December 2020

ကျွန်တော့် ဘဝအတွက် ၃၂ ချက်

၁။ ကျေးဇူးတင်စိတ်နဲ့နေထိုင်ပါ။၂။ တစ်ရက်တာကို ဘယ်လိုဖြတ်သန်းမလဲ ကြို Plan ပါ။၃။ လူတော်တွေနဲ့ ဝန်းရံထားပါ။၄။ ကိုယ်မသိသေးတဲ့ မေးခွန်းတွေမေးပါ။ ၅။ ကိုယ့်ကိုရင်ခုန်စေတဲ့အလုပ်တွေကိုလုပ်ပါ။ ၆။ ငွေကြေးစီမံခန့်ခွဲပါ။ တစ်နှစ်စာ Plan ရှိပါ။ ၇။ ပြဿနာထက် အဖြေကိုအာရုံစိုက်ပါ။ ၈။ သိထားတာကို အမြန်ဆုံးပြန်အသုံးချပါ။ ၉။ အချိန်မဆွဲပါနဲ့။၁၀။ မနက်ဖြန်ကို စောင့်မနေပါနဲ့။ ဒီနေ့ကိုအကောင်းဆုံးအသုံးချပါ။ Covid-19 အပြီးကို မမျှော်ပါနဲ့။ Covid-19 အတွင်းရှင်သန်နိုင်အောင် ပြင်ဆင်ပါ။ ၁၁။ အနာဂတ်မှာဖြစ်နိုင်တဲ့ ပြဿနာတွေကိုကြိုတင်ဖြေရှင်းပါ။ ၁၂။ လူတွေကို ပြင်ပေးကြည့်ပါ။ ပြင်မရ၊ ပြောမရရင်၊ လျစ်လျူရှုလိုက်ပါ။ ၁၃။ နေ့တိုင်းတိုးတက်အောင်လုပ်ပါ။ ၁၄။ မဖြစ်နိုင်ဘူးဆိုတာထက် ဘယ်လိုဆိုရင်အလွယ်ကူဆုံးနဲ့ အကောင်ထည်ဖော်နိုင်မလဲစဉ်းစားကြည့်ပါ။ ၁၅။ တစ်ခုခုကို ပြီးပြည့်စုံမှ မစတင်ပါနဲ့။၁၆။ တစ်ရက်တာဖြတ်သန်းမှုပုံစံရှိထားပါ။ […]

ကျွန်တော့် ဘဝအတွက် ၃၂ ချက် Read More »

ရောင်းချင်တဲ့ ကုန်ပစ္စည်းကိုပဲ အာရုံစိုက်ပြီး စျေးကွက်ရဲ့အသွားအလာကို မသိရင်
အောင်မြင်ဖို့သိပ်မလွယ်ဘူး။

၇ တန်းလောက်က မန္တလေးရောက်တုန်းငယ်ငယ် ရှမ်းပြည်မှာ ဆော့တဲ့ ဂျင်အလုံးတစ်ရာဝယ်ပြီးကချင်ပြည်နယ် အမေ့ရဲ့မြို့မှာ ရောင်းဖူးတယ်။ ကချင်ပြည်နယ်မှာက ရှမ်းဂျင်လို့ခေါ်တဲ့သစ်အသားကို ထုလုပ်ထားတာကိုပဲအသုံးပြုပြီးရှမ်းပြည်မှာက တရုတ်ကလာတဲ့ ပလတ်စတစ်နဲ့ သံနဲ့ရောထားတဲ့ ဂျင်ကိုအသုံးပြုတယ်။ တစ်လုံးမှ မရောင်းရခဲ့ဘူး။ အဲ့ဒီ ကုန်ပစ္စည်းဆော့တဲ့ Culture လဲမရှိဘူး။ ရောင်းချင်တဲ့ ကုန်ပစ္စည်းကိုပဲ အာရုံစိုက်ပြီးစျေးကွက်ရဲ့အသွားအလာကို မသိရင်အောင်မြင်ဖို့သိပ်မလွယ်ဘူး။ Phyo Paing @ Derek

ရောင်းချင်တဲ့ ကုန်ပစ္စည်းကိုပဲ အာရုံစိုက်ပြီး စျေးကွက်ရဲ့အသွားအလာကို မသိရင်
အောင်မြင်ဖို့သိပ်မလွယ်ဘူး။
Read More Âť

စီးပွားရေးလုပ်နည်းမသင်ခင်
လူလုပ်နည်း အရင်သင်ပါတဲ့။
ဒါကတော့ ဟောင်ကောင်တရုတ်သူဌေးကြီး လီကာရှင်းပြောတဲ့စကားဖြစ်ပါတယ်။
先学做人再学做事 တဲ့။ပွားရေးလုပ်နည်းမသင်ခင် လူလုပ်နည်း အရင်သင်ပါတဲ့။ ဒါကတော့ ဟောင်ကောင်တရုတ်သူဌေးကြီး လီကာရှင်းပြောတဲ့စကားဖြစ်ပါတယ်။
先学做人再学做事 တဲ့။

Alibaba ကို လက်ဝါးကြီးအုပ်မှုနဲ့ တရုတ်အစိုးရက စစ်ဆေးနေပြီ။ ဘာကြောင့်လဲဆိုတော့ တရုတ်စွန့်ဦးတီထွင်လောကမှာ လူတော်တော်များများ အားကျတဲ့ Jack Ma အနေနဲ့ Ant Financial ပွဲမထွက်ခင်တရုတ်စည်းကြပ်ရေးအဖွဲ့ကို ဆရာသွားလုပ်လို့ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။ 48 Laws of Power မှာ Robert Greene ရေးတဲ့ပထမဥပဒေသကတော့ “Never Outshine Your Master” တဲ့။ Democracy မှာတော့ ပြည်သူလူထုကဆရာပဲ။Communist လောက တရုတ်မှာတော့ Xi JinPing က ဆရာပဲ။ ဆရာ့ကို ဆရာသွားလုပ်လို့ မရဘူး။ တရုတ်ရဲ့ Bike Sharing Unicorn Ofo ပြုတ်သွားတာ သူ့ဆရာ Didi နဲ့ကတောက်ကဆဖြစ်တာလဲ တစ်ပိုင်းပါတယ်။ စီးပွားရေးတစ်ခု run တာဟာ

စီးပွားရေးလုပ်နည်းမသင်ခင်
လူလုပ်နည်း အရင်သင်ပါတဲ့။
ဒါကတော့ ဟောင်ကောင်တရုတ်သူဌေးကြီး လီကာရှင်းပြောတဲ့စကားဖြစ်ပါတယ်။
先学做人再学做事 တဲ့။ပွားရေးလုပ်နည်းမသင်ခင် လူလုပ်နည်း အရင်သင်ပါတဲ့။ ဒါကတော့ ဟောင်ကောင်တရုတ်သူဌေးကြီး လီကာရှင်းပြောတဲ့စကားဖြစ်ပါတယ်။
先学做人再学做事 တဲ့။
Read More Âť

နောက်ဆုံးတော့ ဘာအလုပ်ပဲလုပ်လုပ်
အောင်မြင်ဖို့ အရေးကြီးဆုံးအရာတစ်ခုကတော့ Timing အချိန်ပါပဲ။

Personal Finance လုပ်တဲ့အခါ မြေနေရာတစ်ခုကို invest ဆုံးဖြတ်တဲ့အခါ ပြန်ငှားရင်ဘယ်လောက်ရမလဲစဥ်းစားကြတယ်။ဒီလိုစဥ်းစားတဲ့အခါ ခေတ်ကောင်း၊ ခေတ်မကောင်းအပြင်Average ချကြည့်ဖို့လိုလာတယ်။ ဒါကတော့ Cashflow game ပေါ့။ တချို့က ဘယ်အချိန်မှာ ပြန်ရောင်းရင်ဘယ်လောက်မြတ်မယ်။ဒါကတော့ Capital gain ပေါ့။ ကိုယ်က ဘယ် game နဲ့ကစားလဲဆိုတာစဥ်းစားရတယ်။Real Estate Developer တွေကစားတဲ့ game ကတော့Develop လုပ်ပြီးရောင်းတာထက် Ecosystem တစ်ခုတည်ဆောက်ပြီးသွားတဲ့ခေတ်ရောက်သွားတယ်။ ကိုယ်လုပ်ချင်တဲ့ အိပ်မက်တွေကြီးလေလေကိုယ့်မှာရှိတဲ့ Resource တွေက limited ဖြစ်လေလေဖြစ်တတ်ကြတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်မှာရှိတဲ့ အချိန်၊ ငွေ အစရှိတဲ့အရင်းအမြစ်တွေကို အကောင်းဆုံးစီမံဖို့လိုလာတယ်။ ရင်းနှီးမြုပ်နှံမှုတွေမှာ ဘဏ်ချေးငွေတွေနဲ့ leverage ယူပြီးလုပ်ကြတယ်။ဝါရင်ဘူဖေးပြောသလိုပဲ လူတွေကိုမွဲအောင်လုပ်တဲ့အရာသုံးခုက Liquor, Lady and Leverage တဲ့။ အရက်၊

နောက်ဆုံးတော့ ဘာအလုပ်ပဲလုပ်လုပ်
အောင်မြင်ဖို့ အရေးကြီးဆုံးအရာတစ်ခုကတော့ Timing အချိန်ပါပဲ။
Read More Âť

မြင်အောင်ကြည့်ပါ။

သာမာန်လူတစ်ယောက် ဖုန်းကိုမြင်တဲ့အမြင်နဲ့Engineer တစ်ယောက်ဖုန်းကိုမြင်တဲ့အမြင်၊ သာမာန်စျေးသည်တစ်ယောက် စီးပွားရေးကိုမြင်တဲ့ အမြင်နဲ့ MNC (Multinational Company)ကိုဦးဆောင်နေတဲ့သူတစ်ယောက်ရဲ့အမြင်၊ သာမာန် Facebook သုံးတဲ့သူတစ်ယောက်နဲ့ Digital Marketing သမားတစ်ယောက်ရဲ့အမြင်မတူကြပါဘူး။ လူတိုင်းမျက်စိတွေရှိကြပေမယ့်အပေါ်ယံကနေ ဖောက်ထွင်းကြည့်နိုင်ဖို့ ဥာဏ်မျက်စိတွေလိုတယ်။ မြင်အောင်ကြည့်ပါ။ Phyo Paing @ Derek

မြင်အောင်ကြည့်ပါ။ Read More »

ဒီနေ့ခေတ်မှာထားသင့်တဲ့ marketing အယူအဆ ၇ ခု

၁။ Day Trading Attention Day Trade လုပ်တယ်ဆိုတာ stock တွေကို ဝယ်ပြီးအမြတ်ရတာနဲ့ မြန်မြန်ပြန်ရောင်းတာလို့ အကြမ်းဖျင်းယူဆလို့ရတယ်။ ဒါကတော့ Garyvee ရဲ့ အယူအဆတစ်ခုဖြစ်တယ်။ လူတွေရဲ့ အာရုံကို day trade လုပ်နိုင်ဖို့ platform က social media (Facebook, Instagram, Linkedin, etc) နဲ့ video sharing site (Youtube, Tiktok) တွေဖြစ်တယ်။ Currency ကတော့ video, audio and written content ဖြစ်တယ်။ Seth Godin ကလဲ Content Marketing ဆိုတာတစ်ခုတည်းကျန်တဲ့ marketing လို့ဆိုခဲ့တယ်။ ၂။ Media Company

ဒီနေ့ခေတ်မှာထားသင့်တဲ့ marketing အယူအဆ ၇ ခု Read More »

လုပ်ငန်းတစ်ခု စဖို့ဆိုတာ အရမ်းလွယ်တယ်။ ရပ်လိုက်ဖို့မလွယ်ဘူး။ Why?

လုပ်ငန်းတစ်ခု စဖို့က စလိုက်ဖို့သာလိုတယ်။ ကိုယ်မလုပ်ချင်တော့လို့ရပ်လိုက်ရင် အရပ်က ဒေဝါလီခံသွားတယ်တို့၊ ပြုတ်သွားတယ်တို့။ ဒီလို စကားတွေနဲ့ ဂုဏ်သိက္ခာကို ငှဲ့ပြီး တချို့လုပ်ငန်းတွေက run နေကြရတယ်။ ဒီလို အခြေနေမျိုးမှာ ဘာလုပ်သင့်သလဲ? ၁. Operating expense ကို အနည်းဆုံးဖြစ်အောင်လုပ်ပါ။ ၂. President လို့ချရေးပါ။ သူ့အောက်မှာ လုပ်ငန်းကို အကြမ်းဖျင်း Marketing, Operation, Finance သုံးပိုင်းပိုင်းလိုက်ပါ။ Marketing မှာ Sale, Customer Service, Advertising & Research သုံးပိုင်းပိုင်းလိုက်ပါ။ Finance ကို Accounting, Admin နဲ့ MIS (Management Information System) သုံးပိုင်းပိုင်းပါ။ ၃. ဒီ functions တွေ

လုပ်ငန်းတစ်ခု စဖို့ဆိုတာ အရမ်းလွယ်တယ်။ ရပ်လိုက်ဖို့မလွယ်ဘူး။ Why? Read More »

စိတ်ရှည်ရှည်နဲ့ လေ့လာပါ။

ရေရှည် Game Plan အတွက် စိတ်ရှည်ဖို့လိုတယ်။ အလုပ်တစ်ခုလုပ်တဲ့အခါ curiosity အရမ်းအရေးကြီးတယ်။ အလုပ်တစ်ခုလုပ်တဲ့အခါ 1. ဒီအလုပ်ရဲ့သဘောတရားကဘာလဲ၊ 2. ဒီအလုပ်မှာ အောင်မြင်တဲ့သူတွေက ဘာတွေလုပ်သလဲ၊ 3. ဘာကြောင့်တချို့သူတွေမအောင်မြင်သလဲ? 4. နိုင်ငံခြားတိုင်းပြည်တွေမှာ သူတို့ဘယ်လိုတွေလုပ်နေကြသလဲ? 5. ဒီအလုပ်ကို ကောင်းကျိုး၊ ဆိုးကျိုးတွေကဘာတွေလဲ? အစရှိတဲ့မေးခွန်းတွေအပြင် industry အကြောင်းကို ငါးနှစ်လောက်နေမှ သေချာသိလာတာမျိုးဖြစ်တတ်ကြတယ်။ ဒါတောင် သေချာလေ့လာမှ မြင်တွေ့ရတာမျိုးဖြစ်တယ်။ Jack Ma ပြောသလိုပဲ လူတွေမအောင်မြင်တာ အခွင့်အရေးကို ၁။ မမြင်လို့၂။ နားမလည်လို့၃။ အထင်မကြီးလို့၄။ ရထားကြီးထွက်သွားပြီ လိုက်မမှီတော့လိုတဲ့။ တချို့အခွင့်အရေးတွေကို ဖမ်းယူဖို့ အတားအဆီးတွေက ကိုယ့်ရဲ့ status ကို ကျသွားမှာစိုးတာ။ နောက်တစ်ခုက အသစ်ကို မလေ့လာချင်တော့တာ။ Bill Gates

စိတ်ရှည်ရှည်နဲ့ လေ့လာပါ။ Read More »

Sales System တည်ဆောက်ဖို့

1. Sales Process ကိုတည်ဆောက်ပါ။ 2. SOP ရေးပါ။ (Standard Operating Procedures) 3. Sales Script တည်ဆောက်ပါ။4. ကိုယ့်ရဲ့ဝန်ထမ်းတွေကို Sales Training လုပ်ပေးပါ။ 5. ကိုယ့်ရဲ့ Sales Process ကို test လုပ်ပါ။ 6. ဖောက်သည်တွေရဲ့ မေးမြန်းမှု Objection Handling ကိုသေချာလုပ်ဆောင်ပါ။7. FAQ လုပ်ပါ။ (Frequently Asked Questions) Phyo Paing @ Derek

Sales System တည်ဆောက်ဖို့ Read More »

နောက်ပိုင်းလုပ်တဲ့ လုပ်ငန်းတွေမှာ
ဒီ အယူအဆတွေထည့်ထားတယ်။

၁။ Smallest viable market လူပေါင်း ၁၀၀၀ ရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ရမယ်။ ၂။ စျေးကို ကိုယ်တိုင် control လုပ် သတ်မှတ်နိုင်ရမယ်။ ၃။ စတင်တဲ့အချိန်မှာ ပင်ပန်းခံပြီး လုပ်ငန်းစတင်ပြီး သတ်မှတ်ချိန်တစ်ခုရောက်ရင် ကိုယ်လုံးဝပါစရာမလိုတာမျိုးဖြစ်ရမယ်။ ၄။ ဒီနေ့လုပ်လိုက်တဲ့အလုပ်ဟာ အနာဂတ်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အားဖြည့်ပေးနိုင်ရမယ်။ ၅။ အလွယ်တကူချဲ့ဖို့ Scalable ဖြစ်ရမယ်။ ၆။ လူ (ဝန်ထမ်း) အသုံးပြုမှု အနည်းဆုံးဖြစ်ရမယ်။ ၇။ စျေးကွက်မှာရှိတာတွေထက် တစ်မူထူးရမယ်။ ၈။ Linchpin talent တွေနဲ့ပဲ အလုပ်လုပ်မယ်။ ဒီအတွက် customer first, move fast, work hard and learn everyday လုပ်နေဖို့လိုမယ်။ ဒီလေးခုက ကျွန်တော်တို့နဲ့အလုပ်လုပ်ရင်

နောက်ပိုင်းလုပ်တဲ့ လုပ်ငန်းတွေမှာ
ဒီ အယူအဆတွေထည့်ထားတယ်။
Read More Âť