ငွေရေးကြေးရေး
ငယ်ငယ်တက်ကျမ်းတွေ ဘာတွေအရမ်းဖတ်တော့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေRich Dad Poor Dad ကိုရေးတဲ့Robert Kiyosaki ရဲ့ အယူအဆတစ်ခုကခေါင်းထဲ အရမ်းစွဲနေတယ်။ Cashflow is King တို့Cashflow > Capital Gain တို့ကFinancial Decision အများစုကိုလွမ်းမိုးနေတယ်။ ကိုယ့်ကို ငွေရှာပေးတဲ့အရာတွေမှာငွေသုံး မနှမြောဖို့၊လူအထင်ကြီးဖို့ထက် ကိုယ်ပျော်တဲ့အရာမှာသုံးစွဲဖို့ အဓိကစဉ်းစားတယ်။ ဘယ်သူပဲဖြစ်ဖြစ် Financial Educationသိထားမှာ မှန်ကန်တဲ့ Financial decisionချမှတ်လို့ရမှာ။ တခါတလေ အလုပ်လုပ်တာ ဒီလောက်ကြာပြီဘာပိုင်ဆိုင်မှုတွေ ရှိနေပြီလဲဆိုတဲ့ မေးခွန်းကမှားတယ်။ ပိုင်ဆိုင်မှုရှိပြီး ဒီပိုင်ဆိုင်မှုကငွေပြန်မရှာပေးရင် revenue-producing assetမဟုတ်တဲ့အတွက် အဖိုးမတန်ဘူး။ မှန်ကန်တဲ့မေးခွန်းက အလုပ်လုပ်တာဒီလောက်ကြာပြီ တစ်လတစ်လPositive Cashflow ဘယ်လောက်ရှိလဲဖြစ်ရမယ်လို့ထင်တယ်။ လူတိုင်း တိုင်းတာတဲ့ metrics တွေတော့မတူဘူး။ကျွန်တော်ကတော့ Cashflow is king […]