July 2022

ကျွန်တော် ပိုက်ဆံရှာတဲ့ အလုပ်မလုပ်တော့တာကြာပြီ။

အရင်က ငွေရှာဖို့အတွက် idea တွေထုတ်တယ်။ အကောင်အထည်ဖော်တယ်။ နောက်ပိုင်းကျတော့ စဥ်းစားတဲ့ပုံကိုပြောင်းလိုက်တယ်။ I am building brands and businesses ဆိုတဲ့ စိတ်ကိုအမြဲထည့်လိုက်တယ်။ ငွေကိုယ့်ကိုလာရှာအောင် ဘယ်လိုလုပ်မလဲ။ ဘယ်အလုပ်ကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်အောင်လုပ်မလဲ။ Recession-proof ဖြစ်တဲ့ niche business လေးတွေ ဘယ်လိုတည်ဆောက်မလဲ ဒါကိုအဓိက စဥ်းစားဖြစ်တယ်။ Niche တွေကို ဘယ် VC မှ invest မလုပ်ကြဘူး။ အများစုက mass market သွားတာကိုပဲ invest လုပ်ကြတယ်။ Niche တွေတည်ဆောက်ရင်းနဲ့ စျေးကွက်အကြောင်းတွေ ပိုနားလည်လာလို့ တစ်ချိန် mass market သွားတဲ့အခါ အများကြီးအထောက်အကူပြုနိုင်တယ်။ ကမ္ဘာစစ်ကြီးဖြစ်ရင်ဖြစ်မယ်။ ပြဿနာပေါင်း ၁၆၀၀၀ မကလို့ တစ်သိန်းခြောက်သောင်းဖြစ်ဖြစ် ကိုယ့်ကိုကိုယ် […]

ကျွန်တော် ပိုက်ဆံရှာတဲ့ အလုပ်မလုပ်တော့တာကြာပြီ။ Read More »

ရက် ၃၀၀

ကိုယ့်ကိုကိုယ် challenge လုပ်လာတာရက်ပေါင်း ၃၀၀ ရှိပြီ။ ၁ နှစ်၊ ၂ နှစ်လောက်တော့ ခေါင်းထဲထည့်မထားဘူး။လာမည့် ငါးနှစ်၊ ဆယ်နှစ်သည်းခံရအုံးမှာ နားလည်တယ်။ဒူပေဒါပေခံအောင်လည်း လေ့ကျင့်ထားတယ်။ 2040, 2050 ကိုယ်မသေသေးရင်ကိုယ်ဖန်တီးနေတဲ့ စမ်းသပ်မှုတွေရဲ့ဆုံမှတ်တစ်ခုဖြစ်လာမယ်။  စိတ်မပါတဲ့ ပညာရပ်တောင်ခြောက်နှစ်လောက်သည်းခံလေ့လာလာခဲ့တာ။ သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး။ Phyo Paing @ Derek

ရက် ၃၀၀ Read More »

အကောင်းဆုံးသင် ဖန်တီးဖို့ အချက် ၆ ချက်

1. Self-analysis ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ရမယ်။ ကိုယ့်ကိုကိုယ်မှ မသုံးသပ် ၊ မဆန်းစစ်ရင် ပိုကောင်း၊ ပိုတော်အောင်လုပ်လို့ရမှာမဟုတ်ဘူး။ The unexamined life is not worth living. — Socretes ဘာတွေ ပြန်လည်ဆန်းစစ်ရမလဲ။ ကိုယ့်ရဲ့ အတိတ်ကို ပြန်လည်ဆန်းစစ်ရမယ်။ အတိတ်ဟာ ဖြစ်ခဲ့တဲ့ ဂုဏ်အယူဆုံးအရာတွေ၊ အောင်မြင်မှုတွေ၊ ပျော်ရွင်စရာ၊ ရင်ခုန်စရာတွေ ပါဝင်သလို ဒုက္ခတွေ၊ စိတ်ဆင်းရဲစရာတွေ ပါဝင်တယ်။ အရေးကြီးတဲ့အချက်က ပြဿနာကြုံလာတဲ့အခါ ဘယ်လို ဖြေရှင်းသလဲ၊ ပြဿနာကို ဘယ်လိုတုန့်ပြန်လဲဆိုတဲ့ အချက်တွေ အင်မတန်အရေးကြီးပါတယ်။ တချို့က ပြဿနာဖြစ်တဲ့အခါ စိတ်ဓာတ်ကျ ရှောင်ဖယ်တတ်တယ်။ တချို့က ဒီပြဿနာကို ကျော်လွှားဖို့ အဖြေရှာတယ်။ ပျော်ရွင်မှုဖြစ်ပြီဆိုရင်လဲ ဘယ်အချိန်မျိုးကျရင် ပျော်တတ်တယ်။ ဘယ်လိုအချိန်မျိုးကျရင် ဂုဏ်ယူတတ်တယ်။

အကောင်းဆုံးသင် ဖန်တီးဖို့ အချက် ၆ ချက် Read More »

အလုပ်လုပ်တဲ့အခါ “ပ” သုံးလုံးနဲ့ရွေးတယ်။

၁။ ပျော်လား? ၂။ ပိုက်ဆံရလား? (ကိုယ်လိုချင်တဲ့ဘဝနေထိုင်မှုပုံစံကိုပံ့ပိုးပေးနိုင်လား?)၃။ ပိုကြာလေ ပိုကျွမ်းကျင်လာလေဖြစ်မလား? (Mastery) Phyo Paing @ Derek

အလုပ်လုပ်တဲ့အခါ “ပ” သုံးလုံးနဲ့ရွေးတယ်။ Read More »

ကျွန်တော်ဟာ အစမ်းသပ်ခံ လူသားသာ။

ကျေးဇူးအရမ်းတင်ရတဲ့ ဆရာကြီးရှိတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း 139 နှစ်5 Nov 1883 ပဲခူးတိုင် သုံးဆယ်မြို့မှာလူတစ်ယောက် မွေးဖွားလာတယ်။ အဲ့ဒီ စာရေးဆရာ အရေးအသားတွေကကျွန်တော့် ငယ်ဘဝကို လွမ်းမိုးခဲ့တယ်။ လောကအမြင်ကို ပြောင်းပေးခဲ့တယ်။အဲ့လိုပဲ တခြားသူတွေကို ပြန်လည်ကူညီပေးဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့အပြည့်အဝ ခံယူထားတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က အစမ်းသပ်ခံပဲ။အစမ်းသပ်ခံ ကြွက်ကလေးလိုအစမ်းသပ်ခံ လူသားတစ်ယောက်ပဲ။အဲ့လို ပဲ ကိုယ့်ကိုကိုယ်ခံယူတယ်။ ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုဘယ်လိုတည်ဆောက်မလဲဆိုတာနည်းလမ်းမျိုးစုံနဲ့စမ်းသပ်တယ်။ဒီစမ်းသပ်မှုနာမည်က Best Version Project ဖြစ်တယ်။ အချိန်ကာလက အသက်မသေမချင်းပေါ့။ စမ်းသပ်မှုကာလမှာ တွေ့ရှိချက်တွေကိုကိုယ့်ရဲ့ Best Version ကိုတည်ဆောက်ချင်သူတွေကို မျှဝေမယ်။ဒီလောက်ပဲ စဉ်းစားထားတယ်။ စမ်းသပ်မှု ပြုလုပ်တဲ့နယ်ပယ်ကသုံးခု အဓိကထားတယ်။ Personal, Professional, Business တိုးတက်ရေးဆိုပါတော့။ အရာရာ ဆုပ်ယုတ်နေတဲ့ နေရာမှာတိုးတက်မှုဆိုတာက ဟာသလိုကြီးဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ရိုက်ခတ်မှုပေါင်း များစွာထဲမှာစမ်းသပ်မှုကနေ

ကျွန်တော်ဟာ အစမ်းသပ်ခံ လူသားသာ။ Read More »

အသက်ရှင်နေသမျှ
ကိုယ်ထွက်ပြေးမရတဲ့အရာက
ကိုယ့်စိတ်နဲ့ ခန္ဓာပဲ။

တချို့မကြိုက်တဲ့နေရာ၊မချစ်မနှစ်သက်သူတွေနဲ့အဝေးမှာ ခွဲခွာသွားလို့ရနိုင်ပေမယ့်ခွဲမရတဲ့အရာက ကိုယ်တိုင်ပဲ။ ဒါကြောင့် အချိန်ကိုသုံးချိန်ခွဲလိုက်တယ်။ ၁။ ကိုယ့်အတွက်အချိန်၂။ အလုပ်အတွက်အချိန်၃။ သူတပါးအတွက်အချိန် ကိုယ့်အတွက်အချိန်က မနက် ၄ ကနေ ၁၀ ထိ (၆ နာရီ) ဦးနှောက်၊ စိတ်နဲ့ ခန္ဓာအတွက်လေ့ကျင့်ရေးဆင်းတယ်။ စာဖတ်၊ လေ့ကျင့်ခန်းလုပ်၊ journaling နဲ့ တရားထိုင်၊ professional learning အတွက်လုပ်။ ၁၀ ကနေ ၆ အထိက အလုပ်အတွက်စုစုပေါင်း ၈ နာရီပေါ့။ (၈ နာရီ) ၆ ကနေ ၁၀ နာရီထိက (၄ နာရီ)အပေါင်းသင်းယောင်းရင်းအချိန်ပေါ့။တချို့ရက်မှာတော့ အလုပ်ရှိနိုင်တာပေါ့။ အဲ့လို ဖြတ်သန်းလာတာကတော့ 296 ရက်တော့ ရှိပြီ။ ခုထိတော့ အလုပ်ဖြစ်နေတယ်။ Phyo Paing @ Derek

အသက်ရှင်နေသမျှ
ကိုယ်ထွက်ပြေးမရတဲ့အရာက
ကိုယ့်စိတ်နဲ့ ခန္ဓာပဲ။
Read More »

လူတွေ အသိအမှတ်ပြုတဲ့အပေါ်
ဘဝလို့ထင်ပြီး မသာယာလိုက်နဲ့။

လူတွေရဲ့ အထင်အမြင်က အချိန်နဲ့အမျှ အပြောင်းအလဲဖြစ်နေတတ်တယ်။ ဒီအပေါ်မှာ သွားခံစားနေရင် မှားလိမ့်မယ်။ တစ်ယောက်တည်းနေနေလဲ စိတ်ငြိမ်းချမ်းအောင် နေနိုင်ဖို့ လေ့ကျင့်နေဖို့လိုတယ်။ Phyo Paing @ Derek

လူတွေ အသိအမှတ်ပြုတဲ့အပေါ်
ဘဝလို့ထင်ပြီး မသာယာလိုက်နဲ့။
Read More »

ဘဝဆိုတာ

၂၀၀၅ ပြိုင်ဖက်တွေက၂၀၁၂ မှာ ပြိုင်ဖက်မဟုတ်တော့ဘူး။ ၂၀၁၂ က ပြိုင်ဖက်တွေက၂၀၁၅ မှာ မဟုတ်တော့ဘူး။၂၀၁၅ ပြိုင်ဖက်တွေက၂၀၂၂ မှာ မဟုတ်တော့ဘူး။ ဘဝဆိုတာ အဲ့လိုပဲဒူပေဒါပေခံဖို့၊သက်လုံကောင်းဖို့နဲ့စိတ်ရှည်ဖို့၊ စိတ်ဓာတ်ပြတ်သားခိုင်မာဖို့လိုတာပဲ။၊ Phyo Paing @ Derek

ဘဝဆိုတာ Read More »

အပြောင်းအလဲတစ်ခုလုပ်တော့မယ်ဆို
ဘေးကလူတွေက ခင်ဗျာကို
ဆွဲချကြလိမ့်မယ်။
အားပေးသလိုလိုနဲ့
ဝေဖန်ကြလိမ့်မယ်။

မှတ်မှတ်ရရ တစ်ခုခုအပြောင်းအလဲလုပ်တော့မယ်ဆို လူတွေ သင့်ကိုယုံချင်မှ ယုံကြလိမ့်မယ်။ 2016 မှာ video ရိုက်ပြီး ပထမဆုံး video တင်တော့ဟိုဟာလိုသေးတယ်။ဒီဟာလိုသေးတယ် အကြံပေးကြတယ်။သူတို့ကို မေးလဲ မမေးပဲနဲ့။ ဝိတ်ချတော့မယ်ဆိုတော့ စောင့်ကြည့်မယ်ဆိုတဲ့ သူနဲ့။ ဆယ်ပေါင်ကျသွားပြီဆိုတော့ ဒါက ရေဝိတ် ပျော်မနေနဲ့ဆိုပြီးအားပေးတဲ့ သူနဲ့။ ဘဝက အဲ့လိုပဲ အပြောင်းအလဲတစ်ခုလုပ်တော့မယ်ဆိုဘေးကလူတွေက ခင်ဗျာကို ဆွဲချကြလိမ့်မယ်။အားပေးသလိုလိုနဲ့ ဝေဖန်ကြလိမ့်မယ်။ ကျွန်တော်တော့ အဲ့ဒီ screenshot တွေကို တစ်နေရာထဲမှတ်ထားတယ်။တချိန် story-telling မှာသုံးဖို့။ 😀 Phyo Paing @ Derek

အပြောင်းအလဲတစ်ခုလုပ်တော့မယ်ဆို
ဘေးကလူတွေက ခင်ဗျာကို
ဆွဲချကြလိမ့်မယ်။
အားပေးသလိုလိုနဲ့
ဝေဖန်ကြလိမ့်မယ်။
Read More »

နေ့စဉ် ငါဘာတွေလုပ်မလဲ။
ဒီလုပ်တဲ့အရာကနေ
ငါဘယ်လိုလူဖြစ်လာမလဲ။

ကျွန်တော်ကတော့ ကိုယ့်ဘဝကိုယ်အရမ်းကြိုက်တယ်။ဘယ်သူနဲ့မှလဲ မလဲချင်ဘူး။နေ့တိုင်းဖြတ်သန်းရတာလဲအရသာ အပြည့်ရှိတယ်။ဘာကြောင့်လဲဆိုတော့ Have ဆိုတဲ့ ပိုင်ဆိုင်မှုတွေကိုအာရုံသိပ်မပြုဖြစ်ဘူး။ Do ဆိုတာတွေကို နေ့စဉ်အာရုံပြုဖြစ်တယ်။ နေ့စဉ် ငါဘာတွေလုပ်မလဲ။ဒီလုပ်တဲ့အရာကနေ ငါဘယ်လိုလူဖြစ်လာမလဲ။ Be ဆိုတာ အာရုံပြုဖြစ်တယ်။ဘာလုပ်မလဲဆိုတာနဲ့ ဘယ်လိုလူဖြစ်လာမလဲဆိုတာ ကိုယ့်ထိန်းချုပ်မှုအောက် အပြည့်ရှိတယ်။ ဘာတွေ ပိုင်ဆိုင်မလဲဆိုတာကတော့ကိုယ့်ထိန်းချုပ်မှုအောက်မှာမရှိဘူး။ မပြောင်းလဲချင်တဲ့ ကိုယ့်မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီးတောင်ပြောင်းလဲလို့မလွယ်တဲ့အချိန်မျိုးမှာမပြောင်းလဲချင်တဲ့ တခြားသူတွေကိုကြိုးစားပြီး သွားပြောင်းလဲတာ အပိုပဲဖြစ်နိုင်တယ်။ ကျွန်တော်ရဲ့ ဘဝ philosophy ကရှင်းရှင်းလေးပဲ။ ပိုက်ဆံတွေအများကြီးရှိပြီးဆုံးရှုံးမှာ ကြောက်နေတဲ့သူကျန်းမာရေးမကောင်းနဲ့သူအဖြစ်မနေချင်ဘူး။ ဘဝမှာ ကိုယ့်ရဲ့ personal development, Professional ပိုင်းမှာ mastery ဖြစ်ပြီး၊ကိုယ့်ထိန်းချုပ်မှုအောက်အပြည့်ရှိပြီးတိုးတက်နေတဲ့ Business ရှိပြီးကိုယ့်ကိုကိုယ် အကောင်းဆုံးတည်ဆောက်နေဖို့ပဲ။ ကိုယ့်ကိုကိုယ် ကောင်းအောင်မလုပ်ပဲသူများကို ကောင်းအောင်လုပ်ပေးဖို့မလွယ်ဘူး။ Phyo Paing @ Derek

နေ့စဉ် ငါဘာတွေလုပ်မလဲ။
ဒီလုပ်တဲ့အရာကနေ
ငါဘယ်လိုလူဖြစ်လာမလဲ။
Read More »