August 2021

ဒီနေ့ လကုန်တဲ့နေ့ဆိုတော့

ပိတ်ထားရတဲ့လုပ်ငန်းတွေလည်ပတ်သင့်သလောက်မလည်ပတ်တဲ့လုပ်ငန်းတွေအနေနဲ့ operating expenses ကိုကြည့်ပြီး စိတ်ညစ်နေနိုင်တယ်။ တော်တဲ့ဝန်ထမ်းတွေ မထွက်သွားဖို့အတွက်ကလဲလစာပေးထားရတာ၊ မြေနေရာအငှားစရိတ်ပေးထားရတာတွေရှိတဲ့အတွက် ဝန်ထမ်းများလေလေ၊ကုန်ကျစရိတ်ပိုများလေလေဖြစ်ပြီး စိတ်ညစ်နေနိုင်တယ်။ ဝန်ထမ်း ၁၅ ယောက်အောက် လုပ်ငန်းတွေအနေနဲ့ operating expenses cover ဖြစ်ဖို့online က အလွယ်တကူလုပ်လို့ရပေမယ့်ဝန်ထမ်းများတဲ့လုပ်ငန်းတွေမှာတော့ ပြောသလောက်မလွယ်ပါဘူး။ Online က ရောင်းဝယ်ဖောက်ကားလို့ရတဲ့ လုပ်ငန်းတွေအတွက်က ဒီကာလမှာ ကြော်ငြာတွေ အလုပ်အရမ်းဖြစ်တာမျိုးဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ တကယ့် traffic များတဲ့influencer အများစုက ဘာမှ မတင်တဲ့အတွက်ကြော်ငြာတွေအတွက် attention ပိုရတဲ့သဘောဖြစ်ပါတယ်။ လက်ရှိမှာ Covid-19 third wave နဲ့ coup အပြင် cash ပြဿနာတွေကြောင့် လူတွေကြုံတွေ့နေတဲ့ ပြဿနာတွေပြောင်းသွားပါတယ်။ဒီ ပြောင်းလဲသွားတဲ့ needs/ want တွေအတွက်ကိုယ့်လုပ်ငန်းက ပေးနေတဲ့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်ကို […]

ဒီနေ့ လကုန်တဲ့နေ့ဆိုတော့ Read More »

လုပ်ငန်းဘယ်လောက်ကြီးကြီးလုပ်ထားထား

တခါတလေ လုပ်ငန်းရှင်တိုင်းဟာ“ငါလုပ်နေတာ မှန်ကောမှန်ရဲ့လား မသိဘူး”ဆိုတာမျိုး ဖြစ်တတ်ကြတယ်။ဒီလိုမေးခွန်းကိုယ့်ကိုကိုယ် ပြန်မေးတာကောင်းတဲ့ အလေ့အကျင့်ဖြစ်တယ်။ Phyo Paing @ Derek

လုပ်ငန်းဘယ်လောက်ကြီးကြီးလုပ်ထားထား Read More »

လူတိုင်း သင့်ကိုသဘောကျမှာမဟုတ်ဘူး။

Steve Jobs ကိုတောင် engineer တစ်ယောက်ကခင်ဗျားက ကုန်ပစ္စည်းတည်ဆောက်မှုEngineering ပိုင်းမပါပဲ အလကားနာမည်ကြီးနေတယ်ဆိုတဲ့ သဘောနဲ့ပွဲတစ်ခုမှာ ပြောဖူးတယ်။ Steve Jobs က လဲကုန်ပစ္စည်းထုတ်တယ်ဆိုတာထက်လူတွေ သန်းပေါင်းများစွာရဲ့ ပြဿနာကိုဖြေရှင်းပြီးBillion ပေါင်းများစွာ ဝင်ငွေရှိအောင်လုပ်တာဖောက်သည်တွေရဲ့ ပြဿနာကိုဖြေရှင်းဖို့ မလွယ်တဲ့အကြောင်း ဒါက engineering တစ်ခုထက်ပိုအရေးကြီးအကြောင်းဖြေသွားတယ်။ မေးတဲ့လူကြီးမင်းက သိပ်သဘောတွေ့ပုံမရဘူး။ပြောချင်တာ ကဗျာဆရာတွေက စီးပွားရေးသမားကိုအားကျမှာ မဟုတ်ဘူး။ စီးပွားရေးသမားတွေကလဲ အနုပညာရှင်တွေကို အားကျချင်မှ အားကျလိမ့်မယ်။ လူတိုင်းက သူ့အတွေးနယ်ပယ်ထဲမှာ ကန့်သတ်ထားတဲ့ နယ်မြေလေးတွေရှိကြတယ်။ လူတိုင်းကိုယ့်ကို သဘောကျမှာ မဟုတ်ဘူး။ဒါကြောင့် core audience ရွေးတဲ့အခါ ပထမဆုံး ၁၀၀၀ true fans ကို အရင်ရွေးရတယ်။ Phyo Paing @ Derek

လူတိုင်း သင့်ကိုသဘောကျမှာမဟုတ်ဘူး။ Read More »

လုပ်ငန်းတွေရဲ့ အားသာချက်မတူကြဘူး။

လုပ်ငန်းတွေရဲ့ အားသာချက်မတူကြဘူး။ တချို့လုပ်ငန်းတွေအတွက်က တီထွင်ဆန်းသစ်မှု။တချို့လုပ်ငန်းတွေအတွက်က ဖောက်သည်နဲ့ရင်းနှီးမှု။တချို့လုပ်ငန်းတွေကျတော့ supplier အဆက်အသွယ်။တချို့လုပ်ငန်းတွေအတွက်က distribution ပိုင်းအားသာတာ။တချို့လုပ်ငန်းတွေက လူစိတ်ဝင်စားအောင်လုပ်တတ်တာ။ တချို့လုပ်ငန်းတွေ အတွက်က ရင်းနှီးမြုပ်နှံငွေ ပိုရှိတာ။ တချို့လုပ်ငန်းတွေအတွက်ကဝန်ထမ်းကောင်းတွေကို ရှာဖွေခန့်ထားပြုစုပျိုးထောင်ပေးတဲ့ စနစ်ရှိတာ။ တစ်ခုထက်လဲ ပိုနိုင်သလို အကုန်လုံးရှိနေတဲ့ လုပ်ငန်းလဲဖြစ်နေနိုင်တယ်။ ဒီအားသာချက်တွေရှိနေပေမယ့်လဲအောင်မြင်မယ်လို့ အာမ မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်ကြောင့်ဖြစ်တယ်။အဲ့လူက ဘယ်သူဖြစ်မယ်ထင်သလဲ? #AkyanPay

လုပ်ငန်းတွေရဲ့ အားသာချက်မတူကြဘူး။ Read More »

ကိုယ့်ကိုကိုယ် product တစ်ခုလို
စဥ်းစားကြည့်လိုက်။

Version 1.0, 2.0, 3.0 အစရှိသည်update လုပ်နေရမှာပဲ။ ဘယ်တော့မှလဲ ပြီးပြည့်စုံတယ်ဆိုတာရှိမှာမဟုတ်ဘူး။အရေးကြီးတာ ပြီးပြည့်စုံဖို့ထက်အရင် version ထက် ပိုကောင်းနေဖို့ပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် product တစ်ခုလို
စဥ်းစားကြည့်လိုက်။
Read More »

ဒီနေ့ အမေးများဆုံးမေးခွန်းတွေက
လုပ်ငန်းတစ်ခုစမယ် ဘယ်ကစရမလဲ။
ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲ။

အမှန်အတိုင်းပြောရရင် တကယ့် စွန့်ဦးတီထွင်၊ စီးပွားရေးသမားကအဲ့လို မေးခွန်းမေးနေတာထက် ရောင်းစရာပစ္စည်း ထရောင်းနေတာပဲ။ မရောင်းတတ်ရင် စီးပွားရေးလုပ်ရင် အောင်မြင်ဖို့ မလွယ်ဘူး။ ကိုယ့် idea၊ ကိုယ့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ရောင်းရမှာ ရှက်နေရင်၊ ကြောက်နေရင် မရဘူး။ စွန့်ဦးတီထွင်အများစုက action taker တွေ။ နားလည်အောင်လေ့လာပြီးမှ လုပ်တာထက်၊ လုပ်စရာရှိတာ လုပ်လိုက်ရင်း နားလည်လာကြတာများတယ်။ ဒါကြောင့် learning by doing လို့ခေါ်ကြတယ်။ ကျွန်တော်တို့ဆိုလဲ ငယ်ငယ်တည်းက အိမ်က မုန့်ဖိုးမပေးတော့ ဝေဖာမှာပါတဲ့ ပါဝါရိမ်းဂျားအရုပ်တွေရောင်းတာ၊ မဲကပ်တွေ ရောင်းတာ၊ သူရဲချိုချဥ်ခေတ်က သူရဲချိုချဥ်ရောင်းတာ၊ ဂျင်ရောင်းတာ၊ ဒါက နှစ်တန်း၊ သုံးတန်းထဲက လုပ်ခဲ့ကြတာပဲ။ အဲ့တုန်းက စွန့်ဦးတီထွင် ဘာညာမသိဘူး။ ရောင်းတယ်ဆိုတာ သူတပါးပစ္စည်းခိုးတာမဟုတ်တဲ့အတွက်ရှက်စရာအလုပ်မဟုတ်ပါဘူး။ Phyo

ဒီနေ့ အမေးများဆုံးမေးခွန်းတွေက
လုပ်ငန်းတစ်ခုစမယ် ဘယ်ကစရမလဲ။
ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲ။
Read More »

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ
ကိုယ်လိုချင်တဲ့ ရလဒ်ဖြစ်ပါတယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ ကိုယ်လိုချင်တဲ့ ရလဒ်ဖြစ်ပါတယ်။ မပါဘူးဆိုတဲ့နေရာမှာ Production ပိုင်းမှာ ပါဖို့မလိုတာလား? ဒါမှ မဟုတ် Purchasing အပိုင်းလား?ဒါမှ မဟုတ် Inventory control ပိုင်းမလိုတာလား?Marketing အပိုင်းလား?Sales အပိုင်းလား? Customer service အပိုင်းလား? Finance အပိုင်းလား? HR အပိုင်းလား? အစရှိတဲ့အပိုင်းတွေမှာ ကိုယ်ပါဝင်စရာမလိုဖို့အတွက်စနစ်တစ်ခု တည်ဆောက်ဖို့လိုပါတယ်။ စနစ်ဆိုတာ ကိုယ်ပါပါ မပါပါလည်ပတ်နေတာကိုဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းအတွက် သက်ဆိုင်ရာစနစ်ရှိပြီလား? #AkyanPay

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ
ကိုယ်လိုချင်တဲ့ ရလဒ်ဖြစ်ပါတယ်။
Read More »

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ရ ငါးလုံး

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ရ ငါးလုံး ၁။ ရူးသွပ် – အလုပ်အပေါ်ရူးသွပ်ရမယ်။ ရူးသွပ်မှုမပါပဲ လုပ်ငန်းကို ခေါင်းထဲမှာ အမြဲစဉ်းစားနေနိုင်ဖို့မလွယ်ဘူး။၂။ ရလဒ် – ဘာလိုချင်တာလည်း ရလဒ် clear ဖြစ်ရမယ်။ ၃။ ရိုးသား – သမာသမတ်ကျ ရိုးသားရမယ်။ ၄။ ရိုက်ခတ် – ပတ်ဝန်းကျင်မှာရိုက်ခတ်မှုရှိရမယ်။ ၅။ ရိုးရာ – ကိုယ့် identity ကိုမပျောက် တီထွင်နိုင်ရမယ်။ ကိုယ့်တန်ဖိုးထားမှု core values ကို သေချာသိထားဖို့လိုတယ်။ #AkyanPay

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ရ ငါးလုံး Read More »

ဘဝကို Troubleshoot လုပ်ပါ။

အသက်ကြီးလာတာနဲ့အမျှ၊သတင်းအချက်အလက်တွေရှိလာတာနဲ့အမျှ၊အတွေ့အကြုံတွေက သင်ခန်းစာယူရင်းရင့်ကျက်လာကြတယ်။ ဒီအတွေးအခေါ်၊ အသိဥာဏ်၊သတင်းအချက်အလက်၊သင်ခန်းစာတွေကဘဝပြဿနာတွေကို troubleshoot လုပ်ဖြေရှင်းတဲ့အခါ အရမ်းအသုံးဝင်လာတယ်။ မော်တော်ပီကေ မဖမ်းခံဖူးတဲ့သူအတွက်ပထမဆုံး အဖမ်းခံရရင်ကြောက်သလိုလိုဖြစ်တယ်။အသက်အရွယ်ရလာတော့ name tag ကိုကြည့်ပြီးရင်းနှီးအောင်ပြော စျေးငြိတတ်လာတယ်။အသက်ကြီးလာတော့ ဒါတွေအလုပ်ရှုပ်တယ်။လိုင်စင်ကို သွားလေရာ ဆောင်ထားဖို့သတိကပ်လိုက်လာသလိုမျိုးပေါ့။ ငယ်ငယ်က motivation ရဖို့ ရှာတယ်။နောက် motivation ကို ဖန်တီးဖို့ကြိုးစားတယ်။နောက် motivation ကို ကြာရှည်ခံပြီးမပျောက်သွားအောင် စမ်းသပ်မှုတွေလုပ်တယ်။အခုကျတော့ ကိုယ်နဲ့ တစ်သားထဲဖြစ်သွားတယ်။ အသက် ၁၀၀ မနေရလဲပြဿနာပေါင်း ၁၀၀ မက ကြုံမှာပဲ။အရေးကြီးတာ ဒီပြဿနာတွေနဲ့ ကိုယ်နဲ့သူငယ်ချင်းဖြစ်ပြီး သူတို့ကို ထိန်းချုပ်နိုင်ဖို့ပဲ။ ပြဿနာတွေကို ချစ်ပါ။Troubleshoot လုပ်ဖြေရှင်းပါ။ပြဿနာရှိတာ ကျေးဇူးတင်ပါ။သူတို့မရှိရင် ကျွန်တော်တို့တိုးတက်နိုင်ဖို့ မလွယ်ဘူး။ နယ်ပယ်တစ်ခုမှာ နေရာတစ်ခုရတဲ့သူဆိုသူအောင်မြင်တာပဲ မြင်ကြတာသူပြဿနာတွေ ဘယ်လိုဖြေရှင်းခဲ့လဲဒါကိုလေ့လာပြီး အသုံးချနိုင်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek

ဘဝကို Troubleshoot လုပ်ပါ။ Read More »

ကိုယ့်ထက်အဆ တစ်ရာချမ်းသာတဲ့သူက
ကိုယ့်လို ပျော်နေချင်မှ ပျော်နေမှာ။

ကိုယ်လုပ်တဲ့အလုပ်မှာ စျာန်ဝင်ပြီးပျော်နေတာ ဘဝရဲ့ နိဗ္ဗာန်တစ်ခုပဲ။သူများနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျစရာမလိုဘူး။ Phyo Paing @ Derek

ကိုယ့်ထက်အဆ တစ်ရာချမ်းသာတဲ့သူက
ကိုယ့်လို ပျော်နေချင်မှ ပျော်နေမှာ။
Read More »