June 2022

ကိုယ့်ရဲ့ winning formula ကိုယ်သိပါ။

ကိုယ့်ရဲ့ winning formula ကိုယ်သိပါ။ တချို့တွေက စျေးကွက်အသွားအလာကြည့်ပြီးဝယ်ရောင်းနဲ့ အောင်မြင်ကြတယ်။ကုန်သည် trader လို့ခေါ်တယ်။ တချို့က ဘယ်သူနဲ့ ဘယ်သူချိပ်ဆက်ပေးရင်ရနိုင်မလဲဆိုပြီး ဝယ်စရာမလိုပဲပွဲစားလုပ်ပြီး အောင်မြင်ကြတယ်။Deal Maker ပွဲစားလို့ခေါ်တယ်။ တချို့ကျတော့ ကုန်အမှတ်တံဆိိပ်တည်ဆောက်လူတွေရဲ့ယုံကြည်မှုကိုရအောင်တည်ဆောက်စီးပွါးရေးတွေတည်ဆောက်ပြီး အောင်မြင်ကြတယ်။Brand Builder လို့ခေါ်တယ်။ တချို့က လုပ်ငန်းတွေလိုအပ်တဲ့အရာတွေကိုထုတ်လုပ်ပံ့ပိုးပေးပြီးအောင်မြင်ကြတယ်။ Manufacturer လို့ခေါ်တယ်။ တချို့က အနာဂတ်အမြင်ရှိတဲ့ဦးဆောင်သူရဲ့အနာဂတ်အမြင်ကို ပုံဖော်ပေးရင်းအောင်မြင်ကြတယ်။Supporter or Insider လို့ခေါ်တယ်။ တချို့က တော်တဲ့လုပ်ငန်းရှင်တွေရဲ့လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှုပြုပြီးအောင်မြင်ကြတယ်။Investor လို့ခေါ်တယ်။ ကိုယ့်ရဲ့ winning formula ကဘာလဲသေချာသိဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ့်ရဲ့ winning formula ကိုယ်သိပါ။ Read More »

Happiness နဲ့ Pleasure မတူဘူး။
Pleasure ဆိုတာ ခဏတာပျော်ရွှင်မှု။
Happiness က ရေရှည်ပျော်ရွှင်မှု။

ဘာလို့စီးပွားရေးလုပ်သလဲ?ငွေရချင်လို့။ ဖောက်သည်တွေလိုအပ်ချက်ဖြည့်ဆည်းပေးချင်လို့။နောက်ဆုံးကျတော့ ပျော်ဖို့။ ဘာကြောင့် အိမ်ထောင်ပြုသလဲ။နောက်ဆုံးရည်ရွယ်ချက်ကပျော်ချင်လို့။ ဒီတော့ပျော်ရွင်မှုက ဘယ်ကလာသလဲ? Happiness နဲ့ Pleasure မတူဘူး။Pleasure ဆိုတာ ခဏတာပျော်ရွင်မှု။Happiness က ရေရှည်ပျော်ရွင်မှု။ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေစားချင်တာစားတဲ့အတွက် ခဏတာပျော်ရွင်မှု pleasure ရမယ််။ဒါပေမယ့် happiness တော့ရဖို့မလွယ်ဘူး။ ပျော်ရွင်မှုကို ဖြစ်စေတဲ့အရာတွေရှိတယ်။အတွေးရှင်းရင်လဲ ပျော်ရွင်ရတယ်။ကိုယ်နဲ့နေ့စဥ်တွေ့တဲ့သူတွေမှာpositive vibes တွေပဲရှိနေရင်လဲပျော်ရွင်ရတယ်။နေ့စဥ်တိုးတက်နေရင်လဲ ပျော်ရွင်ရတယ်။ Phyo Paing @ Derek

Happiness နဲ့ Pleasure မတူဘူး။
Pleasure ဆိုတာ ခဏတာပျော်ရွှင်မှု။
Happiness က ရေရှည်ပျော်ရွှင်မှု။
Read More »

Akyanpay.com ကို
အသုံးပြုနိုင်ပါပြီ။

Business Plan ဆွဲဖို့ Akyanpay.com ကို အသုံးပြုနိုင်ပါပြီ။ 1. Subscribe လုပ်ပါ။2. Akyanpay အသုံးပြုနည်းကို ရှင်းပြမည့် admin နှင့် Zoom Meeting တွေ့ဆုံပါ။3. စတင်အသုံးပြုပြီး လုပ်ငန်းတိုးတက်အောင်လုပ်ပါ။ အသုံးပြုသင့်သည့်သူများ၁။ Coach, Consultant နှင့် Trainer များ၂။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသုံးမပြုသင့်သူများ၁။ Business Plan မချတတ်သူများ၂။ Marketing Plan မချတတ်သူများ၃။ Brand Plan မချတတ်သူများ၄။ Business Model မဆွဲတတ်သူများ #Akyanpay

Akyanpay.com ကို
အသုံးပြုနိုင်ပါပြီ။
Read More »

Entrepreneur တစ်ယောက်က

ခေါင်းထဲမှာ အလုပ်ဘယ်လိုဖြစ်အောင်လုပ်ရမလဲပဲစဉ်းစားတယ်။လှုပ်ရှားမှုမြန်တယ်။တွေဝေမနေဘူး။ကိုယ့်အချိန်ကို အလစ်ဖြုတ်တဲ့အလုပ်မဖြစ်တဲ့အရာတွေကို ရှောင်တယ်။ ခုစင်ပေါ်ရောက်နေတဲ့လူတွေကလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဘားမှ မဟုတ်ဘူးငါလဲ ကြိုးစားနေရင်ဒီနေရာရောက်မယ်ဆိုတာ သိတယ်။လှုပ်ရှားမှုမြန်တယ်။ဦးနှောက်သုံးတယ်။ကိုယ့်ဘဝကိုယ် တာဝန်ယူတယ်။ Phyo Paing @ Derek

Entrepreneur တစ်ယောက်က Read More »

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။

လူတိုင်းမှာ ဘဝ စမှတ်ချင်းမတူကြဘူး။တချို့တွေက အားသာမှုတွေနဲ့မွေးကြတယ်။တချို့က ချမ်းသာတဲ့မိသားစုကပေါက်ဖွားတယ်။တချို့က ပညာတတ်မိသားစုက။တချို့က ငယ်ငယ်က ကျောင်းကောင်းကောင်းတတ်ရတယ်။တချို့ကလဲ ဘဝပေးကံ မကောင်းခဲ့ဘူး။ ဘဝပေးကံဆိုတာ ပေးထားချက်ပဲ။ ပေးထားချက် ပုစ္ဆာပေါ်မူတည်ပြီးသွားချင်တဲ့ပန်းတိုက်ရောက်အောင်သွားနိုင်တာက ပညာပဲ။ တချို့က လုပ်ငန်းစကတည်းက အိမ်က သိန်းသောင်းဂဏန်းထုတ်ပေးတာလဲရှိမယ်။တချို့က ချေးငှါးပြီးစရတာလဲရှိမယ်။အတွေ့အကြုံတွေမတူကြဘူး။ ဒါကလဲ ပြောသလောက်အရေးမကြီးဘူး။ လူအများစုက သူကတော့ ဝတ်ကောင်းစားလှနဲ့ ဓာတ်ပုံလှလှရိုက်ကားကောင်းကောင်းနဲ့ အိမ်ကောင်းကောင်းမှာနေတယ်။သူပျော်နေမှာပဲလို့ ဘေးလူအမြင်နဲ့မြင်တယ်။ ကိုယ့်ဘေးမှာ supermodel ငါးယောက်လောက်ဝိုင်းနေပြီးbeach မှာ လေပြည်လေးခံနေပေမယ့်ဗိုက်အောင့် ဝမ်းလျှောနေတဲ့အခါ သာယာမှုဆိုတဲ့ experience ခံစားဖို့မလွယ်ကူဘူး။ ဘဝဆိုတာ အဲ့လိုပဲ။ Supermodel ငါးယောက်နဲ့ သာယာနေတာပဲအပြင်လူတွေက မြင်ကောင်းမြင်မယ်။ဗိုက်အောင့်ဝမ်းလျှောနေတာ မြင်ချင်မှ မြင်လိမ့်မယ်။ ဒါကြောင့် စမှတ်တွေမတူတဲ့အတွက်နှိုင်းယှဉ်ပြီး ဘဝကို အပြစ်မပုံချလိုက်မိဖို့လိုတယ်။စမှတ်ကို ကိုယ်သတ်မှတ်လို့မရပေမယ့်ဆုံးမှတ်ကိုတော့ ကိုယ်ထိန်းချုပ်လို့ရနိုင်တယ်။ Phyo Paing @ Derek

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။ Read More »

self-discipline ရှိဖို့လိုတယ်။

မတ်တပ်ရပ်တာကြာသွားရင်ထိုင်လိုက်တဲ့အခါ အရသာရှိတယ်။ ဘဝမှာလဲ အလားတူပဲ။ သေချာ ကောင်းကောင်းကိုယ့်ဘဝကိုtrain ရင် သာမာန်အချိန်မှာလဲဘဝက နေပျော်နေမယ်။ Easy life မှာ ဖြစ်သလိုနေ၊ဖြစ်သလိုစား၊ လေ့ကျင့်ခန်းမလုပ်၊စာမဖတ်၊ self-discipline မရှိ၊စိတ်အလိုအတိုင်းထက်အလွန်လိုက်ပြီးသေးသေးတောတော သာယာမှုတွေနောက်တစ်ကောက်ကောက်လိုက်နေသမျှခပ်ကြီးကြီး ပျော်ရွင်မှုတွေ ရဖို့မလွယ်ဘူး။ ဒီအတိုင်းအပေါက်များတာ မြက်ပင်ပဲရှိတယ်။ Self-discipline က အင်မတန်အရေးကြီးတဲ့စကားလုံးပဲ။ ခဏတဖြုတ် motivation လောက်နဲ့နယ်ပယ်တစ်ခုမှာ mastery မဖြစ်နိုင်ဘူး။self-discipline လိုတယ်။ Phyo Paing @ Derek

self-discipline ရှိဖို့လိုတယ်။ Read More »

အကြည်ဓာတ်ပျောက်တတ်ကြတယ်။

အားမရတဲ့အခါ လုပ်ငန်းရှင်အများစုကအကြည်ဓာတ်ပျောက်တတ်ကြတယ်။ဒီလို ကိုယ့်လုပ်ငန်း၊ ကိုယ့်ဝန်ထမ်းကိုအားမရဖြစ် အကြည်ဓာတ်ပျောက်တဲ့အခါ၁။ messenger အသုံးပြုတာ ခဏရပ်ပါ။တွေ့သမျှ ပြန်ဖြေတဲ့ စိတ်ကိုဖယ်ပါ။၂။ digital detox ခဏလုပ်ပါ။၃။ တရားခဏထိုင်တာမျိုးလုပ်ကြည့်ပါ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

အကြည်ဓာတ်ပျောက်တတ်ကြတယ်။ Read More »

နောင်တတွေနည်းအောင် ကိုယ်ပိုင် ဥပဒေသထားပါ။

ဘဝမှာ နောင်တရစေတဲ့အရာတွေရှိတယ်။ အလုပ်ကို လုပ်သင့်သလောက်မလုပ်ပဲရေသာခိုလိုက်တဲ့အတွက် လိုချင်တဲ့ရလဒ် မရတဲ့အခါမျိုးမှာ နောင်တရတတ်တယ်။ ကိုယ်အားနာပြီး မပြောလိုက်တဲ့အတွက်လိုရာမရောက်ဖြစ်တဲ့အခါ နောက်တရတတ်တယ်။ အလုပ်မဖြစ်တာတွေကို လွတ်ချရမှာကြောက်ပြီးဖက်တွယ်မှုပြုလုပ်ထားတဲ့အတွက်အချိန်တွေကုန် နောင်တရတတ်တယ်။ တစ်ခုခု အိုင်ဒီယာပေါ်လာပြီးဒီအိုင်ဒီယာကို ကိုယ်အကောင်ထည်မဖော်နိုင်သေးရင် တခြားသူတစ်ယောက်လုပ်သွားတဲ့အခါနောင်တရတတ်တယ်။ လူတိုင်းကို ရောင်းပြီးလူတိုင်းအလို ဆန္ဒမဖြည့်ဆည်းပေးနိုင်တဲ့အခါနောင်တရတယ်။ တစ်ရက်တစ်ရက် တိုးတက်မှုမရှိအချိန်အလဟသ ကုန်သွားတဲ့အခါနောင်တရတယ်။ လုပ်ငန်းက ကိုယ့်အတွက်မဟုတ်ပဲကိုယ်က လုပ်ငန်းရဲ့လိုအပ်ချက်ကိုအမြဲဖြည့်ဆည်းနေရတဲ့အတွက် အချိန်ကုန် လူပန်းပြီး ကိုယ်မပါပဲ လည်မပတ်နိုင်တဲ့ လုပ်ငန်းတွေမှာကိုယ်မပျော်ပဲလုပ်နေရတဲ့အခါနောင်တရတတ်တယ်။ လုပ်မယ်လို့ သံဓိ ဌာန်ချပြီးမလုပ်ဖြစ်ရင် နောင်တရတတ်တယ်။ ကိုယ့်ဘဝ ကိုယ့်ထိန်းချုပ်မှုအောက်မရှိပဲ ရောက်တတ်ရာရာဖြစ်နေရင်နောင်တရတတ်တယ်။ ကိုယ်စုထားတဲ့ ငွေတွေ အတွေ့အကြုံအတွက် မသုံးလိုက်ပဲကိုယ်နားမလည်တဲ့အလုပ်မှာ ပုံအောသုံးလိုက်ပြီး ဆုံးရှုံးတဲ့အခါနောင်တရတတ်တယ်။ ဒီလို နောင်တရတဲ့အရာတွေကို နည်းနိုင်သမျှနည်းအောင် ဥပဒေသတွေထုတ်လိုက်တယ်။ ၁။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။၂။ ကိုယ်လိုချင်တာကို တောင်းဆိုရမှာ အားမနာပါနဲ့။၃။ အလုပ်မဖြစ်တာတွေကို

နောင်တတွေနည်းအောင် ကိုယ်ပိုင် ဥပဒေသထားပါ။ Read More »

ကိုယ့်အတွေး၊ အာရုံ၊ အပြုအမူအကျင့်
ကိုယ်တိုင်လွမ်းမိုးနိုင်ဖို့
self-discipline လိုတယ်။

ကိုယ့်ကိုကိုယ် ကတိမတည်ရင်ကိုယ့်ကိုကိုယ်လဲ မလေးစားသလိုတခြားသူလဲ လေးစားမှာ မဟုတ်ဘူး။ Phyo Paing @ Derek

ကိုယ့်အတွေး၊ အာရုံ၊ အပြုအမူအကျင့်
ကိုယ်တိုင်လွမ်းမိုးနိုင်ဖို့
self-discipline လိုတယ်။
Read More »