October 2020

အသက်ကြီးလာလေလေ

No လို့ပြောရမည့်အရာတွေများလာလေလေပဲ။ ဒီ NO တစ်လုံးကြောင့် ပိုကောင်းတဲ့“Next Opportunity” တစ်ခုကို ဖြစ်ပေါ်စေနိုင်တယ်။မဟာဗျူဟာမှာ ဆရာကြီး Michael Porter ကမဟာဗျူဟာဆိုတာ ဘာကို “No” လို့ပြောရမယ်သိတာပဲတဲ့။ Phyo Paing @ Derek

အသက်ကြီးလာလေလေ Read More »

တခြားသူတွေရဲ့ ရလဒ်နဲ့ သင့်ရလဒ်
သွားနှိုင်းယှဉ်ပြီး စိတ်မညစ်ပါနဲ့။

မိဘနှစ်ပါး စုံစုံလင်လင်မရှိပဲရုန်းကန်လှုပ်ရှားကြိုးစားပြီးကိုယ်ပိုင်လုပ်ငန်းတစ်ခု အောင်အောင်မြင််မြင်လုပ်နိုင်တာ အောင်မြင်မှုလို့ ခေါ်နိုင်ပေမယ့်၊ အခွင့်ထူးခံ ချမ်းသာတဲ့မိသားစုကပေါက်ဖွား rich kid ဖြစ်ပြီး millionaire ဖြစ်တယ်ဆိုတာ သူ့အတွက်ရှုံးနိမ့်မှုဖြစ်ကောင်းဖြစ်နေနိုင်တယ်။ တခြားသူတွေရဲ့ ရလဒ်နဲ့ သင့်ရလဒ်သွားနှိုင်းယှဉ်ပြီး စိတ်မညစ်ပါနဲ့။ ၂၀၁၃ လောက်က share ထားတာလေးပြန်တွေ့စာအုပ်ထဲက concept လေးသဘောကျလို့They Made It!: How Chinese, French, German, Indian, Iranian, Israeli and Other Foreign Born Entrepreneurs Contributed to High Tech Phyo Paing @ Derek

တခြားသူတွေရဲ့ ရလဒ်နဲ့ သင့်ရလဒ်
သွားနှိုင်းယှဉ်ပြီး စိတ်မညစ်ပါနဲ့။
Read More »

ဘေးထိုင်ဘုပြောခြင်းသည် တိုးတက်လိုသူတွေအတွက် အလုပ်မဟုတ်။

ရေမရှိဘူး။ လူမရှိဘူး။ မလေးရှားအနိုင်ကျင့်တယ်တစ်ခုတည်း ဘေးထိုင်ဘုပြောမနေဘူး။ Newater လုပ်တယ်။ ဒီနေ့ စလုံးဖြစ်လာတယ်။ တရုတ်ပြည်မကြီးက ပေါချောင်မကောင်း ပစ္စည်းတွေထွက်တယ်။ လေကျင်း 雷军 ဆိုတဲ့လူက ဘေးထိုင်ဘုပြောမနေဘူး။ တန်ဖိုးနည်း အရည်အသွေးမြင့် ကုန်ပစ္စည်းတွေထုတ်ရင်း Xiaomi (MI) ဖြစ်လာတယ်။ တရုတ်ပြည်မကြီးမှာ banking system နဲ့ သယ်ယူပို့ဆောင်ရေး အစအစအရာရာမှာ အားနည်းတယ်။ ဘေးထိုင်ဘုပြောမနေဘူး။ Jack MA ရဲ့ Alibaba နဲ့အတူ Alipay ဖြစ်လာတယ်။ AliExpress ဖြစ်လာတယ်။ အမေရိကန်တွေ နည်းပညာသာတာ ဘာမှလုပ်မရဘူး။ အစိုးရ အကာအကွယ်မပေးဘူး ဘေးထိုင်ဘုပြောမနေဘူး။ Uber မလာခင် DiDi Taxi ပြင်ဆင်ခဲ့တယ်။ Uber တရုတ်ကထွက်သွားရတယ်။ ဘေးထိုင်ဘုပြောတာ လူငယ်တွေအလုပ်မဟုတ်ဘူး။ Energy ရှိတယ်။

ဘေးထိုင်ဘုပြောခြင်းသည် တိုးတက်လိုသူတွေအတွက် အလုပ်မဟုတ်။ Read More »