ဘယ်အလုပ်မဆို ဘေးကထိုင်ပြီး
ကြည့်ရတာပိုလွယ်တယ်။
ဖြစ်မြောက်အောင် လုပ်တာ၊
ရေရည်တည်တံ့အောင်လုပ်တာ
ပိုခက်ခဲတယ်။
ကိုယ်သေချာမသိတဲ့ အလုပ်ကိုအပေါ်ယံကြည့်ရင် အကုန်လွယ်လွယ်လေးလို့ ထင််တတ်ကြတယ်။ ကော်ဖီဆိုင်ဖွင့်ဖို့ လွယ်တယ်လို့ထင်တတ်ကြတယ်။သင်တန်းကျောင်းဖွင့်ဖို့လွယ်တယ်လို့ထင််တတ်ကြတယ်။ဆိုင်တစ်ဆိုင်ဖွင့်ရတာ အရမ်းလွယ်တယ်လို့ထင်တတ်ကြတယ်။မားကတ်တင်းလုပ်ရတာလွယ်တယ်လို့ထင်တတ်ကြတယ်။ Influencer လုပ်ရတာ တင်ချင်တာတွေတင်ရင်ရတာပဲ လွယ်လွန်းတယ်လို့ထင်ကောင်းထင်ကြလိမ့်မယ်။လူတွေရှေ့ မနက်ကညထိ ကိုယ့်စကားနားထောင်ပြီး လေးငါးရက်လောက် သင်တန်းတက်အောင်လုပ်ဖို့ လွယ်တယ်လို့ထင်ကောင်းထင်မယ်။ အရာရာကို အပေါ်ယံကြည့်ရင်အရာရာလွယ်တယ်လို့ထင်တတ်ကြတယ်။ အမှန်တကယ် ဝေဖန်ခံရတာ၊တိုက်ခိုက်ခံရတာ၊ ဘဝကကိုယ့်ကို lessons တွေပေးတာပြိုင်ဆိုင်မှုတွေ၊ အခက်အခဲတွေကြားနောက်တစ်ဆင့်တက်ဖို့ ကြိုးစားကြံဆရတာ လူတွေသိချင်မှ သိမယ်။ အပေါ်ယံကြည့်ရင် အရာရာကလွယ်တယ်ထင်နိုင်တယ်။နဖူးတွေ့ဒူးတွေ့မှာ ဘယ်လိုလဲဆိုတာ တကယ်လုပ်ကြည့်မှ သိတတ်ကြတယ်။ ဘယ်အလုပ်မဆို ဘေးကထိုင်ပြီးကြည့်ရတာပိုလွယ်တယ်။ ဖြစ်မြောက်အောင် လုပ်တာ၊ ရေရည်တည်တံ့အောင်လုပ်တာပိုခက်ခဲတယ်။ Phyo Paing @ Derek