ဒီမိုကရေစီမှာလူတွေဘာကြောင့်ပိုတိုးတက်လဲဆိုရင်ဒီ ဒီမိုကရေစီဆိုတဲ့အတွေးအခေါ်ကို အေသင်မှာစတင်ကတည်းကသူ့ရဲ့ ရည်ရွယ်ချက်ကFreedom and Liberty ကိုအခြေခံတယ်။ လွပ်လပ်စွာတွေးခေါ်နိုင်မှုကိုယ့်အတွေးကို လွတ်လပ်စွာဖော်ပြနိုင်မှု ပေါ်အခြေခံတဲ့အတွက်ကိုယ့်ကိုကိုယ် fully expressလုပ်လို့ရတယ်။ Fully express လုပ်လို့ရတဲ့ နေရာမှာအနုပညာပိုထွန်းကားတယ်။ဘဝက ပိုပြီး အနှစ်သာရရှိတယ်။လူအများစုက ငွေကြေးမှာသာယာတဲ့အဆင့်ကို ကျော်လွန်လာရင်အတွေးအခေါ်မှာ သာယာတဲ့အဆင့်ရောက်လာကြမယ်။ ငွေကြေးကော၊ အတွေးအခေါ်ပါသာယာနိုင်ဖို့ ကိုယ့်ရဲ့ အတွေးအခေါ်အယူအဆ၊ အထင်အမြင်ကိုfully express လုပ်နိုင်တဲ့ပတ်ဝန်းကျင်လိုတယ်။ ကျွန်တော်တို့ အလုပ်၊ကျွန်တော်တို့ဖန်တီးတဲ့လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။ ဒီလို ဖော်ထုတ်ဖို့ ကိုယ်ဘယ်သူလဲ၊ဘာကိုတန်ဖိုးထားလဲ၊ကိုယ့်အိမ်မက်က ဘာလဲ၊ကိုယ့်ကိုကိုယ် နားလည်မှုရှင်းလင်းပြတ်သားနေဖို့လိုတယ်။ Phyo Paing @ Derek