June 2022

လိုချင်တာရဖို့ ကံကြမ္မာကိုပဲ
ပုံချထားလို့မရဘူး။

တချို့လူတွေအတွက် တချို့အချိန်တွေမှာအချစ်သီချင်းနားထောင်တဲ့အခါအဓိပ္ပာယ်မရှိဘူးလို့ ခံစားရတဲ့အချိန်တွေရောက်လာတဲ့ အသက်အရွယ်ရှိလာမယ်။ နောက်ပြီး လောကကြီးက ငယ်ငယ်ကလို ရင်ခုန်စရာမကောင်းတော့ဘူး ဆိုတဲ့ အချိန်တစ်ခု ရောက်လာတာမျိုးလဲဖြစ်ရင်ဖြစ်မယ်။ တခါတလေ ဘဝမှာ နေရထိုင်ရတာ ပေါ့ရွှတ်ရွှတ်ဖြစ်နေတာမျိုးဘဝဟာ ငယ်ငယ်က ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်ဘဝလိုလတ်ဆတ်မှုမရှိတော့တာမျိုးလဲခံစားရတဲ့ အချိန်တွေရှိနိုင်တယ်။ တချို့တွေအတွက်Happily Ever After ဆိုတာနောက်ဆုံးပြောတဲ့နေ့က မင်္ဂလာဆောင်တဲ့နေ့ဖြစ်နိုင်တယ်။ Marriage ဆယ်ခုမှာ ဘယ်နှစ်ခုလောက်က လတ်ဆတ်ပျော်ရွင်သလဲသုတေသနတွေကြည့်တဲ့အခါအံ့သြစရာ ကိန်းဂဏန်းကိုတွေ့လိမ့်မယ်။ ဘဝကို ရင်ခုန်မှုအပြည့်နဲ့ ဘဝရဲ့ အနှစ်သာရအပြည့်နဲ့ဖြတ်သန်းနေတဲ့ သူတွေကို လိုက်လေ့လာမိတယ်။ ဘဝက စိတ်ဝင်စားဖို့ကောင်းတယ်။ လိုချင်တာရဖို့ ကံကြမ္မာကိုပဲပုံချထားလို့မရဘူး။လိုချင်တဲ့ဘဝမျိုးဖြစ်ဖို့ သေချာ design ချရတယ်default နဲ့ မရဘူးဆိုတာ နားလည်လာတယ်။ ဘဝကို design ချတဲ့အခါလမ်းခရီးမှာ trials and errors တော့ ရှိမှာပဲ။ အရေးအကြီးဆုံးက မှားခဲ့ရင်တောင် […]

လိုချင်တာရဖို့ ကံကြမ္မာကိုပဲ
ပုံချထားလို့မရဘူး။
Read More »

သောက်တလွဲ rules တွေနဲ့
ကိုယ့်ဘဝ၊ အတွေး၊ အမြင်၊
ယုံကြည်မှုကို ထိန်းချုပ်မခံပါနဲ။

တရုတ်ပြည်မရဲ့ ယဥ်ကျေးမှုအဆင့်ကစနစ်ထဲမှာ အထိပ်ကိုတက်တဲ့အဆင့်ပဲရှိသေးတယ်။Money, Status, Power ရှာမယ်။နောက်တစ်ဆင့် တက်စရာသိပ်မရှိဘူး။ တရုတ် အတွေးအခေါ်အများကြီးမှာအစိုးရက အုပ်ချုပ်မှုကိုအထောက်အကူပြုတဲ့ကွန်ဖြူးရှပ်အတွေးအခေါ်ပဲ promote လုပ်တယ်။နာမည်ပေးထားတာ Confucious institute တဲ့။လူပေါင်း ၁.၄ ဘီလီယံကိုထိန်းတော့ဒီနည်းက သူ့အတွက်အကောင်းဆုံးနည်းဖြစ်နိုင်တယ်။ အနောက်တိုင်းမှာကidea တွေ၊ စနစ်တွေကို စိန်ခေါ်ကြတယ်။လုပ်ငန်းအကြီးကြီးလုပ်ပြီး စိတ်ညစ်နေမည့်အစားCanada က ကျွန်းမြို့လေးပေါ်နေပြီးCompany of One ဆိုပြီးတစ်ယောက်တည်းလုပ်တဲ့ solopreneur ပုံစံနေတယ်။အလုပ်ကို ကျန်တာ outsource လုပ်တယ်။ ကိုယ်မကြိုက်တဲ့အလုပ်တွေလုပ်ပြီးစိတ်ညစ်နေမည့်အစားတစ်ပတ်လေးနာရီအလုပ်လုပ် (4-Hour Work Week) ပြီးကိုယ်ကြိုက်တဲ့ဘဝ ကိုယ်ဖန်တီးလို့ရတဲ့life-style design တို့လို အတွေးအခေါ်တွေကသမရိုးကျ အတွေးအခေါ်တွေကိုဖောက်ထွက်တယ်။ လုပ်ငန်းခပ်ကြီးကြီးလုပ်စတော့စျေးကွက်မှာ သွားတာထက်mojo လို့ခေါ်တဲ့ ဝိညာဉ် ရှိတဲ့လုပ်ငန်းသေး ဘီလူး small giantsတွေ တည်ဆောက်မှုက လွမ်းမိုးလာတယ်။ ပစ္စည်းတွေဝယ်ပြီး လူတွေအထင်ကြီးအောင်

သောက်တလွဲ rules တွေနဲ့
ကိုယ့်ဘဝ၊ အတွေး၊ အမြင်၊
ယုံကြည်မှုကို ထိန်းချုပ်မခံပါနဲ။
Read More »

လူအများစုက ရေရှည်ရပ်တည်နိုင်တဲ့
Brand တည်ဆောက်ဖို့ စိတ်မရှည်ဘူး။

လူအများစုက ဒီနေ့ page ထောင်မနက်ဖြန်စရောင်းချင်ကြတယ်။ ရလဒ်ကြီးကြီးရဖို့ စိတ်ရှည်မှု အရေးကြီးတယ်။ ခုရေတွင်းတူးခုရေကြည်သောက်လို့မလွယ်နိုင်ဘူး။ Phyo Paing @ Derek

လူအများစုက ရေရှည်ရပ်တည်နိုင်တဲ့
Brand တည်ဆောက်ဖို့ စိတ်မရှည်ဘူး။
Read More »

ရိုးသားဖို့ အရေးကြီးတယ်။

ကျွန်တော့်ရဲ့ philosophy ကတော့ကိုယ်နဲ့အလုပ်လုပ်တဲ့အတွက်အရှုံးဆိုတာ မရှိစေရဘူး။ကိုယ်လုပ်ပေးနိုင်ရင်လုပ်ပေးနိုင်တယ်။မလုပ်နိုင်ရင် မလုပ်နိုင်ဘူးရိုးသားဖို့ အရေးကြီးတယ်လို့ခံယူထားတယ်။ Phyo Paing @ Derek

ရိုးသားဖို့ အရေးကြီးတယ်။ Read More »

Product တစ်ခု စျေးကွက်ဖောက်တဲ့အခါ

Experiment, Exploration, Execution and Expansionဒီလေးဆင့်နဲ့သွားတယ်။ Experiment အဆင့်က တစ်ပတ်က နှစ်လလောက်ကြာလေ့ရှိတယ်။ ဒီအဆင့်မှာ စျေးကွက်ရဲ့ BUMP (Big Urgent Market Problem) ကိုဖြေရှင်းနိုင်တဲ့အခါ ဝက်ဝက်ကွဲအောင်မြင်တယ်။ ပထမအဆင့်ဖြစ်တဲ့ Experiment မှာ Product-Market Fit ဖြစ်တဲ့အခါ ဒုတိယအဆင့် Exploration အဆင့်သွားတယ်။သွားလို့ရနိုင်တဲ့ plan တွေချတယ်။target သတ်မှတ်တာကိုယ်သွားမည့် ပန်းတိုင်ရောက်ဖို့option ရွေးချယ်တာတွေလုပ်တယ်။ တတိယအဆင့် တကယ်အကောင်အထည်ဖော်တယ်။ဒီ Execution အဆင့်မှာ တကယ်အင်တိုက်အားတိုက်လုပ်ဖို့လိုလာပြီ။ နောက်တစ်ဆင့်ကချဲ့ထွင်တဲ့Expansion အဆင့်။ အခုချိန်မှာ Solar panel တွေရောင်းရင်အရမ်းကြော်ငြာစရာမလိုသလိုခုချိန် ဓာတ်ခဲတွေရောင်းရင် အင်မတန် အားထုတ်ရနိုင်တာ။ ဒါတွေအားလုံးစမ်းသပ်တဲ့အဆင့်က Experiment အဆင့်ပဲ။ ကိုယ်ထင်တာနဲ့ စျေးကွက်ထင်တာကြားမှာgap ကြီးတစ်ခု ရှိနိုင်တယ်။ Phyo Paing

Product တစ်ခု စျေးကွက်ဖောက်တဲ့အခါ Read More »

ကိုယ့်ဖက်က ပိုပေးလိုက်ရမှာ
မကြောက်ပါနဲ့။

သုသေတနတွေအရ လူတွေက ကိုယ်ရင်းနှီးလိုက်တာထက်2.8x မရရင် အဲ့အလုပ်ကိုလုပ်ဖို့ ချီတုံချတုံဖြစ်တတ်ကြတယ်တဲ့။ ဝန်ထမ်းခန့်ရင်လဲ အဲ့သဘောပဲ။ ၁၀ သိန်းတန်တစ်ယောက်ခန့်ရင်hiring manager က လုပ်ငန်းအတွက်အနည်းဆုံး သိန်း ၃၀ နဲ့အထက်value-added ဖြစ်ဖို့မျှော်လင့်မှာပဲ။ ပစ္စည်းဝယ်ရင်လဲ အဲ့သဘောပဲလေ။တစ်သိန်းတန်ဝယ်ရင် ပေးလိုက်ရတာထက် တန်ဖိုးပိုဖြစ်မှ တန်တယ်လို့ခေါ်တယ်။ စျေးကွက်မှာ နှာတစ်ဖြားသာဖို့ယူသလောက်ပဲ ပြန်ပေးလို့ရတဲ့ခေတ် မဟုတ်တော့ဘူး။ ယူတာထက် ပိုပေးတဲ့ ခေတ်extra-mile သွားတဲ့ခေတ်ဖြစ်သွားပြီ။ Pho Paing @ Derek

ကိုယ့်ဖက်က ပိုပေးလိုက်ရမှာ
မကြောက်ပါနဲ့။
Read More »

အလုပ်လုပ်တဲ့အခါ
ကိုယ့် orgnanization ရဲ့
core values ကို
လေ့လာပါ။

Core Values ဆိုတာ လုပ်ငန်းရဲ့ဝိညာဉ်ပဲ။မှန်တယ်မှားတယ်ကိုဒီ core values က ဆုံးဖြတ်ပေးတယ်။ ဘယ်လို စိတ်နေစိတ်ထားနဲ့အလုပ်လုပ်မယ်ကို ဒီ core values ကလမ်းပြပေးတယ်။ Core Values ဆိုတာ လုပ်ငန်းကို ဦးဆောင်၊ တည်ထောင်သူရဲ့ personal values တွေကို reflect လုပ်တယ်။ ကျွန်တော်တို့ Team ထဲလာမယ်ဆိုရင်Customer first ဖြစ်ရမယ်။ကတိတည်ရမယ်။ Move fast ဖြစ်ရမယ်။ မြန်ရမယ်။အလုပ်ကို ဇိမ်ခံပြီး လုပ်နေလို့မရဘူး။ Work hard ဖြစ်ရမယ်။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ရမယ်။work-life balance ဆိုတာ မရှိဘူး။Work is life ပဲ။ တကယ်လို့ work-life balance ဆိုရင်ရွေးချယ်စရာအလုပ်တွေအများကြီး။ကိုယ်လဲ အဲ့လိုပဲနေတယ်။Work-life balance ပေးနိုင်တဲ့MNC လဲ

အလုပ်လုပ်တဲ့အခါ
ကိုယ့် orgnanization ရဲ့
core values ကို
လေ့လာပါ။
Read More »

ဘာလုပ်လုပ် Formula ကို တွေ့အောင်ရှာရမယ်။

ဆယ်တန်းမှာ ဂုဏ်ထူးမထွက်တာမတော်လို့မဟုတ်ဘူး။ Formula မတွေ့သေးလို့။ ဘာ့ကြောင့် Top Ten ဝင်နေကျနေရာဂုဏ်ထူးထွက်များတဲ့နေရာတွေကပုံမှန်ဂုဏ်ထူးတွေထွက်နေရတာလဲဆိုရင်Formula ရှိလို့ပဲ။ ဆယ်တန်းတုန်းက သင်္ချာ ရှစ်ခန်း circle ထိကြည့်တယ်။ ကျန်တဲ့အခန်း ဥပမာ အခန်း ၁၂Differentiation လိုအခန်း ၁ မှတ်တန်ပဲကြည့်တယ်။တခြားဘာသာတွေလဲ အလားတူပဲ။ ဘဝမှာ အောင်မြင်တဲ့သူတွေကသဲလွန်စတွေချန်ခဲ့တယ်။ Success leaves clues ပါ။ ဒါ့ကြောင့် ဘာလုပ်လုပ် Formula ကိုတွေ့အောင်ရှာရမယ်။ Phyo Paing @ Derek

ဘာလုပ်လုပ် Formula ကို တွေ့အောင်ရှာရမယ်။ Read More »

အလုပ်လုပ်ဖို့ ပျင်းတော့မယ်ဆို ဒီလိုစဉ်းစားကြည့်တယ်။

လီကွမ်းယူတစ်ခါကပြောသလိုတရုတ်မှာ လူတစ်ထောင်မှာတစ်ယောက် လူတော်ထွက်ရင်ကို1.4 Million ရှိတယ်။ ဒါကို စလုံးအနေနဲ့ဘယ်လိုယှဉ်မလဲ။ လူတိုင်း ပညာတတ်မှရမယ်တဲ့။ ကိုယ်အလုပ်လုပ်ချင်စိတ်မရှိတော့ရင်ကိုယ့်ကိုကိုယ် တရုတ်ရောက်နေတယ်လို့စိတ်သွင်းလိုက်တယ်။ သူတို့ဆီမှာ နေရာတစ်ခုရဖို့ 996 လုပ်တာတောင် မသေချာဘူး။မနက် ၉ ည ၉ နဲ့ တစ်ပတ် ၆ ရက်။ ဒါကတချို့လုပ်ငန်းတွေအတွက်ရှင်သန်ဖို့တောင် အာမမခံနိုင်ဘူး။ အဲ့လိုစိတ်စဉ်းစားလိုက်ရင်ငါလုပ်တာ ဘားမှမဟုတ်သေးဘူးခံစားလာရတတ်တယ်။ ဒီမှာသာ 996 နဲ့ အလုပ်ကိုပိုးစိုးပက်စက်လုပ်ကြည့်ပါလား။ရလဒ်က ချက်ချင်းရတယ်။နိုင်ငံရေးကောင်းရင် ပိုကောင်းတာပေါ့။အခုလို အစစအရာရာဆုပ်ယုတ်နေတဲ့အချိန်မှာပိုလို့တောင် လုပ်ရအုံးမယ်။ Phyo Paing @ Derek

အလုပ်လုပ်ဖို့ ပျင်းတော့မယ်ဆို ဒီလိုစဉ်းစားကြည့်တယ်။ Read More »