March 2022

အချိန်ကို စီမံတာထက်
Energy ကို စီမံဖို့လိုတယ်။
Energy ဆိုတာ Emotion ကလာတယ်။
စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။

စာအရှည်ကြီးရေးပြီး Facebook technical errors ကြောင့်အကုန်ပျက်သွားတယ်။ အဓိကအကြောင်းအရာကတော့ လူတွေမှာ ရှိတဲ့အဓိက အရင်းအမြစ်က ကျန်းမာရေးနဲ့ အချိန်။ ဒီနှစ်ခုကြောင့် Energy ဖြစ်လာတယ်။ဒီ Energy က လိုချင်တဲ့အရာတွေကို ဖော်ဆောင်ပေးတယ်။ အချိန်ကို စီမံတာထက်Energy ကို စီမံဖို့လိုတယ်။ Energy ဆိုတာ Emotion ကလာတယ်။စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။ Emotion ဆိုတာ အလိုအလျောက်တုန့်ပြန်တာ။ သုံးသပ်မှုထည့်လိုက်ရင် Feeling ဖြစ်သွားတယ်။ ကိုယ့် ခံစားမှုတွေကိုစီမံခန့်ခွဲဖို့ သုံးသပ်မှုဖြစ်စဥ်လိုတယ်။ ဒီ သုံးသပ်မှုဖြစ်စဥ်ကို ရေးချပြီး နေ့စဥ်လေ့လာလို့ရတယ်။ ကိုယ်တိုင်လဲလုပ်ခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။ ကိုယ့်အတွေး၊ ခံစားချက်၊ တုန့်ပြန်မှု၊လုပ်ရပ် နဲ့ ထပ်နေတဲ့ pattern တွေသိရှိခြင်းဟာ ဘဝတည်ဆောက်ရေးမှာအခရာ ကျတယ်။ ပြန်လည်သုံးသပ်မှုဖြစ်စဥ်မှာ ဒီမေးခွန်း လေးခုမေးလို့ရတယ်။ […]

အချိန်ကို စီမံတာထက်
Energy ကို စီမံဖို့လိုတယ်။
Energy ဆိုတာ Emotion ကလာတယ်။
စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။
Read More »

လူတိုင်းက မြင်ကြတယ်။
လူတိုင်း တွေ့ချင်မှ တွေ့ကြမယ်။

ပန်းချီဆရာတစ်ယောက်ရှုခင်းနဲ့ ပုံတွေကြည့်တာနဲ့သာမာန်လူကြည့်တာ မြင်တဲ့မြင်ကွင်းတူပေမယ့်တွေ့ရှိတာတွေ မတူနိုင်ဘူး။ ဂီတသမားတစ်ယောက်သီချင်းနားထောင်ပုံနဲ့သာမာန်လူတစ်ယောက်နားထောင်ပုံနဲ့ ကြားတဲ့အကြားသိရှိခံစားနားလည်ပုံကမတူနိုင်ပြန်ဘူး။ မားကတ်တင်းမှာလဲ အလားတူပဲ။သာမာန်လူတွေမြင်တဲ့အမြင်နဲ့Pro မာကတ်တာတွေမြင်တဲ့အမြင်တူနိုင်ဖို့ မလွယ်သလိုစဉ်းစားတဲ့ ရှူထောင့်မတူနိုင်ဘူး။ သာမာန်လုပ်ငန်းရှင်နဲ့ ကံကောင်းလို့ တစ်ချီတဲ့အောင်မြင်တာမဟုတ်ပဲ ကိုယ်ထူကိုယ်ထ လုပ်ငန်းရှင်အမြင်တွေ မတူနိုင်ဘူး။ လူတိုင်းက မြင်ကြတယ်။လူတိုင်း တွေ့ချင်မှ တွေ့ကြမယ်။ Phyo Paing @ Derek

လူတိုင်းက မြင်ကြတယ်။
လူတိုင်း တွေ့ချင်မှ တွေ့ကြမယ်။
Read More »

ကျွန်တော် To-do list တွေမကြိုက်ဘူး။
To-do list ထက်
နေ့စဥ် Must-do list တွေထားတယ်။
အဲ့ဒါမပြီးရင် မအိပ်ဘူး။

ဒီမဖြစ်မနေလုပ်တဲ့ Must-do list တွေကိုမနက်ထထချင်း နှစ်နာရီလောက်မှာပြီးအောင်လုပ်နိုင်ရင် ဦးနှောက်က အလုပ်ပြီးမြောက်တယ်လို့ယူဆတဲ့အတွက် feel good ဖြစ်တယ်။တစ်ရက်တာလုံးကို ပို productive ဖြစ်စေတယ်။ လုပ်နေကျမဟုတ်တဲ့ To-do list တွေကစနစ်မရှိတဲ့အတွက် decison fatigue ဖြစ်စေတယ်။ ကျွန်တော်ကတော့ လူကိုစနစ်တစ်ခုလိုပဲမြင်တယ်။အနုပိုင်းနဲ့ အကြမ်းပိုင်းရှိတယ်။ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ အလုပ်အကိုင်နဲ့ စီးပွားရေး၊ အချစ်နဲ့ အိမ်ထောင်ရေး၊ မိသားစုအရေး၊ စိတ်ငြိမ်းချမ်းရေး ဒီအကန့်တွေမှာ တစ်ခုခုလွတ်နေရင်ကားဘီးပေါက်သလိုပဲ ရှေ့သွားလို့မလွယ်ဘူး။ ဖြစ်ချင်တာနဲ့ လုပ်နေတာ မကိုက်ညီရင်လဲalignment လွဲနေပြီး လမ်းချော်နေမှာ။ Phyo Paing @ Derek

ကျွန်တော် To-do list တွေမကြိုက်ဘူး။
To-do list ထက်
နေ့စဥ် Must-do list တွေထားတယ်။
အဲ့ဒါမပြီးရင် မအိပ်ဘူး။
Read More »

ကိုယ်နဲ့ပေါင်းသင်းတဲ့သူတွေကို
ဂရုစိုက်ပါ။

2016 ဒီနေ့ Penang, Malaysia မှာတရုတ်ဆရာတွေပွဲမှာ မြန်မာဘာသာပြန်လိုတာနဲ့Interpretation လုပ်ပေးခဲ့တယ်။ အဲ့မှာ အပေါင်းအသင်းရဲ့ လွှမ်းမိုးမှုကိုသေချာ နားလည်ခဲ့တယ်။ Jim Rohn ပြောသလို ကိုယ်ဟာကိုယ်နဲ့ပေါင်းတဲ့သူ ငါးယောက်ရဲ့average ပဲတဲ့။ ဒါကြောင့် လူမိုက်ဆိုလျင် ရှောင်သွေလွဲလို့မမှီဝဲနဲ့ကင်းအောင်နေ။ ပညာရှိကို အစဉ်တွဲလို့ မှီဝဲ ဆည်းကပ် နည်းယူပေ။ ၃၈ ဖြာမင်္ဂလာမှာ လေ့လာခဲ့ရတယ်မဟုတ်လား။ ကျွန်တော့်ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ထဲမှာ အတွေးအခေါ်သစ် တော်လှန်ရေးNew Thought Movement ကဆရာတွေ ပါဝင်တယ်။ ကိုယ်နဲ့ပေါင်းသင်းတဲ့သူတွေကိုဂရုစိုက်ပါ။ Phyo Paing @ Derek

ကိုယ်နဲ့ပေါင်းသင်းတဲ့သူတွေကို
ဂရုစိုက်ပါ။
Read More »

ပိုက်ဆံထက်ပိုအရေးကြီးတဲ့အရာ

ပထမစားဝတ်နေရေးလူလုံးလှဖို့၊ လူရိုသေ ရှင်ရိုသေဖြစ်ဖို့ဘဝရပ်တည်ရေးအတွက်ငွေလိုတယ်။ စားဝတ်နေရေးပြည့်စုံသွားရင် နောက်တစ်ဆင့်ကတော့ ဘယ်လို သောက်ပြဿနာတွေကြုံကြုံကြံ့ကြံ့ခံရပ်တည်နိုင်ဖို့အတွက် ငွေထက် အရေးကြီးတဲ့အရာလိုလာပြီ။ ဒီအရာကတော့ “ခံယူချက်ပဲ”။ ကိုယ်”ဘာကြောင့်”အလုပ်လုပ်နေလဲဒီ “အဓိပ္ပာယ်” ခံယူချက်ကပိုအရေးကြီးတယ်။ ငွေကို မသမာနဲ့ နည်းနဲ့ရတဲ့ လူတွေထက် ခံယူချက်၊ ဖော်ဆောင်ချင်တဲ့အပြောင်းအလဲကို လုပ်ဆောင်ရင်းဆုလဒ်အဖြစ်ရရှိတဲ့ ငွေကြေးတွေကပိုတန်ဖိုးရှိပြီး ကျေနပ်မှုပိုရှိစေတယ်။ ကျွန်တော်ကတော့ ကမ္ဘာစစ်ဖြစ်နေလဲကိုယ့်ရဲ့ သမိုင်းပေးတာဝန်လို့ခံယူထားတဲ့လူသားတွေရဲ့ဘဝကို ပညာရေးနဲ့ နည်းပညာအသုံးပြုပြီးတိုးတက်ရေး ဖြစ်စဥ်တွေအတွက်ကူညီပေးသွားမှာပဲဖြစ်တယ်။ ကိုယ်သေသွားခဲ့ရင်တောင် ကျွန်တော်တို့ဖန်တီးမှုတွေဆက်လက်ရှင်သန်နေရမယ်။ ဒါက နေ့စဥ်လုပ်တဲ့ ကုသိုလ်ပဲ။ ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဥ် လုပ်နေဖို့လိုတယ် မဟုတ်လား။ Phyo Paing @ Derek

ပိုက်ဆံထက်ပိုအရေးကြီးတဲ့အရာ Read More »

နေ့စဥ်ရဲ့ စွမ်းပကား

သစ်ပင်ကြီးတစ်ပင်ကို တစ်ချက်ခုတ်ရုံနဲ့ ပြိုလဲအောင်လုပ်လို့ မရဘူး။ ဘဝအပြောင်းအလဲကလဲ အဲ့လိုပဲ။ တခါတလေ အချက်ပေါင်း၃၅၆ လောက်လိုကောင်းလိုမယ်။ဒီထက်လဲ ပိုရင်ပိုမယ်။ အရေးကြီးတာ နေ့စဥ်စွမ်းပကားကိုလျော့မတွက်လိုက်ဖို့ပဲ။ ဘဝကို ကွာသွားစေတာနေ့စဥ် လုပ်တဲ့အလုပ်တွေပဲ။ အိမ်မက်တွေ ဘယ်လောက်ကြီးကြီးနေ့စဥ်စွမ်းပကားကို အကောင်းဆုံးအသုံးမချရင်အရာရာ “ဆုတောင်း list” ထဲကထွက်လာမှာ မဟုတ်ဘူး။ Phyo Paing @ Derek

နေ့စဥ်ရဲ့ စွမ်းပကား Read More »

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။

တစ်ရက်တစ်ရက် ကုန်သွားတိုင်းကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိတယ်။ဒီနေ့ဟာ ကိုယ့်ကျန်းမာရေး၊စီးပွါးရေး၊ လူမှုရေး၊ အချစ်ရေး၊တိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက်“အရင်းအနှီး” ဖြစ်သွားလား၊“အလဟသ” ကုန်သွားလား။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ Read More »

negative vibes နဲ့
positive life တည်ဆောက်လို့မရဘူး။

ပြဿနာအဖြေရှာတိုင်းမှာကိုယ့်လိုချင်တဲ့ရလဒ်ကအပြုသဘောဆောင်တဲ့ရည်ရွယ်ချက်ဖြစ်ဖို့လိုတယ်။ ကိုယ့်ရည်ရွယ်ချက်ကတပါးသူပျက်စီးဖို့ဂလဲ့စားချေဖို့ အစရှိတဲ့negative vibes နဲ့positive life တည်ဆောက်လို့မရဘူး။ ဒါကြောင့် ဒီလို negative vibesမကပ်အောင် နေ့စဉ် Spiritual detox လုပ်ဖို့လိုတယ်။ဒီလို cleaning လုပ်တဲ့ထဲမှာMeditation တို့၊ Self-hypnosis တို့ပါတယ်။ မဟုတ်ရင် နေ့စဉ်အမှိုက်တွေထမ်းထားတာအလုပ်များများလုပ်ပြီးဝေးဝေးကို မြန်မြန်ပြေးနိုင်ဖို့မလွယ်ဘူး။ Phyo Paing @ Derek

negative vibes နဲ့
positive life တည်ဆောက်လို့မရဘူး။
Read More »