April 2021

ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။

အမှန်တရားအပေါ်ဖြစ်ကောင်းဖြစ်မယ်။အနာဂတ်ကို ဖြစ်ကောင်းဖြစ်မယ်။ Ideology တစ်ခုအပေါ်ဖြစ်ကောင်းဖြစ်မယ်။ Digital Business အပေါ်ဖြစ်ကောင်းဖြစ်မယ်။ စီးပွါးရေးသမားနဲ့ စွန့်ဦးတီထွင်ကွာခြားချက်ကIdea တစ်ခုအပေါ် ယုံကြည်မှုဖြစ်နိုင်တယ်။ စီးပွါးရေးသမားအများစုက ideology free တယ်။အခြေအနေကြည့် မြတ်ရင်လုပ်မယ်။ စွန့်ဦးတီထွင်က ခေါင်းမာတတ်တယ်။သူများမလုပ်သေးတာ သို့ idea တစ်ခုအပေါ်သက်ဝင်ယုံကြည် အကောင်အထည်ဖော်တယ်။ ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။အထူးသဖြင့် အနာဂတ်အပေါ် ယုံကြည်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။ Read More »

စီးပွားရေး၊ လူမှုရေး၊ အနာဂတ်ရေးရာ
အတွက် အဆုံးရှုံးခံနိုင်တဲ့ ပမာဏ
သတ်မှတ်ထားဖို့လိုတယ်။

Russian Roulette Casino ကို ဆေးကျောင်းတတိယနှစ် ကစပြီးစွဲစွဲလမ်းလမ်းဆော့ခဲ့ဖူးတယ်။ အလောင်းအစား စိတ်ပညာကိုလဲတော်တော်လေး လေ့လာခဲ့ဖူးတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ကိုယ်က ကစားပွဲတစ်ခုရောက်သွားတဲ့အခါLoss aversion လို့ခေါ်တဲ့ ရှုံးသွားတာကို ပြန်ရဖို့ မဲတတ်တဲ့စိတ်ကိုအရင်ဖျောက်ရတယ်။ ဒီလို လုပ်ဖို့ ကိုယ်ရှုံးမည့် amount ကိုအရင်သတ်မှတ်ရတယ်။ ဥပမာ ကိုယ်က $1000 ပဲဆော့မယ်ဆိုဒါရှုံးရင် မဆော့တော့ဘူး။ limit လုပ်ပြီး အစကတည်းက ပျော်ဖို့ဆိုတဲ့ စိတ်နဲ့ ဆော့တာပဲဖြစ်တယ်။ Loss limitation ဆိုတဲ့ နည်းစနစ်ဟာ ဘဝတစ်သက်တာမှာ တော်တော်လေးအထောက်အကူပြုခဲ့တယ်။ တစ်ခုခုလုပ်တော့မယ်ဆို ပထမဆုံးမေးဖြစ်တာ ငါဘယ်လောက်ထိအရှုံးခံနိုင်လဲ။ ဘယ်လောက်ပမာဏကို comfortable ဖြစ်သလဲ။ ဒါသတ်မှတ်ပြီးရင်တော့ ကျန်တာ အကုန်လုံးက ရင်ခုန်စရာကြီးပဲ။ Stress နည်းသွားမယ်။ Phyo Paing @ Derek

စီးပွားရေး၊ လူမှုရေး၊ အနာဂတ်ရေးရာ
အတွက် အဆုံးရှုံးခံနိုင်တဲ့ ပမာဏ
သတ်မှတ်ထားဖို့လိုတယ်။
Read More »

ကိုယ့်ကိုကိုယ် ဘယ်တော့မှ
အပြစ်မတင်ပါနဲ့။

အနာဂတ်အတွက် အဆိုးဆုံးကိုကြိုတင်ပြင်ဆင်ထားပါ။ သုညကနေပြန်စရမှာမကြောက်ပါနဲ့။ ဒီအတွက်လဲ ကြိုတင်ပြင်ဆင်ထားပါ။ ကိုယ့်ခေါင်းထဲကိုထည့်တဲ့ အတွေးအခေါ်သေချာ ဂရုစိုက်ပါ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဘယ်တော့မှ
အပြစ်မတင်ပါနဲ့။
Read More »