မေးခွန်းငါးခု
မေးခွန်းငါးခု လုပ်ငန်းတစ်ခုဟာ ရံဖန်ရံခါ နောက်တစ်ဆင့်ကိုတက်ဖို့ နည်းလမ်းရှာတဲ့အခါ အခက်အခဲတွေ့ရတတ်ပါတယ်။ လုပ်ငန်းတစ်ခုမှာ အရေးအကြီးဆုံးက နောက်ဘာဖြစ်မလဲ၊ ဘာဆက်လုပ်မလဲဆိုတာကို ကြိုတင်မျှော်မှန်း anticipate လုပ်နိုင်ဖို့လိုပါတယ်။ ဒီနေ့မှာတော့ လုပ်ငန်းရှင်တိုင်း ကိုယ့်ကိုကိုယ် ပြန်မေးသင့်တဲ့ မေးခွန်းငါးခုကို ဖော်ပြလိုက်ပါတယ်။ ဒီမေးခွန်းငါးခုကတော့ Tony Robbins’ ရဲ့ Business Mastery မှာ လုပ်ငန်းရှင်တွေအတွက် ဖန်တီးပေးထားတဲ့ မေးခွန်းငါးခုဖြစ်ပါတယ်။ ပထမမေးခွန်းနှစ်ခုကတော့ စီးပွားရေးစီမံခန့်ခွဲမှု ဂုရုကြီးဖြစ်တဲ့ Peter Drucker ရဲ့ ကမ္ဘာကျော်တဲ့ မေးခွန်းနှစ်ခု ဖြစ်ပါတယ်။ ၁။ သင်ဘယ်လုပ်ငန်းထဲမှာရှိနေတာလဲ။ What business are you in?သင်တကယ် ဘယ်လုပ်ငန်းထဲမှာရှိနေသလဲ? What business are you really in? ဥပမာ ကိုယ်က အဝေးပြေး […]