မားကတ်တင်းပညာ၊ လူရှေ့သူရှေ့မှာ ဟောပြောနည်းအတတ်ပညာ၊ ကြော်ငြာရေးနည်းအတတ်ပညာ၊ Design အတတ်ပညာ၊ တခြားသူကို ပြန်သင်ပေးနိုင်တဲ့အတတ်ပညာ အစရှိတာတွေပါဝင်ပါတယ်။ ပထမဆုံး ဒီ High Income Skills တစ်ခုခုကိုရှိအောင် အရင်လုပ်ရမှာဖြစ်ပါတယ်။ ဒုတိယအဆင့်က ဒီ Skill

မွဲဆေး Vs ငွေကြေးလွတ်မြောက်မှု Read More »