ပြောင်းလဲလို့မရတဲ့သူတွေထဲမှာ
အသစ်သင်ယူမှု
မလုပ်ချင်တဲ့သူတွေပါတယ်။
တချို့အချိန်တွေမှာ တချို့လူတွေကိုကျွန်တော်တို့ တဖြည်းဖြည်းပြောင်းလဲသွားရင် ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဘဝဆုံးဖြတ်ချက်တွေ ချခဲ့တဲ့ အချိန်တွေ ရှိကောင်းရှိလိမ့်မယ်။ အစပိုင်းမှာ အောင်မြင်သလိုလိုရှိပြီး နောက်ပိုင်းမှာ လူတွေမပြောင်းလဲချင်ရင်ပြောင်းလဲ ပေးလို့မရဘူးဆိုတာသိလာတဲ့ အချိန်တွေ ရှိကောင်းရှိမယ်။ ပြောင်းလဲလို့မရတဲ့သူတွေထဲမှာ အသစ်သင်ယူမှု မလုပ်ချင်တဲ့သူတွေပါတယ်။အသစ်သင်ယူမှု မလုပ်တဲ့အခါနှစ်ပေါင်းများစွာခေါင်းထဲရှိခဲ့တဲ့အတွေးအခေါ်ကို ပြောင်းလဲဖို့ မဖြစ်နိုင်သလောက် ခဲရင်းလာတယ်။ ဒီလို လေ့လာသင်ယူမှု မရှိဘဝကို တရားသေသတ်မှတ်ပြီးကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်မှုမရှိတခြားသူအကြောင်းပဲ အဓိကစဥ်းစား ကိုယ့်ကို အထင်ကြီးဖို့ ဟန်ဆောင်ကြိုးစားအပြင်ကို ပြတဲ့ ပုံရိပ်နဲ့တကယ့်လက်တွေ့ ဘဝနဲ့ ကွာဟချက်တွေရှိတဲ့ သူကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ လွယ်မလိုလိုနဲ့ ဖြစ်နိုင်ခြေအရမ်းနည်းတယ်ဆိုပြီးခံစားရတဲ့အချိန်တွေ တချို့လူတွေ တွေ့ဖူးကောင်းတွေ့ဖူးခဲ့ကြလိမ့်မယ်။ လူတွေကို ပြောင်းလဲဖို့ မျှော်လင့်ချက်တွေအများကြီးမထားထားပါနဲ့။ ကိုယ့်ကြောင့် ပြောင်းလဲသွားမယ်ဆိုပြီးလဲကိုယ့်ကိုကိုယ် အထင်မကြီးထားနဲ့။ လောကမှာ ပြောရမယ်ဆို မပြောင်းလဲချင်သူကို အနုနည်းနဲ့ ပြောင်းလဲရမှာ အခက်အခဲဆုံးပဲ။ Phyo Paing […]
ပြောင်းလဲလို့မရတဲ့သူတွေထဲမှာ
အသစ်သင်ယူမှု
မလုပ်ချင်တဲ့သူတွေပါတယ်။ Read More »