October 2020

လုပ်ငန်းရှင်ဆိုတာ Band Owner

အစပိုင်းမှာ ကိုယ်က သီချင်းဆိုမယ်။သီချင်းဆိုတာလဲကျွမ်းတယ်။နောက် သီချင်းလဲရေးမယ်။ Piano လဲကိုယ်တိုင်တီးမယ်။နောက် Drum တီးမယ်။ SME လုပ်ငန်းရှင်တွေအနေနဲ့လဲအလားတူပါပဲ ကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျတတ်ကြတယ်။SME Owner ဆိုတာ Band ပိုင်ရှင်ဆိုတာသိရမယ်။အကုန် ကိုယ်တစ်ယောက်ထဲ အကုန်လုပ်ချင်လို့မရဘူး။ အစပိုင်းမှာ လုပ်ငန်းကျွမ်းကျင်သူ Specialistဒုတိယနေရာမှာ Supporterနောက် Strategist နေရာကို တက်လှမ်းဖို့လိုတယ်။ ကိုယ်က အခု ဘယ် role မှာလဲပြန်ဆန်းစစ်ဖို့လိုတယ်။ Phyo Paing @ Derek

လုပ်ငန်းရှင်ဆိုတာ Band Owner Read More »

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း

စီးပွါးရေးလုပ်တယ်ဆိုတာ စိတ်ဖိစီးမှုနဲ့ အမြဲလည်ပတ်နေစရာမလိုပါဘူး။ ကိုယ်ချစ်တဲ့စီးပွါးရေးကိုလုပ်ပြီး၊ ကိုယ်ကြိုက်တဲ့ဘဝနေထိုင်မှုပုံစံကိုတည်ဆောက်ဖို့ လုပ်ငန်းတွေစခဲ့ကြတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းအတွက်အလုပ်လုပ်နေရမည့်အစား၊ ကိုယ့်လုပ်ငန်းက ကိုယ့်အတွက် အလုပ်လုပ်နေဖို့လိုအပ်ပါတယ်။ ကိုယ်ချစ်တဲ့ စီးပွါးရေးလုပ်ငန်းတွေ တည်တံ့ဖို့ ကိုယ်ဝင်မပါနေမှရမယ်။ ကိုယ်မရှိပဲ သူရှင်သန်နေမှ သူ့ကိုတကယ်ချစ်ရာရောက်မှာပေါ့။ ဒီလို ကိုယ်ချစ်တဲ့ လုပ်ငန်းတွေတည်ဆောက်ပြီး ကိုယ့်အတွက်အလုပ်လုပ်နေဖို့ ကျွန်တော့်ရဲ့ Build The Business You Love – 4A Framework လေးတစ်ခုထုတ်ထားတယ်။ 1. Activation (စတင်ခြင်း) လုပ်ငန်းစတင်တဲ့ stage မှာ ဆင်ဖမ်းမယ်ကျားဖမ်းမယ်ဆိုပြီးစခဲ့ကြတယ်။ ရင်ခုန်မှုအပြည့်နဲ့ပေါ့။ အနာဂတ်ကိုပုံဖော် ရင်ခုန်တဲ့အချိန်။ Motivation အပြည့်နဲ့ပေါ့။ 2. Actualization (နားလည်ခြင်း) မှန်းချက်နဲ့ နှမ်းထွက်နဲ့ ကိုက်တဲ့အချိန်ရှိသလို၊ အလွဲကြီးလွဲတဲ့အခါတွေလဲရှိမယ်။ စျေးကွက်ကို အထင်ကြီးမိထားတာဖြစ်နိုင်သလို၊ ကိုယ်ထင်ထားသလိုမဟုတ်တာတွေဖြစ်နိုင်တယ်။ ကိုယ်ထင်ထားတာထက်ပိုကောင်းတာလဲဖြစ်နိုင်တယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း Read More »

စေတနာမပျက်စေနဲ့။

တခါတလေ ကျွန်တော်တို့ရဲ့ ခံယူချက်အရအလုပ်ကြိုးစား လုပ်ပေမယ့်ဘေးထိုင်ဘုပြောတာနဲ့ ကြုံလာတဲ့အခါကိုယ့်အလုပ်အပေါ်ထားတဲ့ စေတနာမပျက်ပါစေနဲ့။ လူတိုင်းမှာ အတ္တရှိကြတယ်။ဒီ အတ္တတောင်ကို မကျော်နိုင်တဲ့အခါစိတ်မထားတတ်ပဲ သူတပါးကိုဝေဖန်တတ်ကြတယ်။ဒါကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့ရမှာပါ။ ငါ့ကိုသူ ဘာကြောင့် ဒီလိုဝေဖန်လဲဆိုတာထက်သူလည်း လူသားပဲ သူ့မှာလည်းသူ့စဉ်းစားပုံရှိလိမ့်မယ်ဆိုတဲ့ဖြေတွေးလေးတွေးပေးလိုက်ပါ။ ဘေးထိုင်ဘုပြောသူတွေကြောင့်ကိုယ့်အလုပ်ပေါ်ထားတဲ့ စေတနာမပျက်စေပါနဲ့။ Phyo Paing @ Derek

စေတနာမပျက်စေနဲ့။ Read More »

လုပ်ငန်းသေးသေးကြီးကြီး
စီးပွားရေးလုပ်ငန်းဆိုတာ
ဒူပေဒဏ်ပေဘယ်လောက်ခံသလဲ?

အကျဥ်းအကြပ်ထဲက ရုန်းထွက်နိုင်တဲ့စွမ်းအားဘယ်လောက်ရှိသလဲ?စမ်းသပ်တဲ့ပွဲတစ်ခုပဲ။ လုပ်ငန်းတစ်ခုနောက်ကွယ်မှာမိသားစုတွေ အများကြီးရှိတဲ့အတွက်ကိုယ်က ဦးဆောင်သူဆို စိတ်ဓာတ်ကျနေလို့ မရဘူး။လုပ်ငန်းတစ်ခုလုပ်ဆောင်တယ်ဆိုတာဖောက်သည်ရဲ့ပြဿနာကိုဖြေရှင်းသလိုနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းကိုလျော့ချပေးတာ၊Economic growth ကို contribute လုပ်တာဖြစ်ပါတယ်။ စိတ်မပျော်ဘူးဖြစ်နေပါသလား၊ ကိုယ်တိုင်လုပ်ငန်းလုပ်လိုက်အိပ်မပျော်ဘူးပါဖြစ်သွားမယ်ဆိုတာကြားဖူးကြလိမ့်မယ်။ အိပ်မပျော်တဲ့အကြောင်းအရင်းကနှစ်ခုဖြစ်နိုင်တယ်။ပထမတစ်ခုက စိတ်ညစ်လို့၊ဘဏ်တိုးတွေပေးနေရတာ၊Operating expense များတာဖြစ်နိုင်သလိုကိုယ့်လုပ်ငန်းအတွက် ရင်ခုန်လွန်းလို့အိပ်မပျော်တာလဲ ဖြစ်နိုင်တယ်။ ပထမတစ်မျိုးအတွက်က Consulting ယူသူတွေဖြစ်တတ်ကြပြီးဒုတိယတစ်မျိုးအတွက်က Coaching ကြတယ်။ Consulting ဆိုတာ problem-solving အတွက်ဖြစ်တယ်။Coaching ဆိုတာ continuous development အတွက်ဖြစ်တယ်။Marketing သမား၊ Coach ဖြစ်ချင်သူတွေကိုအသေးစိတ်သင်ကြားပြသပေးတာကိုတော့Mentoring လို့ခေါ်ပြီးပြင်မရ စိတ်ညစ် ပြဿနာတွေပြောတာနားထောင်ပေးတာကို Counselling လို့ခေါ်တယ်။ Phyo Paing @ Derek

လုပ်ငန်းသေးသေးကြီးကြီး
စီးပွားရေးလုပ်ငန်းဆိုတာ
ဒူပေဒဏ်ပေဘယ်လောက်ခံသလဲ?
Read More »

ခေတ်ရေစီးကြီးနှင့်အတူ အပြောင်းအလဲလုပ်ပါ။

ဒီနေ့ခေတ် Business model ဒီနေ့လို pandemic မှာ တချို့လုပ်ငန်းတွေတော်တော်ထိကြတယ်။ တချို့လုပ်ငန်းတွေ grow ဖြစ်ကြတယ်။ ခေတ်ရေစီးကြောင်းက စားသုံးသူတွေပေါ်မူတည်ပြီးပြောင်းလဲလာတယ်။ စဥ်းစားလို့ရတဲ့ business model ခြောက်ခု။ ၁။ သင့်လုပ်ငန်းက Social Media ကို အသုံးပြုရတဲ့ Business မျိုးလား? ဒါဆို Social Media ကိုအကောင်းဆုံးအသုံးပြုနေသလား? ၂။ ကိုယ်တိုင်ဖန်တီးထားပြီး စျေးနှုန်းသတ်မှတ်လို့ရတဲ့ စျေးကွက်ကလိုအပ်တဲ့ ပစ္စည်းတွေရောင်းချနေလား? (ကိုယ်တိုင်ဖန်တီးရင် စျေးနှုန်းကို ကိုယ်တိုင်သက်မှတ်လို့ရမယ်။ ဝယ်ရောင်းမဟုတ်ဘူး။) ၃။ Scalable ဖြစ်သလား? (လူအများကြီးထပ်ထည့်စရာ၊ ငွေအများကြီးထပ်ထည့်စရာမလိုပဲ ချဲ့လို့ရသလား? တနည်းအားဖြင့် နည်းပညာသုံးတဲ့လုပ်ငန်းလား?) ၄။ Recurring revenue ရသလား? (တစ်ခါရောင်းပြီး ပြီးသွားတာမဟုတ်ပဲ၊ ထပ်ခါထပ်ခါရနေတဲ့ ဝင်ငွေမျိုးရတဲ့ စီးပွားရေးလုပ်ငန်းမျိုးလား? ဥပမာ

ခေတ်ရေစီးကြီးနှင့်အတူ အပြောင်းအလဲလုပ်ပါ။ Read More »

အတိတ်က အနာဂတ်ကို
အဆုံးအဖြတ်မပေးနိုင်ဘူး။

အမေရိကန် သူဌေးက အောင်မြင်ဖို့ ကိုယ်ကြိုက်တဲ့အလုပ်ကိုလုပ်လို့ပြောလိမ့်မယ်။ သူ့နိုင်ငံချမ်းသာတာကိုး။ တရုတ်အငတ်ဘေးနဲ့ ရင်ဆိုင်ဖူးတဲ့ တရုတ်သူဌေးကြီးကတော့ စကားမများနဲ့ ထမင်းကျွေးတဲ့အလုပ်ကိုသေချာလုပ်၊ ငွေလျှောက်မသုံးနဲ့။ အနာဂတ်အတွက် သေချာစု၊အရင်းနှီးလေးရှိလာရင်ကိုယ်ပိုင်လုပ်ငန်းလေးလုပ် လို့ပြောလိမ့်မယ်။ အခြေနေမတူဘူးလေ။ Rich Kid တွေ Follow your passion လုပ်နေတဲ့အချိန်ကိုယ်က ဗိုက်ဖြည့်ဖို့ ကြမ်းတိုက်ရင်လည်းတိုက်ရမှာပဲ။ အတိတ်က အနာဂတ်ကို အဆုံးအဖြတ်မပေးနိုင်ဘူး။ငယ်ငယ်က ကျောင်းမှာစာပြိုင်ဖက်Rich Kid တွေ ကားဝယ်ဖို့ အိမ်မှာမုန့်ဖိုးတောင်းနေတုန်း။ Perspective အရေးကြီးတယ်။ #အနာဂတ်အတွက်အPhyo Paing @ Derek (P.S. ဟိုးငယ်ငယ်ကရေးထားဖူးတာလေး တိုက်ဆိုင်မယ်ထင်လို့။)

အတိတ်က အနာဂတ်ကို
အဆုံးအဖြတ်မပေးနိုင်ဘူး။
Read More »

အတွေးအခေါ်တစ်ခုကြောင့် ကိုယ့်ဘ၀အပြောင်းအလဲဖြစ်သွားနိုင်တယ်။

Idea အတွေးအခေါ်တစ်ခုကြောင့် အနာဂတ်ကို ရှင်းရှင်းလင်းလင်းမြင် ပွင့်သွားတဲ့အချိန်တွေရှိတယ်။ ဒါကို breakthrough ဖြစ်သွားတယ်လို့သုံးကြတယ်။ Barrier ကို break ဖြစ်ပြီးကျော်လွှားသွားလို့ဖြစ်တယ်။ ဒီလို ကိုယ်လိုအပ်နေတဲ့ idea ရသွားဖို့နည်းလမ်းမျိုးစုံသုံးကြတယ်။ စာဖတ်ကြတယ်။ သင်တန်းတက်ကြတယ်။ Video တွေ၊ Online Courses တွေတက်ကြတယ်။ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကိုမေးမြန်းကြတယ်။ နောက် Coaching ယူကြတယ်။ idea ရပြီးသွားရင် အကောင်အထည်ဖော် implementation လုပ်တဲ့အဆင့်ပါ။ အောင်မြင်တဲ့သူနဲ့ မအောင်မြင်တဲ့သူကို အဓိက ကွာခြားစေတဲ့အချက်တော့ speed of implmentation ပါပဲ။ သိထားတဲ့ idea ကို အမြန်ဘယ်လိုအသုံးချသလဲဆိုတာပါ။ နောက်တစ်ဆင့်ကတော့ ဘဝထဲမှာ ပေါင်းစည်းသွားတဲ့ integrate အဆင့်ဖြစ်ပါတယ်။ Training တစ်ခုတက်ပြီး motivation က တစ်ပတ်ပဲခံတယ်ဆိုတာ idea

အတွေးအခေါ်တစ်ခုကြောင့် ကိုယ့်ဘ၀အပြောင်းအလဲဖြစ်သွားနိုင်တယ်။ Read More »

လိုအပ်တာထက်ပို အထင်ကြီးပြီး
ကိုယ့်ကိုကိုယ် အထင်မသေးလိုက်ပါနဲ့။

ဒီနေ့လို social media ခေတ်မှာ အထင်နဲ့အမြင်က အပြင်နဲ့ကွာနေတတ်တယ်။လူတိုင်းနေရာတိုင်းမှာတော်မှာမဟုတ်ဘူး။ဒါပေမယ့် ဒီနေ့ခေတ်မှာ showmanship ကလူတွေကို အရှိထက်ပိုတော်တယ်လို့ထင်စေတတ်တယ်။ Steve Jobs ပြောသလို သင့်ဘေးမှာရှိတဲ့သူတွေဟာ သင့်လိုပါပဲ။ သင့်ထက်ပိုမတော်ဘူးဆိုတာသိတဲ့အချိန်အရာရာကို သင်ပြောင်းလို့ရတယ်ဆိုတာသိတဲ့အချိန်သင့်ဘဝ စတင်ပြောင်းလဲတယ်တဲ့။အတိအကျတော့မဟုတ်ဘူး။ အဲ့သဘောပဲပြောခဲ့တာ။ လိုအပ်တာထက်ပို အထင်ကြီးပြီးကိုယ့်ကိုကိုယ် အထင်မသေးလိုက်ပါနဲ့။ Phyo Paing @ Derek

လိုအပ်တာထက်ပို အထင်ကြီးပြီး
ကိုယ့်ကိုကိုယ် အထင်မသေးလိုက်ပါနဲ့။
Read More »

ဘဝမှာ နေပျော်ချင်ရင် ဘူကောင်တွေကို
ဝေးဝေးရှောင်ဖို့လိုတယ်။

ခင်ဗျားမှာ ရည်မှန်းချက်ကြီးကြီးတစ်ခုမရှိရင်၊ ဒီ ရည်မှန်းချက်ကို အာရုံမစိုက်ရင်၊ ဒါကိုဆွတ်ခူးနိုင်တဲ့ အရည်အချင်းခင်ဗျားမှာမရှိဘူးလို့ ယုံကြည်နေရင်ပြဿနာတွေ စဥ်းစားခံစားနေမိမှာပဲ။ လူတွေက အရှိကို အရှိအတိုင်းမမြင်ကြဘူးသူတို့ခေါင်းထဲမှာ ရှိတဲ့အတိုင်းပုံဖော်ကြတယ်။ဘူကောင်တွေကို ကြည့်လိုက်ရင်မကောင်းကြောင်းတွေပဲ စဥ်းစားနေတာတွေ့ရလိမ့်မယ်။Entreprenuer ဆိုတာ အကောင်းမြင်တတ်သူတွေ။ပြဿနာကို ဘယ်လို ဖြေရှင်းရမယ်စဥ်းစားနေသူတွေ။ ဘဝမှာ နေပျော်ချင်ရင် ဘူကောင်တွေကိုဝေးဝေးရှောင်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ နေပျော်ချင်ရင် ဘူကောင်တွေကို
ဝေးဝေးရှောင်ဖို့လိုတယ်။
Read More »

Social Media Marketing ကိုစနစ်ချဖို့

သုံးလစာအတွက် တစ်ရက် Video ရိုက်လိုက်တယ်။ လေးရက်တစ်ခါ၊ ငါးရက်တစ်ခါ Video တစ်ခု Facebook Page မှာတင်တယ်။ ဒီ Video တွေကို Tik Tok, Instagram, IGTV, Youtube, တခါတလေ LinkedIn မှာသူနဲ့ ကိုက်ညီတဲ့ Format လုပ်ပြန်တင်တယ်။ လအစမှာ ကြော်ငြာနှစ်ခုလုပ်ထားတယ်။၁၅ ရက်တစ်ခါ အသစ် run တယ်။ အရာရာ automate လုပ်ထားတယ်။ ညနေ Sale ရလဒ်ကြည့်တယ်။ လိုအပ်ရင် Ad ကို adjust လုပ်တယ်။ ကိုယ့် page က video ကို 3 sec viewကြည့်သွားတဲ့သူတွေကို retageting ပြန်လုပ်။ တချို့အရာတွေက နည်းသိရင် အရမ်းပင်ပန်းခံစရာမလိုဘူး။

Social Media Marketing ကိုစနစ်ချဖို့ Read More »