February 2022

ကိုယ်စဉ်းစားတဲ့ပုံစံက ကိုယ့်လုပ်ငန်း နောက်ဆက်သွားမည့် လမ်းကြောင်းပေါ်သက်ရောက်မှု အများကြီးရှိတယ်။

Facebook (Meta) က Social Media Company လို့မစဉ်းစားဘူး။Communication Company လိုစဉ်းစားတယ်။ Tik Tok (Byte Dance) က သူ့ကိုယ်သူVideo-sharing company လို့မစဉ်းစားဘူး။AI company လို့စဉ်းစားတယ်။ MI (Xiaomi) က သူ့ကိုယ်သူ Phone Company လို့မစဉ်းစားဘူး IoT တွေအသုံးပြုတဲ့နေ့စဉ်သုံးပစ္စည်းတွေထုတ်တဲ့Lifestyle Company လို့စဉ်းစားတယ်။ ဒီနေ့ connecting people ဆိုတဲ့Nokia ထက် Facebook, Messenger,WhatsApp ကိုအသုံးပြုလာတယ်။ ကိုယ်စဉ်းစားတဲ့ပုံစံက ကိုယ့်လုပ်ငန်းနောက်ဆက်သွားမည့် လမ်းကြောင်းပေါ်သက်ရောက်မှု အများကြီးရှိတယ်။ Phyo Paing @ Derek

ကိုယ်စဉ်းစားတဲ့ပုံစံက ကိုယ့်လုပ်ငန်း နောက်ဆက်သွားမည့် လမ်းကြောင်းပေါ်သက်ရောက်မှု အများကြီးရှိတယ်။ Read More »

ကိုယ့်ကုန်ပစ္စည်းကို ကိုယ်အရင်
ကြွေဖို့လိုတယ်။

ဒါမှ တခြားသူတွေကိုကြွေအောင် လုပ်နိုင်မှာ။ကိုယ်မယုံကြည်တဲ့ပစ္စည်းမရောင်းတာ အကောင်းဆုံးပဲ။ Phyo Paing @ Derek

ကိုယ့်ကုန်ပစ္စည်းကို ကိုယ်အရင်
ကြွေဖို့လိုတယ်။
Read More »

မိတ်ဆွေနှစ်မျိုးရှိတယ်။

ကိုယ့်ကို အကောင်းဆုံး အောင်မြင်စေတဲ့မိတ်ဆွေ။နောက်တစ်မျိုးက သူတို့ထက်သာသွားမှာ ကြောက်တဲ့မိတ်ဆွေ။ ဒီနှစ်ခုကိုခွဲခြားသိပြီးပထမတစ်ယောက်နဲ့ ပိုပေါင်းဖို့လိုတယ်။ လူတစ်ယောက်ရဲ့တန်ဖိုးကိုသိချင်ရင် သူနဲ့အလုပ်လုပ်တဲ့သူတွေတိုးတက်သွားသလား၊ဒုံရင်းဒုံရင်းပဲလားနဲ့ ကြည့်လို့ရတယ်။ Phyo Paing @ Derek

မိတ်ဆွေနှစ်မျိုးရှိတယ်။ Read More »

မနေ့ကနဲ့ နှိုင်းယှဉ်ပါ။
မရောက်သေးတဲ့
မနက်ဖြန်နဲ့ မနှိုင်းယှဉ်ပါနဲ့။

မရောက်သေးတဲ့ မနက်ဖြန်အိမ်မက်တွေနဲ့နှိုင်းယှဉ်ရင်ဒီနေ့က လိုအပ်ချက်တွေဖြစ်နေအုံးမယ်။ မကျေနပ်ချက်တွေနဲ့ နေမည့်အစားမနေ့ကနဲ့ နှိုင်းယှဉ်ပြီးပိုကောင်းအောင်လုပ်ဖို့လိုတယ်။ မနေ့ကထက်ပိုကောင်းလာတဲ့တိုးတက်မှုခံစားချက်က တွန်းအားပိုဖြစ်စေတယ်။ ဒါကြောင့်မနေ့ကထက် ဒီနေ့ပိုကောင်းနိုင်တယ်။သူများနဲ့လဲ မနှိုင်းယှဉ်နဲ့။ Phyo Paing @ Derek

မနေ့ကနဲ့ နှိုင်းယှဉ်ပါ။
မရောက်သေးတဲ့
မနက်ဖြန်နဲ့ မနှိုင်းယှဉ်ပါနဲ့။
Read More »

ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့
အတွက် ပြဿနာတိုင်းအောက်မှာ
မြုပ်ခံမလား၊
ပြဿနာတွေကို အားယူ
လှေကားထစ်လုပ် ပြန်တက်မလား။

အိမ်မှာ သုံးမရတဲ့ ၇၅ ကျပ်တန်တွေတွေ့တော့အဖွားကို ငယ်ငယ်ကမေးခဲ့ဖူးတယ်။မျက်ရည်ဝဲဝဲနဲ့ ဖြေရှာတယ်။ ဒုက္ခဆိုတာ ဒီနေ့ခေတ်မှကြုံတာမဟုတ်ဘူး။ဦးနေဝင်းလုပ်လို့ နောက်နေ့မနက်ပြည်သူပိုင် သိမ်းခံရလို့ရူးမတတ်ဖြစ်ပြီး ရပ်သွားတဲ့သူတွေရှိသလိုသင်ခန်းစာယူ အသစ်ပြန်စနေရာတစ်ခု အခြေချသူတွေရှိတယ်။ ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့အတွက် ပြဿနာတိုင်းအောက်မှာမြုပ်ခံမလား၊ပြဿနာတွေကို အားယူလှေကားထစ်လုပ် ပြန်တက်မလား။ 2022 ရဲ့ goal က limitless stoic တစ်ယောက် ဖြစ်လာဖို့ဖြစ်တဲ့အတွက်ဒုတ်ပြီးဓားပြီးဖြစ်သလိုစိတ်ညစ်စရာ BS တွေ proof ဖြစ်ဖို့နေ့စဉ် ကိုယ့်ကိုကိုယ်Mentally, Physically လေ့ကျင့်နေတယ်။ 2030 လောက်အတွက်ပဲ စဉ်းစားထားလိုက်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့
အတွက် ပြဿနာတိုင်းအောက်မှာ
မြုပ်ခံမလား၊
ပြဿနာတွေကို အားယူ
လှေကားထစ်လုပ် ပြန်တက်မလား။
Read More »

တချို့ Rules တွေက ချိုးဖောက်ဖို့လိုတယ်။

လူတွေကို Brainwash လုပ်ထားတဲ့အရာတွေ အများကြီးရှိတယ်။ Culture ယဥ်ကျေးမှုအရ၊ Social Structure အရတည်ဆောက်ထားတဲ့role တွေကြားမှာ မတူတဲ့ မျက်နှာဖုံး Mask တွေနဲ့ ရှင်သန်လှုပ်ရှားကြတဲ့ လူ့ဘဝကြီးမှာ ကိုယ့် အထာနဲ့ ကိုယ်နေဖို့ Cultural Escape လုပ်ဖို့လိုတယ်။ တချို့ သတ်မှတ်ချက်တွေက အဓိပ္ပာယ်မရှိတဲ့အတွက် B.S rules တွေဖြစ်တယ်ဆိုပြီးစာရေးဆရာတစ်ယောက်က Brule ဆိုပြီးတောင် ရေးခဲ့တာဖတ်ဖူးတယ်။ ငယ်ငယ်က ဒီအေးချမ်းမှုကို နေရာစုံမှာ လိုက်ရှာခဲ့ဖူးတယ်။ နောက်ပိုင်းမှာ လူတွေကို ထိန်းချုပ်ထားတဲ့ကြိုးတွေက လူတွေသတ်မှတ်ထားတဲ့တချို့ အဓိပ္ပာယ်မရှိတဲ့ Rule တွေဖြစ်တယ်။ ဥပမာ စာကြာကြာအာရုံစိုက်ဖတ်မှပိုနားလည်စေတယ်ဆိုတဲ့ အယူအဆမျိုး။ အနာမခံ အသာမစံဆိုတဲ့ အယူအဆမျိုး။ (နည်းစနစ်မှန်ရင် အနာခံစရာမလိုပါဘူး။)Professional ပညာရပ်လေ့လာပြီးရင်တစ်သက်လုံး ဒီအသက်မွေးဝမ်းကျောင်းနဲ့ အသက်မွေးရမယ်ဆိုတာမျိုး။ Artistic ဖြစ်ရင်

တချို့ Rules တွေက ချိုးဖောက်ဖို့လိုတယ်။ Read More »

လူတိုင်းက Trainer ပဲ။

လူတွေကိုယ့်ကို၊ ကိုယ့်လုပ်ငန်းကိုဘယ်လိုဆက်ဆံစေချင်လဲနေ့စဉ် Train ပေးနေရတယ်။တချို့က လောကရဲ့အထုအထောင်းကြားမှာကိုယ့်ကိုကိုယ် trainer လို့ မေ့နေတတ်တယ်။ Phyo Paing @ Derek

လူတိုင်းက Trainer ပဲ။ Read More »

လူအများစုက စာဖတ်ကြတယ်။
ဒါပေမယ့်စာအုပ်ကပေးချင်တဲ့
Central idea မရသွားကြဘူး။

ဥပမာ ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေRich Dad Poor Dad ဖတ်ဖူးလားဆိုဖတ်ဖူးတယ်။သူ့ရဲ့ central idea ဘာလဲ၊စာရေးဆရာက ဘယ်လိုရေးထားသလဲဆိုခေါင်းကုတ်တတ်ကြတယ်။ Think and Grow Rich ဆိုလဲဆရာရွှေဥဒေါင်းရေးတာ ဖတ်ဖူးတာပေါ့။ဒါဆို central idea ဘာလဲဆိုအင်းအင်းအဲအဲ ဖြစ်တတ်တယ်။ အဲ့လိုပဲကိုယ်နေ့စဉ်လုပ်နေတဲ့အလုပ်မှန်မမှန် ပြန်လည်သုံးသပ်တဲ့အချိန်လိုတယ်။ Phyo Paing @ Derek

လူအများစုက စာဖတ်ကြတယ်။
ဒါပေမယ့်စာအုပ်ကပေးချင်တဲ့
Central idea မရသွားကြဘူး။
Read More »

ကိုယ့်ကိုကိုယ် ဆုလဒ်လို့စဉ်းစားပါ။

ကိုယ်က ဆုလဒ်ပဲ။你就是奖品 ကိုယ်က ဆုတံဆိပ်လို့မှတ်ယူဖို့လိုတယ်။ဒီအတွေးအခေါ်ကို တခြားသူတွေပါဟိုးအရင်ကတည်းက ပြောပြဖြစ်တယ်။ စီးပွါးရေးမှာ ကိုယ်ကနေနောက်ကလိုက်ရောင်းနေတာထက်ကိုယ့်ဆီလာအောင် ခံယူချက်အရေးကြီးတယ်။ဒါကတော့ ကိုယ့်ကိုကိုယ်ကိုယ့်လုပ်ငန်းကိုကိုယ် ကိုယ့်ဖောက်သည်တွေအတွက်ဆုတံဆိပ်ပေးတယ်ဆိုတဲ့ စိတ်ထားဖို့လိုတယ်။ အချစ်ရေး relationship မှာလဲတူတူပဲ။သူနဲ့တွေ့လို ကိုယ်ကံကောင်းတာမဟုတ်ဘူး။ကိုယ်နဲ့တွေ့လို့ သူကံကောင်းတာ။ HR မှာလဲ အလားတူပဲ။သူရှိလို့ ကိုယ့်လုပ်ငန်းရပ်တည်တာမဟုတ်ဘူး။ကိုယ့်လုပ်ငန်းလည်ပတ်လို့ Top Talent ရှိတာ။ ဒီအတွေးအခေါ်က radical ဆန်ပေမယ့်ဘဝအမြင်ကို လှုပ်ခတ်ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။ ကိုယ့်ကိုကိုယ် အမှိုက်လို့စဉ်းစားတာ၊အသုံးမကျဘူးလို့ စဉ်းစားတာ၊လိုအပ်နေသေးတယ်လို့စဉ်းစားပြီးစိတ်ညစ်တတ်တာ ဖျောက်ပါ။ကိုယ့်ကိုကိုယ် ဆုလဒ်လို့စဉ်းစားပါ။ Your are the reward. ဆုတံဆိပ်နဲ့ထိုက်တန်တဲ့သူကဆုရမှာပဲ။မထိုက်တန်တဲ့သူက သာမာန်ပဲရမှာပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဆုလဒ်လို့စဉ်းစားပါ။ Read More »