January 2022

ဘ၀မှာ ပေါက်ပန်းမဖြစ်ဖို့ အပျင်းကြီးနေလို့မရဘူး။

သူ့အလိုလို ပေါက်တာ အများစုက မြက်ပင်နဲ့ ပေါက်ပန်းပဲ။ တကယ်ကောင်းတာ လိုချင်ရင် သေချာစိုက်ပျိုးပေါင်းသင်ရတာ သဘာ၀ဘဲ။ ဘ၀မှာ ပေါက်ပန်းမဖြစ်ဖို့ အပျင်းကြီးနေလို့ မရဘူး။

ဘ၀မှာ ပေါက်ပန်းမဖြစ်ဖို့ အပျင်းကြီးနေလို့မရဘူး။ Read More »

Personal development ဆိုတာ
သင်တန်းတွေတက်ပြီး ဝူးဝူးဝါးဝါး
အော်တာတစ်ခုတည်းကိုပြောတာ
မဟုတ်ပဲ ကိုယ့်ရဲ့ စွမ်းဆောင်ရည်
Productivity ကိုတိုးတက်စေတဲ့
အရာမှန်သမျှကိုခေါ်တယ်။

Elon Musk က Personal development တို့Emotional mastery တို့လုပ်သလား?2021 နှစ်ကုန် Time Magazine မှာသူ့အကြောင်းရေးထားတယ်။ငယ်ငယ် တောင်အာရိကမှာနေတုန်းကတစ်ရက်ကို စာအုပ်နှစ်အုပ်ဖတ်တယ်တဲ့။နောက် ဖတ်စရာစာအုပ်ကုန်သွားတယ်တဲ့။ Personal development ဆိုတာသင်တန်းတွေတက်ပြီး ဝူးဝူးဝါးဝါးအော်တာတစ်ခုတည်းကိုပြောတာမဟုတ်ပဲ ကိုယ့်ရဲ့ စွမ်းဆောင်ရည်Productivity ကိုတိုးတက်စေတဲ့အရာမှန်သမျှကိုခေါ်တယ်။ Speed-reading စာဖတ်မြန်အောင်လေ့ကျင့်တာ၊မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့်တာ၊စိတ်အကြည်ဓာတ်မပျောက်ဖို့Emotional management လုပ်တာ၊အစားအသောက် plan သေချာလုပ်လေ့ကျင့်ခန်းလုပ်၊ အချိန်စီမံခန့်ခွဲတာ၊လူရှေ့သူရှေ့စကားထွက်ပြောတဲ့အခါလူတွေကိုယ့် presentation ကိုပြီးသွားမှာ စိုးရိမ်တဲ့အထိ skill ကိုမြင့်တာ၊ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်အောင်လုပ်တာကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင်လုပ်တာ အကုန်ပါတယ်။ Personal Development ကProfessional နဲ့ Business Development ရဲ့အုပ်မြစ်ပဲ။စိတ်ဓာတ်ကျတဲ့လုပ်ငန်းရှင် ဦးဆောင်တဲ့အောင်မြင်တဲ့လုပ်ငန်း မရှိသေးဘူး။ Phyo Paing @ Derek

Personal development ဆိုတာ
သင်တန်းတွေတက်ပြီး ဝူးဝူးဝါးဝါး
အော်တာတစ်ခုတည်းကိုပြောတာ
မဟုတ်ပဲ ကိုယ့်ရဲ့ စွမ်းဆောင်ရည်
Productivity ကိုတိုးတက်စေတဲ့
အရာမှန်သမျှကိုခေါ်တယ်။
Read More »

လူကြိုက်များတာဘဲ လုပ်လို့မရဘူး။

ကိုယ်ဖန်တီးလိုက်တဲ့Content အရည်အသွေးကကိုယ်ဆွဲဆောင်တဲ့Audience အရည်အသွေးပဲ။လူကြိုက်များတာပဲ လုပ်လို့မရဘူး။ Phyo Paing @ Derek

လူကြိုက်များတာဘဲ လုပ်လို့မရဘူး။ Read More »

အဓိက ‘အ’ သုံးလုံးကို အသုံးပြုနိုင်တဲ့အခါ ဘယ်မှာနေနေလူတွေမမှတ်မိလောက်အောင်တိုးတတ်ပြောင်းလဲနိုင်ပါတယ်။

ငယ်ငယ်က မြန်မာဇာတ်ကားတွေမှာအနောက်တိုင်းက ပြန်လာတဲ့အခါလူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလာတာကိုတွေ့ရမှာ ဖြစ်သလိုငယ်ငယ်က မြန်မာ့စာပေတွေမှာမောင်လူအေး ဘိလပ်ကပြန်လာတော့မြန်စာစကားမပြောတတ်တော့ပဲ“ရေချမ်းချမ်းတစ်ခွက်ပေးပါ” ဆိုတဲ့ဝတ္တုထဲကအကြောင်းအရာမျိုးလေးတွေဖတ်ဖူးလိမ့်မယ်။ ဆယ်တန်းပြီးတော့ Thomas Friedman ရဲ့The world is flat ဆိုတဲ့စာအုပ်ဖတ်လိုက်ရတဲ့အခါ အနာဂတ်အကြောင်းဘယ်လိုတွေ ဖြစ်နိုင်လဲဆိုတာခပ်ရေးရေးပုံဖော်လို့ရလာတယ်။ ၂၀၀၅ မှာ Internet ကို မန္တလေးမှာသုံးလို့ရတဲ့နေရာ KMD နဲ့ဆေးကျောင်းရှေ့က Japan Store ပဲရှိတယ်။KMD က တစ်နာရီ လေးရာ။စောင့်ပြီးသုံးရတယ်။asl pls ဆိုတဲ့ MIrc နဲ့ Meboo ခေတ်ကပေါ့။KMD က ညနေ ၆ နာရီပိတ်တော့Japan Store ညနေသွားတဲ့အခါတစ်နာရီငါးထောင်နဲ့ သွားသုံးခဲ့ရတဲ့ အချိန်တွေ။ YouTube သုံးနိုင်ဖို့အတွက်ဆိုတာDtunnel တို့လို Freedom VPN နဲ့မကောင်းတဲ့ line ကြားကဘာညာကျော်ခွရတဲ့အချိန်။ Metaverse ခေတ်မှာသူများတွေ Unreal

အဓိက ‘အ’ သုံးလုံးကို အသုံးပြုနိုင်တဲ့အခါ ဘယ်မှာနေနေလူတွေမမှတ်မိလောက်အောင်တိုးတတ်ပြောင်းလဲနိုင်ပါတယ်။ Read More »

ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာ
ဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။

အသည်းနာရတဲ့အချိန်တွေလူတိုင်းမှာရှိတတ်ကြတယ်။အများစုက ကိုယ်ချစ်တဲ့သူတွေကိုယ်မျှော်မှန်းထားသလိုမဟုတ်ပဲတလွဲတွေးပြီး၊ တလွဲလုပ်တဲ့အချိန်တွေဖြစ်ကောင်းဖြစ်နိုင်သလို၊ကိုယ်ထင်ထားတဲ့ လုပ်နိုင်စွမ်းမရောက်တဲ့အချိန်တွေဖြစ်ကောင်းဖြစ်နိုင်တယ်။ အစပိုင်းမှာ ပြောမယ်။နောက်ပြောပါများ မောလာတော့တွေ့တိုင်း အကြည်ဓာတ်ပျောက်မယ်။နောက် လျစ်လျူရှုလိုက်မယ်။နောက် တဖြည်းဖြည်း connectionမမိဖြစ်လာမယ်။​ဒါက သဘာဝ ဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်စဥ် တစ်ခုဖြစ်တယ်။ ဒီလို အချိန်နေကြုံတိုင်းဘဝနေထိုင်ရေး ဥပဒေသအသစ်တွေထုတ်ပြီး နေထိုင်ခြင်းအားဖြင့်နောက်ဖြတ်သန်းရမည့်ဘဝကပိုကောင်းလာနိုင်တယ်။ ဥပမာတွယ်တာစိတ် attachment ဆိုတဲ့အစားaffection ချစ်ခင်စိတ််နဲ့ ပေးဆပ်ဖို့ကြည့်တာမျိုး။ ဒါမှ မဟုတ် တခြားသူအပေါ်ထားတဲ့expectation တွေလျော့ပြီးကိုယ့်ကိုကိုယ်ပဲ မျှော်လင့်ချက်ထားထားမျိုး။ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။ လူတိုင်းတစ်နေ့သေရမှာဖြစ်တဲ့အတွက်တွယ်တာမှုတွေထားပြီး ကိုယ့်လိုအပ်ချက်ကိုသူ့ကို ဖြည့်ဆည်းခိုင်းမည့်အစားကိုယ်ချစ်တဲ့သူတွေကိုအရှိကိုအရှိအတိုင်း လက်ခံတာက ပိုကောင်းတဲ့နည်းလမ်းတစ်ခုပဲလို့ ခံယူထားလိုက်တယ်။ Phyo Paing @ Derek

ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာ
ဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။
Read More »

လူကြောနပ်ဖို့လိုတယ်။

ပန်းသီးတစ်လုံးကြွေကျလာတာကြည့်ပြီး ဘာကြောင့် “လ” ကကြွေကျမလာသလဲဆိုတဲ့မေးခွန်းမေးပြီး ကမ္ဘာ့ဆွဲအားlaw of gravity ကိုတွေ့ရှိခဲ့သူ၊ဒီဥပဒေသကို သက်သေပြဖို့သင်္ချာပညာ Calculus ကို တည်ထွင်ခဲ့သူSir Isaac Newton နယူတန်ကMulti-level marketing (MLM) နဲ့သိပ်မကွာတဲ့ Ponzi scheme ကြောင့်သူ့ဘဝနေဝင်ချိန်မှာ ငွေကြေးတွေဆုံးရှုံးခဲ့ရတယ်။​ ဒါကြောင့် စာပဲတတ်နေလို့မရဘူး။လူကြောလဲ နပ်ဖို့လိုတယ်။မားကတ်တင်းနဲ့ စီးပွားရေးလုပ်တဲ့အခါလူကြောနပ်ဖို့ အရမ်းအရေးကြီးတယ်။ Phyo Paing @ Derek

လူကြောနပ်ဖို့လိုတယ်။ Read More »

ကုန်ပစ္စည်းပဲထိုးရောင်းပြီး
အတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်
အတွေးအခေါ်ရှိတဲ့သူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။

Marketing မှာ Next Level ရောက်သွားရင်ဘယ်လိုလေးရောင်းလိုက်ပါတို့၊ဘယ်လိုလေးရေးတို့မပြောတော့ဘူး။ ကိုယ့်ရဲ့ religion ကိုယ်ဖန်တီးလာတယ်။ဒါကြောင့် Apple ကို Marketing လုပ်ပေးခဲ့တဲ့အခု Canva ကို Marketing လုပ်ပေးနေတဲ့Guy Kawasaki က သူ့ကိုယ်သူMarketer လို့မသုံးဘူး။Chief Evangelist လို့သုံးတယ်။တနည်းအားဖြင့် ကိုယ့် religion ထဲကိုပြောင်းလာဖို့လုပ်တဲ့သူ Evangelist တဲ့။ ကမ္ဘာ့ထိပ်တန်း Marketerအကုန်ကြည့်လိုက်ရင်သူတို့ promote လုပ်တဲ့ philosophy ရှိတယ်။​ Elon Musk ဆိုလဲ Evangelist ပဲ။Steve Jobs လဲ Evangelist ပဲ။Xiaomi ရဲ့ Lei Jun လဲ Evangelist ပဲ။ ကုန်ပစ္စည်းပဲထိုးရောင်းပြီးအတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်အတွေးအခေါ်မရှိတဲ့သူတွေပဲ ရင်ခုန်မှာပေါ့။ ဒါကြောင့် Marketing လုပ်တဲ့အခါကိုယ့်လုပ်ငန်းရဲ့ ယုံကြည်ချက်အတွေးအခေါ်အရေးကြီးတယ်။

ကုန်ပစ္စည်းပဲထိုးရောင်းပြီး
အတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်
အတွေးအခေါ်ရှိတဲ့သူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။
Read More »

တချို့သေးသေးလေးတွေက ကြီးမားတဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။

ကိုးတန်းတုန်းက ဆရာမြောက်ပေးတာနဲ့English – Myanmar သာလွန်Dictionary ကြီးကို သူငယ်ချင်းပေးလိုက်တယ်။Oxford English – English Dictionaryဝယ်ပြီး စလေ့လာတယ်။အဲ့မှာစ တိုင်ပတ်ပါလေရော။ ၈ တန်းထိက ကျောင်းပြေးလိုက်၊game နှိပ်လိုက်လုပ်ခဲ့တော့အခြေခံမရှိတဲ့အခါ တော်တော်ခက်တယ်။ဒါနဲ့ အလွယ်ဆုံးနည်းလမ်းရှာတော့ပထမဆုံးစကားလုံးတွေက အဓိကပဲ။ဒီ hack လေးကို apply လုပ်လိုက်တော့အရမ်းလွယ်သွားတယ်။ စာအုပ်ဖတ်ရင်လဲအလားတူပဲစာရေးဆရာတွေက ပထမအပိုဒ်ကိုအကောင်းဆုံး လက်စွမ်းပြလေ့ရှိတယ်။ဒါမှ သူ့စာဆက်ဖက်မှာကိုး။ တချို့သေးသေးလေးတွေကကြီးမားတဲ့ ရလဒ်ကောင်းတွေရစေနိုင်တယ်။​ Phyo Paing @ Derek

တချို့သေးသေးလေးတွေက ကြီးမားတဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။ Read More »

ဘူကောင်တိုက်ဖျက်ရေး = Mission (ဘူကောင် = unhappy and unlucky)

ဒီ Page ရဲ့ ရည်ရွယ်ချက်ကဘူကောင်တိုက်ဖျက်ရေးဖြစ်တဲ့အတွက်ဘူကောင်တွေကို ban တာ အမြဲလုပ်တယ်။ဒါကြောင့် Page မှာရောAccount မှာပါ ဘူကောင်ကင်းစင်နယ်မြေဖြစ်နေခြင်းဖြစ်တယ်။ အကြည်ဓာတ်တွေပဲ ပေးချင်တယ်။ဘာကြောင့်လဲဆိုတော့ဓာတ်ဆိုတာ ကူးစက်တတ်တဲ့သဘောရှိတယ်။ ဘူကောင်တွေက အမြဲမပျော်၊ကံမကောင်းဖြစ်နေပြီးပြစ်တင်ပြောဆို Blameငြီးထွား Complain လုပ်တတ်တဲ့သဘာဝတွေရှိသလိုအကျိုးမရှိပဲ အငြင်းသန်တဲ့သဘောသဘာဝတွေရှိတယ်။ကိုယ်လိုချင်တာကို သေချာမသဲကွဲဘူး။မလိုချင်တာတွေကိုပဲပြောတတ်တဲ့သဘာဝရှိတယ်။အလုပ်ကိုလက်ကြောတင်းအောင်မလုပ်ချင်ဘူး။ရလဒ်ကိုတော့ အများကြီးရချင်တယ်။ဒါကို work smart ဆိုပြီးခဏခဏပြောတတ်လေ့ရှိတယ်။ အားလုံးရဲ့ productivity စွမ်းဆောင်ရည်နဲ့profit အမြတ်ငွေ တိုးတက်ဖို့အကြည်ဓာတ်လိုတယ်။ဒီအကြည်ဓာတ်တွေ ထုတ်လွင့်ပြီးအားကောင်းစေဖို့ဘူကောင်တိုက်ဖျက်ရေးကိုစတင်ခဲ့တယ်။ Phyo Paing @ Derek

ဘူကောင်တိုက်ဖျက်ရေး = Mission (ဘူကောင် = unhappy and unlucky) Read More »

တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ် လေးငါးနာရီလောက်တော့
အချိန်ပေးဖို့လိုတယ်။

4-9 AM က တစ်ရက်တာအလုပ်တွေ မလုပ်ခင်ကိုယ့်ကိုကိုယ် training ဆင်းတဲ့အချိန်ပဲ။ စာဖတ်၊ တရားထိုင်၊ ဘာသာစကားလေ့ကျင့်၊သက်ဆိုင်ရာပညာရပ်လေ့လာ၊လေ့ကျင့်ခန်းလုပ်၊ကိုယ့်လုပ်ရပ်တွေကို ပြန်လည်သုံးသပ်၊အနာဂတ်အတွက်အချိန်ပေးစဉ်းစားတဲ့အချိန်ပဲ။ တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ်လေးငါးနာရီလောက်တော့အချိန်ပေးဖို့လိုတယ်။ ဒီလိုအချိန်ပေးနိုင်ဖို့ အလုပ်ကိုသေချာစနစ်ချ design လုပ်ဖို့လိုတယ်။ဒါကို lifestyle design လို့ခေါ်တယ်။ Phyo Paing @ Derek

တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ် လေးငါးနာရီလောက်တော့
အချိန်ပေးဖို့လိုတယ်။
Read More »