January 2022

Personal mission

တခါက ဒေါ်အောင်ဆန်းစုကြည်ကိုKorean ကောင်မလေးတစ်ယောက်ကWhat’s your dream, Madam?လို့ မေးတယ်။ကျွန်မရဲ့ အိမ်မက်ကတော့ကျွန်မရဲ့လူတွေကို ကမ္ဘာကြီးအတွက်ပိုကောင်းတဲ့အနာဂတ်တွေဖန်တီးနိုင်တဲ့အခွင့်အရေးတွေ ဖန်တီးပေးချင်တယ်တဲ့။ ဒါကို Personal Mission လို့ခေါ်တယ်။ဒီ ကိုယ့်ရဲ့သမိုင်းပေးတာဝန်ကိုသိတဲ့လူတစ်ယောက်က နေ့စဉ်ဘဝဖြတ်သန်းရတာဘယ်လိုအခြေအနေမျိုးဖြစ်နေနေကိုယ့်ရဲ့လုပ်ရပ်တွေအတွက် ဂုဏ်ယူပြီးဘဝအဓိပ္ပာယ်ရှိနေတယ်ကြတယ်။ Lee Kuan Yew ရဲ့ သမိုင်းပေးတာဝန်ကတတိယကမ္ဘာတွေကြားမှာပထမနိုင်ငံ အိုအေစစ်ဖန်တီးတာဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ သမိုင်းပေးတာဝန်ကကိုယ့်ကိုကိုယ် အကောင်းဆုံးဖန်တီးနေရင်းတခြားသူတွေကိုလဲ သူတို့ကိုယ်ကိုအကောင်းဆုံးဖန်တီးနိုင်အောင်ကူညီပေးမယ်။ Phyo Paing @ Derek

Personal mission Read More »

Plan ဆိုတာ အမြဲချနေရတာမျိုး။

Plan ဆိုတာ အမြဲချနေရတာမျိုး။ လုပ်ငန်းရှင်တချို့ထင်ကြတာ ကျွန်တော်ကို Business Plan ဆွဲပေး၊ Marketing Plan ဆွဲပေးဆိုပြီးတစ်ခါတည်းပြီးသွားမည့်အမျိုးလို့ထင်ကြတယ်။ Plan ဆိုတာ အဖြစ်အပျက်တစ်ခုမဟုတ်ပါဘူး။ Plan ဆိုတာ ဖြစ်စဥ်တစ်ခုပါ။နောက်တစ်ပတ်လုပ်မည့်အစီအစဥ်ဟာဒီရက်ပိုင်းမှာ ဖြစ်ပျက်မှုတချို့ကြောင့်အပြောင်းအလဲရှိနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့် Plan ကိုအမြဲ update လုပ်နေဖို့ လိုအပ်တယ်။ New Year ညမှာ ၂၀၂၂ အတွက် plan ဆွဲပြီး တစ်ခါတည်းအကောင်ထည်ဖော်တယ်ဆိုတာ အကောင်ဆုံးနည်းလမ်းဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ကိုယ့် plan အကောင်အထည်ဖော်နေတုန်းမှာ အသိဥာဏ်သစ်တွေ၊ အတွေ့အကြုံသစ်တွေသင်ခန်းစာသစ်တွေက ကိုယ့်ကိုသင်ကြားပေးသွားမှာဖြစ်တယ်။ ဒါကြောင့် Plan ဆိုတာ အမြဲ updateလုပ်နေရတဲ့ Process ဖြစ်တယ်။ဒီလို အမြဲ update လုပ်နေရတဲ့ process အတွက်Plan ချနည်းစနစ် Framework

Plan ဆိုတာ အမြဲချနေရတာမျိုး။ Read More »

လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက်
အရေးအကြီးဆုံးအရာက ဘာဖြစ်မလဲ?

လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် အရေးအကြီးဆုံးအရာက ဘာဖြစ်မလဲ? သုတေသနတစ်ခုအရ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ အရေးအကြီးဆုံးအရာက Timing (အချိန်ကောင်း) ဖြစ်ပါတယ်။ အချိန်ကောင်းဆိုတာ Opportunity နဲ့ Preparation ဆုံတွေ့တဲ့ အခါမှာ ဖြစ်ပေါ်ပါတယ်။ ဒီလို အခွင့်အလမ်းနဲ့ ထိပ်တိုက်ဆုံမှာ ကြိုတင်စီမံမှု Planning အရေးကြီးပါတယ်။ ဒီလို Planning လုပ်ဖို့ Akyanpay မှAkyanpay Creator Studio (ACS) ဆိုတဲ့Planning Tool တစ်ခုကို ဖန်တီးပေးထားပါတယ်။ ===============================နောက်ပြီး လူအများစုသိချင်နေတဲ့ အမေးများတဲ့ Akyanpay မေးခွန်းများကို ဖြေကြားပေးလိုက်ပါတယ်။=============================== Q: အကြံပေး (Akyanpay) ဆိုတာ ဘာလဲ?A: Akyanpay ဆိုတာ လုပ်ငန်းရှင်တွေနဲ့ manager တွေကို “Plan ချရာမှာ” ကူညီပေးဖို့ business

လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက်
အရေးအကြီးဆုံးအရာက ဘာဖြစ်မလဲ?
Read More »

ကိုယ့်လမ်းကိုယ်လျှောက်

ဘေးလူစကားနားထောင်ငြားကသွားမည့်အရေး တစ်လှမ်းနှေး၏။ငယ်ငယ်တုန်းက မှတ်ဖူးတာလေး။ဒီနေ့အထိအသုံးပြုနေတယ်။ Phyo Paing @ Derek

ကိုယ့်လမ်းကိုယ်လျှောက် Read More »

Principles

Billionaire Ray Dalio ရဲ့Principles စာအုပ်ထဲကစာကြောင်းတစ်ကြောင်းကိုအရမ်းသဘောကျတယ်။“လူအများစုဟာဘာသာတရားနဲ့ legal framework တွေ၊ယဥ်ကျေးမှု သတ်မှတ်ချက်တွေရဲ့pre-packaged principles တွေကြားကရုံးမထွက်နိုင်ကြဘူးတဲ့။” ဥပမာ ဒီဘဝမှာ ဒုက္ခရောက်တာအရင်ဘဝက မကောင်းတာလုပ်ခဲ့လို့ဆိုတဲ့guilty ဖြစ်အောင် လုပ်တဲ့ အယူအဆမျိုး။လူသားတွေအားလုံးဟာ အပြစ်ရဲ့သားကောင်ပါဆိုတဲ့ sinner ဆိုတဲ့guilty ဖြစ်အောင်လုပ်ပြီးလူတွေကို religion နဲ့ ထိန်းချုပ်ခဲ့ကြတယ်။ လူသားတွေရဲ့ Psychological safetyပြဿနာကိုဖြေရှင်းပေးဖို့ Religion ဆိုတာပေါ်ပေါက်လာတယ်။ အနောက်တိုင်းကနေ Colony ပြုတော့ပထမဆုံး export လုပ်တာ religion ပဲ။အာသောကမင်းကြီးလက်ထက်မှာBuddhism ကိုပြန့်အောင်လုပ်ခဲ့တယ်။​တရုတ်က သူ့နိုင်ငံနဲ့ ယဥ်ကျေးမှုကိုပြန့်ဖို့ရာConfucius Center ဆိုတာလုပ်တယ်။​Empire တစ်ခု တည်ဆောက်ဖို့philosophy တစ်ခု၊ Belief System တစ်ခုကိုပြန့်အောင်လုပ်ပြီးလူအများလက်ခံဖို့လိုတယ်။ Empire တစ်ခုတည်ဆောက်ဖို့philosophy တစ်ခု၊ ယုံကြည်မှုတစ်ခုကိုပြန့်ပွားအောင် propagade လုပ်တဲ့အခါတချို့ message

Principles Read More »

Learning and Growth

အဖြစ်လုပ်တာနဲ့အလုပ်ဖြစ်အောင်လုပ်တာ မတူဘူး။အလုပ်ဖြစ်အောင်လုပ်ဖို့ဘယ်အရာက အလုပ်ဖြစ်တယ်၊ဘယ်အရာက အလုပ်မဖြစ်ဘူးပြန်လည်သုံးသပ်ပြီးပြုပြင်သွားဖို့လိုတယ်။ လိုအပ်တဲ့ Learning & Growth လုပ်မနေပဲ၊ငွေရေးကြေးရေး၊ စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေးအလိုလို တိုးတက်မလာဘူး။ စီမံခန့်ခွဲမှုမှာ ပြောနေကျစကားလိုအလိုလိုပေါက်တာဆိုလို့အများဆုံးကတော့ မြက်ပင်ပဲရှိတယ်။လှပတဲ့သစ်ပင်ပန်းမံတွေပွင့်ဖို့တော့စနစ်တကျ ပြုစုပျိုးထောင်ရတယ်။ Phyo Paing @ Derek

Learning and Growth Read More »

အိမ်မက်တွေရှိရုံနဲ့ ဖြစ်မလာဘူး

အိမ်မက်တွေရှိရုံနဲ့ ဖြစ်မလာဘူး။အိမ်မက်ဆိုတဲ့ dream တွေကိုအကောင်အထည်ဖော်ဖို့desire (burning desire) ပြင်းပြတဲ့စိတ်ဆန္ဒလိုတယ်။ပြင်းပြတဲ့စိတ်ဆန္ဒတွေကိုပုံမှန်လည်ပတ်တဲ့ daily habits အဖြစ်ပြောင်းလဲဖို့လိုတယ်။ အိမ်မက်တွေဘယ်လောက်ကြီးကြီး၊စိတ်ဆန္ဒဘယ်လောက်ပြင်းပြပြနေ့စဥ် Daily habits တစ်ခုမဖြစ်သမျှဖြစ်ချင်တာတွေအားလုံး ဆုတောင်းList ထဲမှာပဲ ရှိနေမှာပဲ။Dream -> Desire -> Daily Habits Phyo Paing @ Derek

အိမ်မက်တွေရှိရုံနဲ့ ဖြစ်မလာဘူး Read More »

Professional ဆိုတာ

စိတ်ပါပါမပါပါ ကိုယ်လုပ်တဲ့အလုပ်ကိုအကောင်းဆုံး တာဝန်ကျေပြီးရလဒ်ကောင်းအောင်လုပ်တာProfessional ဖြစ်တယ်။ Amateur တွေက စိတ်ပါမှ လုပ်တဲ့အချိန်Top Performer တွေက စိတ်ပါပါမပါပါအကောင်းဆုံးလုပ်သွားတဲ့အခါသူ့အလေ့အကျင့်က သူ့ကိုဦးဆောင်သွားတယ်။ စိတ်ဓာတ်ကျလို့ performance မကောင်းဘူးဆိုတာprofessional မဆန်တာပဲ။ Phyo Paing @ Derek

Professional ဆိုတာ Read More »

လူတိုင်းကို ရောင်းချင်စိတ်ဖျောက်ဖို့လိုတယ်။

စျေးကွက်ဝေစုများရင် အမြတ်များတယ်ပိုအောင်မြင်တယ်ဆိုတဲ့အယူအဆ အမှားတစ်ခုရှိတယ်။ 2014 MBA အတွက် Thesis လုပ်တုန်းက IDC report အရ iPhone ရဲ့ market share က 10% လောက်ပဲရှိပြီးစျေးကွက်တစ်ခုလုံးအမြတ်ငွေရဲ့90% နည်းပါးကို သဲ့ယူသွားခဲ့တယ်။ Market Share ထက်Share of Wallet (SOW) ပိုအရေးကြီးလာတယ်။Customer တွေ ကိုယ့်အမှတ်တံဆိပ်အတွက်ငွေဘယ်လောက်သုံးမလဲဆိုတာပိုအရေးကြီးတယ်။ ဒါကြောင့် အရင် Marketing မှာအသုံးပြုခဲ့တဲ့Leader နဲ့ Follower Concept မှာ Nicher concept ကို ဒီနေ့ခေတ်ရဲ့ winning formula ပဲ။ဘာကြောင့်လဲဆိုတော့ Riches in the Niches ဆိုတဲ့ စကားရှိတယ်။ ဒါကြောင့် စျေးကွက်ဝေစုများဖို့တဲ့ ဖောက်သည် အရွေးမှန်ဖို့နဲ့လူတိုင်းကို ရောင်းချင်စိတ်ဖျောက်ဖို့လိုတယ်။

လူတိုင်းကို ရောင်းချင်စိတ်ဖျောက်ဖို့လိုတယ်။ Read More »

အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့်

ကြီးကျယ်တဲ့အပြောင်းအလဲလုပ်ဖို့အများကြီးလိုချင်မှ လိုလိမ့်မယ်။တစ်ခုခု၊ တစ်ယောက်ယောက်ကိုကိုယ့်ဘဝထဲက ခဏဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ထားဖို့ပဲလိုတာ ဖြစ်နိုင်တယ်။ အလုပ်ထွက်ပြီး ကိုယ်တိုင်စတော့အိမ်နဲ့သုံးလ အဆက်အသွယ်မလုပ်ဘူး။ရစေချင်တဲ့ဘွဲ့ ကတိအတိုင်းယူပေးခဲ့ပြီးပြီ။ ရှေ့ဆက်မည့် ဘဝကတော့ကိုယ်သွားချင်တဲ့ဘဝ၊ ကိုယ့်အတွေးနဲ့ယုံကြည်မှုနဲ့တည်ဆောက်မှာဖြစ်တဲ့အတွက်Instruction တွေ၊ အထင်အမြင်တွေနဲ့လမ်းမလွဲချင်ဘူး။ တခါတလေ ပိုကောင်းတဲ့အပြောင်းအလဲတစ်ခုအတွက်ကိုယ်ချစ်တဲ့သူတွေကို ခဏဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့်တွေရှိကောင်းရှိရနိုင်တယ်။ Phyo Paing @ Derek

အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့် Read More »