ကမ္ဘာတစ်ခုပဲ။
တချို့က ကိုယ့်အလုပ်နဲ့ဝေးရာပြေးချင်တယ်။တချို့က ကိုယ့်အလုပ်က ကိုယ့်ရဲ့နှစ်သက်ပျော်ရွင်ရာကမ္ဘာတစ်ခုပဲ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
တချို့က ကိုယ့်အလုပ်နဲ့ဝေးရာပြေးချင်တယ်။တချို့က ကိုယ့်အလုပ်က ကိုယ့်ရဲ့နှစ်သက်ပျော်ရွင်ရာကမ္ဘာတစ်ခုပဲ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
လုပ်ငန်းစတင်ပြီး သုံးနှစ်ပြည့်တဲ့အခါတစ်လကို အသားတင် သိန်းတစ်ရာတော့အနည်းဆုံးမြတ်နေဖို့လိုတယ်လို့လုပ်ငန်းရှင်အများစုယူဆကြတယ်။ ဒါပေမယ့် တကယ်တမ်းဝန်ထမ်းအယောက် ၂၀ အောက်လည်ပတ်နေတဲ့လုပ်ငန်းတချို့ဟာဒီ အမြတ်မထွက်ကြဘူးဆိုတာ သိရပြန်တယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအတွက်milestone တစ်ခုလိုတယ်။ဘယ်အချိန်မှာ operating expenses တွေကျေမလဲ။ဘယ်အချိန်မှာ ၁၀ သိန်းအထက်စမြတ်မလဲ။ဘယ်အချိန်မှာ ၁၀၀ အထက်၊ဘယ်အချိန်မှာ ၁၀၀၀ အထက်အစရှိသည် milestone ချထားဖို့လိုတယ်။ ရှုံးတဲ့လတွေရှိခဲ့ရင်လဲပြန်လည်သင်ခန်းစာယူဖို့လိုတယ်။ဒါတွေလုပ်ဖို့ လုပ်ငန်းကို plan ချဖို့လိုတယ်။ Plan ဆိုတာ တစ်ခါချပြီးပြီးသွားတာမဟုတ်ဘူး။အမြဲတွေးဆကြံစည်နေရတာမျိုး။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
Plan ဆိုတာ တစ်ခါချပြီးပြီးသွားတာမဟုတ်ဘူး။
အမြဲတွေးဆကြံစည်နေရတာမျိုး။ Read More »
ကိုယ့်ပတ်ဝန်းကျင်ကိုပြောင်းချင်ရင်ကိုယ်က ကိုယ့်ပတ်ဝန်းကျင်ထက်ကြီးမှ ရမယ်။ မန္တလေးကနေ ရန်ကုန်ကိုသွားသင်တဲ့trainer မရှိဘူးဆိုလို့ဟန် အဲ့လိုရှိသလား။ အခုမှ ကြားဖူးတယ်လို့ စဉ်းစားခဲ့ဖူးတယ်။ တနဲ့ သမပီတဲ့ ပြည်တွင်းတရုတ်ကဘယ်လို လူရှေ့စကားပြောမလဲဆိုတော့အဲ့လို ရှိလားလို့ စဉ်းစားခဲ့ဖူးတယ်။စာရေးဖို့ စာလုံးကမကြွယ်သတ်ပုံကမှား မဖြစ်နိုင်ဘူးခဏခဏ ပြောကြတယ်။ ထသွားမှ ကျိုးမှန်းသိလိမ့်မယ် မောင်လေး။သင်တန်းတွေက အခြေနေမကောင်းဘူးနော်။ ကမ္ဘာ့နောက်အကျဆုံး ဗရုတ်သုတ်ခတွေပဲဖြစ်နေတဲ့ နေရာမှာ အကြည်ဓာတ်အပြည့်နဲ့ ဘယ်လိုများသွားမလဲ။ကြာလေလေ တခြားနိုင်ငံကလူတွေနဲ့တိုးတက်မှု ကွာလေလေပဲ။ တက္ကသိုလ်ပထမနှစ် ပထမစာမေးပွဲမှာဘာသာစုံအောင်တာ အယောက် ၆၀၀ မှာ အယောက် ၂၀ မပြည့်ဘူးနော်။ အဲ့လိုရှိလားလို့စဉ်းစားခဲ့ဖူးတယ်။ တခါတလေ ကိုယ့် ပတ်ဝန်းကျင်ကိုပြောင်းဖို့You have to be greater than your environment ဖြစ်ဖို့လိုတာပဲ။ Phyo Paing @ Derek
ပြဿနာက ကိုယ်နဲ့တွေ့တဲ့အခါ
ကိုယ်က စိတ်မညစ်ပဲ
ပြဿနာက စိတ်ပိုညစ်သွားရမယ်။ Read More »
လုပ်ငန်းရှင်တစ်ယောက်က မျက်စိဖွင့်နားစွင့်ထားဖို့လိုတယ်။လုပ်ငန်းထဲမှာပဲ ပိတ်မိနေလို့မရဘူး။အပြောင်းအလဲဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊နည်းပညာ၊ ဥပဒေအပြောင်းအလဲကိုအမြဲမပြတ်သတိပြုရပြီးကိုယ့်လုပ်ငန်း သွားနေတဲ့လမ်းကြောင်းလိုအပ်ရင် ပြောင်းလဲမှုသေးသေးကြီးကြီးလုပ်ရတဲ့အချိန်မျိုးတွေရှိတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
လုပ်ငန်းရှင်တစ်ယောက်က
မျက်စိဖွင့်နားစွင့်ထားဖို့လိုတယ်။ Read More »
Riches in the niches ဆိုတဲ့စကားရှိပါတယ်။လူအများစုမတွေ့ပဲ ကျော်သွားတဲ့စျေးကွက်ကို တူးဖော်အသုံးပြုပါ။ Niche Market ဆိုတာ ပုံမှန်စျေးကွက်ရဲ့ 1% သောသူတွေကို သီးသန့်ပစ်မှတ်ထားတာပါ။ ဥပမာ ကိတ်မုန့်ရောင်းတယ်ဆိုတဲ့စျေးကွက်မှာ ၁၂ အောက်ကလေးလေးတွေအတွက်Birthday Cake လှလှလေးတွေဖန်တီးရောင်းချ စျေးကွက်ဖောက်တာမျိုး။ ယောဂသင်တာတောင်မှဗိုက်ကြီးသည်တွေအတွက်ပဲ သီးသန့် ယောဂသင်ပေးတာမျိုးကိုNiche Market လို့ခေါ်ပါတယ်။ ဒီလို အပျောက်စျေးကွက်လေးတွေကလုပ်ငန်းအတွက် အမြတ်အများကြီးဖြစ်စေတတ်တဲ့အတွက် Riches in the niches လို့ခေါ်ကြပါတယ်အမျိုးတို့။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay
Power Niche တစ်ခုထားပါ။ Read More »
2030 ရောက်တဲ့အချိန်တချို့တွေ အသက်ရှင်ချင်မှရှင်တော့မယ်။အခု စင်ပေါ်ရောက်နေတဲ့လုပ်ငန်းတွေလဲအဲ့အချိန်စင်ပေါ်မှာရှိချင်မှရှိတော့မယ်။ကိုယ့် competitor လို့သတ်မှတ်ထားတဲ့သူတွေလဲ အဲ့အချိန်ရှိချင်မှရှိတော့မယ်။ 2040 မှာလဲ ပြောင်းလဲသွားမှာပဲ။ အလားတူပဲ 2050. ကိုယ်ကြည့်မရတဲ့သူတွေလဲအဲ့အချိန်ရှိချင်မှ ရှိတော့မယ်။ ကိုယ့်ကို ဖောင်းထုထားတဲ့ကောင်တွေလဲအဲ့အချိန် ကိုယ့်ပရိသတ်ဖြစ်ရင်ဖြစ်နေပြီ။ Accident နဲ့ တခြားအကြောင်းကြောင့်မဟုတ်ရင် စိတ်နဲ့ ကိုယ်ကျန်းမာရေးဂရုစိုက်ပြီးနေ့တိုင်း Training ဆင်းနေဖို့လိုတာပဲ။ ဒီခရီးက ဘယ်သူ စိတ်ပိုမာသလဲ။ဒူပဒေါပေခံသလဲ။ ဘယ်သူစိတ်မှတ်ပိုရှိသလဲ။ ဘယ်သူ ဥာဏ်ပိုရှိသလဲ။ ကစားပွဲတစ်ခုပဲ။ အချိန်က အဆုံးအဖြတ်ပေးမှာပဲ။ Phyo Paing @ Derek
အချိန်က အဆုံးအဖြတ်ပေးမှာပဲ။ Read More »
လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ACDC ဆိုတာ သိရမယ်။A = Attraction (Marketing)C = Conversion (Sales)D = Delivery (Operations)C = Collection (Finance) ကိုယ့်လုပ်ငန်းရဲ့ဘယ်အပိုင်းအားနည်းနေလဲ၊ အားသာလဲသိရမယ်။ လူတွေစိတ်ဝင်စားအောင်လုပ်တာMarketing (Attraction)စိတ်ဝင်စားစုံစမ်းမှုကိုအရောင်းအနေနဲ့ပြောင်းနိုင်တာSales (Conversion) လုပ်ငန်းထုတ်လုပ်၊ ပို့ဆောင်လည်ပတ်အဆင်ပြေအောင်Operations (Delivery)ငွေရေးကြေးရေး၊ အရှုံးအမြတ်၊လက်ကျန်စာရင်းရှင်းတမ်း၊ဝင်ငွေထက်ငွေအတွက် Finance (Collection) ဒါကတော့ လုပ်ငန်းရှင်အမျိုးတို့ပြန်လည်ဆန်းစစ်နိုင်အောင်ဖြစ်ပါတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
ACDC ဆိုတာ သိရမယ်။ Read More »
လက်သည်ကို အားကိုးပြီးမညစ်ပဲနေရင် မမွေးနိုင်သလိုပဲ။ တချို့အခြေအနေတွေမှာ အကူညီယူရသလို ကိုယ်တိုင်လဲ အားထုတ်ဖို့လိုတယ်။ ခွဲမွေးရင်လဲ ရတာပဲလို့ပြောစရာရှိတယ်။ခွဲမွေးရင် ၃ ယောက်ထိပဲမွေးလို့ရတယ်။ ဒါကြောင့် Coach က တိုးတက်ရေးအတွက် ကူညီပေးတယ်။ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးအောင် ကူညီပေးတယ်။အတူတူအဖြေရှာကြတဲ့အတွက်Thinking partner လို့ခေါ်တယ်။ Consultant က လက်ရှိကြုံနေတဲ့ တိကျတဲ့ပြဿနာကိုဖြေရှင်းပေးတယ်။ Coach ကို တိုးတက်ရေးအတွက်သုံးပြီးMarketing တို့၊ Accounting တို့အတွက် တိကျတဲ့ပြဿနာဖြေရှင်းဖို့ Consultant ကို အသုံးပြုတယ်။ဘယ်သူ့ကိုသုံးသုံး လက်သည်နဲ့မပြီးဘူး။ကိုယ်တိုင်လဲ ညစ်ဖို့လိုတယ် အမျိုးတို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
Thinking partner လို့ခေါ်တယ်။ Read More »
လုပ်ငန်းရှင် ခပ်ညံ့ညံ့ဆိုတာ အခြေအနေကို ရမယ်ရှာစီးပွါးရေးမကောင်းဘူးခိုလို ညည်းနေတဲ့သူမျိုးဖြစ်တယ်။အဖြေမရှိပဲ၊ ပြဿနာပဲထိုင်ပြောနေရုံနဲ့အဖြေမရပါဘူး။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
အဖြေမရှိပဲ၊ ပြဿနာပဲထိုင်ပြောနေရုံနဲ့ အဖြေမရပါဘူး။ Read More »
တစ်သက်မှာ တစ်ခါလူလာလုပ်တာလုပ်ခဲ့တဲ့အရာတိုင်းမှာ ခြေရာကျန်ဖို့တော့လိုတယ်။ဒါကြောင့် ဘာအလုပ်ဖြစ်ဖြစ်ဖြစ်သလို မလုပ်ပဲ သတ်မှတ်ထားတဲ့ စံနှုန်းထက်တော့ကျန်ဖို့လိုတယ်။ အောင်မြင်တဲ့သူတွေဘာလုပ်သလဲ? ၁။ အောင်မြင်မှုအတွက် ဆာလောင်မှုရှိတယ်။ ၂။ အလုပ်ကို ပိုးစိုးပက်စက်လုပ်တယ်။၃။ အလုပ်လုပ်တာ မြန်နှုန်းမြင့်တယ်။၄။ ဒူပေဒါပေခံတယ်။၅။ စိတ်ရှည်တယ်။ ၆။ နေ့စဉ်လေ့လာ တိုးတက်အောင်လုပ်နေတယ်။ ၇။ ကိုယ့်အမှားတွေက သင်ခန်းစာယူတယ်။ ၈။ အပေါင်းအသင်းတွေကို ဂရုစိုက်တယ်။၉။ အချိန်စီမံခန့်ခွဲမှုကောင်းတယ်။ အလဟသ မဖြုန်းဘူး။ အများကြီးတော့ကျန်သေးတယ်။ ဒါကတော့ အများစုမှာတွေ့ရတဲ့အချက်တွေ။ပိုက်ဆံမရှိရင် မျက်နှာငယ်မယ်။ အလုပ်မလုပ်ရင် ကျန်ခဲ့မယ်။ ယုန်နဲ့လိပ်လိုပဲ ဇွဲလဲလိုတယ်။တစ်နှစ်၊ နှစ်နှစ် game မဟုတ်ဘူး။ဆယ်နှစ်၊ နှစ်နှစ်ဆယ်နဲ့ အထက် game.စိတ်ရှည်ဖို့လိုတယ်။ Phyo Paing @ Derek
အောင်မြင်တဲ့သူတွေဘာလုပ်သလဲ? Read More »