August 2021

လုပ်ငန်းရှင်တိုင်း မဖတ်မဖြစ် စာအုပ်

လုပ်ငန်းရှင်တိုင်း မဖတ်မဖြစ် စာအုပ် ========================= E-Myth Revisited ကအသေးစားစီးပွားရေးများ၏ ၈၀% ကျရှုံးရခြင်းအကြောင်းအရင်းနှင့်သင့်လုပ်ငန်း စနစ်များကို အခြေခံ၍ တည်ဆောက်ခြင်းအားဖြင့် ကိုယ်ပါဝင်စရာမလိုပဲ လည်ပတ်လို့ရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအ‌ဖြစ် တည်ဆောက်နိုင်ကြောင်း ရှင်းပြထားပါသည်။ E-myth ဆိုတာကတော့ Entrepreneurial Myth အတိုကောက်ဖြစ်ပြီး စွန့်ဦးတီထွင်အများစုမှာ ရှိသည့်ယုံကြည်မှုအမှားများဟု အဓိပ္ပာယ်ရပါသည်။ စာရေးသားသူ Michael E. Gerber (၁၉၃၆၊ ဇွန် ၂၀ တွင်မွေးဖွားသည့်) သည်အမေရိကန်စာရေးဆရာဖြစ်ပြီး Michael E. Gerber Group of Companies ကိုတည်ထောင်သူ၊ ကာလီဖိုးနီးယားပြည်နယ်၊ Carlsbad အခြေစိုက်စီးပွားရေးကျွမ်းကျင်မှုသင်တန်းကုမ္ပဏီဖြစ်သည်။ လုပ်ငန်းတစ်ခုတွင် Technician နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ၊ Manager စီမံခန့်ခွဲသူ နှင့် Entrepreneur စွန့်ဦးတီထွင် လူသုံးမျိုးလိုအပ်ပါသည်။ ကိတ်မုန့်ဆိုင်တစ်ခုနဲ့ […]

လုပ်ငန်းရှင်တိုင်း မဖတ်မဖြစ် စာအုပ် Read More »

ကိုယ့်ကိုကိုယ် မကူညီနိုင်ပဲ
သူတပါးကို ကူညီလို့မလွယ်ဘူး။

ဒီအယူအဆကို အမြဲလက်ခံထားတယ်။ ကိုယ်၊ ကိုယ့်ဝန်ထမ်း၊ ကိုယ့်မိသားစု၊ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံဒီလို တစ်ဆင့်ချင်းစီသွားတယ်။ ကိုယ့်ကိုကိုယ် ကောင်းအောင်မလုပ်ပဲဘယ်အရာကို ကောင်းအောင်သွားလုပ်နိုင်မလဲ? ကိုယ်ကမှ ပိုက်ဆံမရှိရင်၊ ဝန်ထမ်းတွေကိုလစာမပေးနိုင်ရင် ဘယ်လိုသွားလှူမလဲ။ ကိုယ်ကမှ စိတ်ဓာတ်ကျနေရင်တခြားသူတွေကို ဘယ်လိုသွားကူမလဲ? အရာရာ ကိုယ်က စတင်တာပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် မကူညီနိုင်ပဲ
သူတပါးကို ကူညီလို့မလွယ်ဘူး။
Read More »

အိမ်စောင့်တာ၊ Covid-19 တတိယလှိုင်းနဲ့၊လူတွေကြွေလွင့်ကြတဲ့အကြောင်းတွေနဲ့
စိတ်မထားတတ်ရင် မလွယ်တဲ့အခါသမယဖြစ်တယ်။

အပြစ်ပြောစရာတွေ၊စိတ်ညစ်မယ်ဆို ညစ်စရာများလှတဲ့ လူ့လောကမှာဘဝမှာ နေပျော်ချင်ရင် ကျေးဇူးတင်တတ်တဲ့စိတ်နဲ့အသက်ရှင်ဖို့ အရေးကြီးတယ်။ ဒီလိုအခြေအနေမျိုးမှာ လူသားအချင်းချင်း စာနာထောက်ထားကူညီပေးနေတဲ့ လူတွေရှိနေသေးတယ်။ကိုယ်ချစ်ရတဲ့သူတစ်ချို့ ကျန်းမာနေသေးတယ်။ အသက်ကို ဝဝရှူနိုင်နေသေးတယ်။ စားဝတ်နေရေးအတွက် ပူစရာမလိုဘူး။အနည်းဆုံး ဒီစာဖတ်နေသူကFacebook သုံးနိုင်နေသေးတယ်။ ဒါတွေက ကျေးဇူးတင်မယ်ဆိုကျေးဇူးတင်စရာတွေပဲ။ ကျေးဇူးတင်စိတ်ဟာ ကိုယ့်မှာမရှိတာတွေထက်ရှိတာတွေကို focus လုပ်စေတဲ့အတွက်Stress လဲ ပိုနည်းသွားမယ်။ Gratitude နဲ့ well-being လုပ်ထားတဲ့သုသေတနတွေက တွေ့ရှိချက်တွေမတူကြပေမယ့်ကျေးဇူးတင်စိတ်ထားခြင်းဖြင့်အများစုဟာ ကိုယ့်ကိုကိုယ်နဲ့ ပေါင်းသင်းဆက်ဆံရေးမှာ တိုးတက်လာတာကတော့တော်တော်များများ သုသေတနတွေမှာတွေ့ရတယ်။ Phyo Paing @ Derek

အိမ်စောင့်တာ၊ Covid-19 တတိယလှိုင်းနဲ့၊လူတွေကြွေလွင့်ကြတဲ့အကြောင်းတွေနဲ့
စိတ်မထားတတ်ရင် မလွယ်တဲ့အခါသမယဖြစ်တယ်။
Read More »