July 2022

ကျွန်တော်တို့ society က
လှတာပဲမြင်ချင်တာ။

ရှုံးနိမ့်တာတွေကို မခံစားနိုင်တတ်ဘူး။ ဥပမာ vlog လေး စရိုက်ကြည့်။အသံလေးတိုးတယ်နော်။ ခန္ဓာကိုယ်က ယိုင်တိုင်တိုင်ဖြစ်နေတယ်။ယုံကြည်မှုမရှိတဲ့ ပုံစံဖြစ်နေတယ်။အားမနာပဲ ဝေဖန်ဖို့ ဝန်မလေးကြဘူး။ အောင်မြင်သွားတဲ့အချိန်ကျတော့မိုက်လိုက်တာ၊ တော်လိုက်တာ၊ သူက သူများနဲ့မှမတူလုပ်နိုင်တာကိုးဒါမျိုးနဲ့ လာတယ်။ အဲ့ဒီ အရှုံးတွေ မယဉ်ပါးပဲသာမာန်ဘဝထဲက ထွက်ဖို့မလွယ်ဘူး။ နောက်တစ်ခုက ကိုယ့်ပေတံနဲ့သွားများကို လိုက်တိုင်းတတ်တာ။ ကျွန်တော်တို့ဟာ အလွန်အမင်းjudgemental ဖြစ်တဲ့ society မှာနေတယ်။ အရာရာကို စိတ်ခံစားမှုနဲ့ စဉ်းစားဆုံးဖြတ်တယ်။ခရီးကျယ်ကျယ်ပြန့်ပြန့်မသွားဖူး၊စာကောင်းကောင်းမဖတ်၊ကောင်းကောင်းမတွေး၊ အရှုံးတွေက သင်ခန်းစာမယူတဲ့soceity ဟာ ကျဆုံးဖို့လွယ်တယ်။ လူအများစုက ကိုယ့်ကိုကိုယ်တောင်သေချာနားမလည်ပဲ သူများဘဝကို သွားဝေဖန်မှုပြုတတ်ကြတယ်။ ဒီတိုင်ပတ်စေတဲ့ အတွေးအခေါ်တွေဟာ ယဉ်ကျေးမှု culture တစ်ခုလိုဖြစ်နေတတ်တယ်။ သာမာန်ထဲမှာ မနေချင်ရင်ဒါကို ဖောက်ထွက်ဖို့လိုတယ်။ Soceity က သတ်မှတ်ထားတဲ့ Bullshit rules တွေထဲက ထွက်လာတဲ့ပတ်ဝန်းကျင်နဲ့ “လွတ်”နေတဲ့ […]

ကျွန်တော်တို့ society က
လှတာပဲမြင်ချင်တာ။
Read More »

အဓိက အတားအဆီးဖြစ်နေတာ
အတွေးအခေါ်။

ကိုယ်ဘယ်လောက်စွမ်းလဲဆိုတာ ကိုယ့်ကိုကိုယ် စိန်ခေါ်ပြီး အစွမ်းကုန်ထိ မစမ်းကြည့်ဖူးရင်မသိနိုင်ဘူး။ လူတွေရဲ့ အစွမ်းအစက ချဲ့ရင်ချဲ့သလောက် ရှိနိုင်တယ်။အဓိက အတားအဆီးဖြစ်နေတာအတွေးအခေါ်။ နောက်တစ်ခုကို အသိုင်းအဝိုင်းနဲ့အပေါင်းအသင်းတစ်စုရဲ့အတွေးအခေါ်ကို ကျော်လွန်ပြီးတွေးရဲဖို့လိုတယ်။ Phyo Paing @ Derek

အဓိက အတားအဆီးဖြစ်နေတာ
အတွေးအခေါ်။
Read More »

ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင်

အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အာဖရိကရောက်သွားရင် ဘာလုပ်စားမလဲ။ ဒါမှမဟုတ် တိုးတက်ပြီးနိုင်ငံတွေရောက်ရင် ဘာလုပ်မလဲ။ အသက် ၃၅၊ ၄၀၊ ၅၀၊ ၆၀၊ ၇၀အဲ့လို အချိန်မျိုးမှာဘဝကို သုညက ပြန်စရရင်ဘာတွေ လုပ်မလဲ။ စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားလိုက်တယ်။ခြေထောက်ကျိုးသွားခဲ့ရင်၊မျက်လုံးကန်းသွားခဲ့ရင်၊ နားကန်းသွားခဲ့ရင် ဘာတွေ ဆက်လုပ်မလဲ။ အမြဲ စိတ်ဓာတ်ရေးရာအရnegative visualization လုပ်ကြိုတင်ပြင်ဆင်ထားတဲ့အတွက်လောကဓံကို အနည်းငယ်ပိုခံနိုင်လာတယ်လို့ဆိုရမယ်။ တနေ့ ကိုယ်အရင်မသေရင်ကိုယ်ချစ်တဲ့သူတွေ အရင်သေလိမ့်မယ်။အဲ့ဒီအတွက်လဲ စိတ်ဓာတ်ရေးရာအရကြိုတင်ပြင်ဆင်ထားရတယ်။ ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင်ဖြစ်နိုင်ခြေ ဆိုးရွားတဲ့ scenario တွေအတွက်စိတ်ဓာတ်ရေးရာအရ ကြိုတင်ပြင်ဆင်ထားတာ မမှားဘူးလို့ ဆိုရမယ်။ Phyo Paing @ Derek

ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင် Read More »

ဘဝမှာ Stress Cycle နဲ့
Relax Cycle တစ်ခုစီလာတယ်။

Exam ပြီးသွားတဲ့အချိန် လွတ်လပ်မှုရသွားတဲ့ခံစားမှုမျိုးခံစားဖူးလား။ Deadline နီးတဲ့ assignment တစ်ခုတင်ပြီးတိုင်း အလုပ်တစ်ခုကိုဖြစ်ဖြစ်မြောက်မြောက်လုပ်လိုက်နိုင်ပြီဒီလိုခံစားချက်မျိုးခံစားဖူးလား။ တခါတလေ သင်္ကြန်ပိတ်ရက်မှာHoliday ပိတ်ရက်မှာ အနားယူတာကြာတော့အကျင့်ပါပြီး ရုံးမတတ်ချင်ဖြစ်နေတာမျိုးကော ကြုံဖူးလား။ ဘဝမှာ Stress Cycle နဲ့Relax Cycle တစ်ခုစီလာတယ်။ အလုပ်လုပ်ရင် ပိုးစိုးပက်စက်လုပ်။နားရင် ပိုးစိုးပက်စက်နား။ Phyo Paing @ Derek

ဘဝမှာ Stress Cycle နဲ့
Relax Cycle တစ်ခုစီလာတယ်။
Read More »

တစ်ရက် ၂၄ နာရီကို စုဗူးလို့မြင်တယ်။

ကျန်းမာရေး၊ တိုးတက်ရေး၊လူမှုရေး၊ စီးပွါးရေး၊ စိတ်ပိုင်းဆိုင်ရာ အကြည်ဓာတ်တည်ဆောက်ရေးစီမံခန့်ခွဲနိုင်ရေးနဲ့ ကိုယ်နဲ့ သက်ဆိုင်ရာအသက်မွေးဝမ်းကျောင်းအလုပ်အတွက်တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ရေးနေ့စဉ် စုနေရတယ်။ တချို့ရက်တွေက စုထားတဲ့ထဲကယူသုံးရတယ်။တချို့ရက်တွေက စုရတယ်။စုတာက သုံးတာထက် ပိုများဖို့လိုတယ်။ Phyo Paing @ Derek

တစ်ရက် ၂၄ နာရီကို စုဗူးလို့မြင်တယ်။ Read More »

လူတွေရဲ့ တိုးတက်မှုဟာ

တစ်ခါ တိုးတက်တဲ့အခါ ခုံပျံကျော်လွှားဖြစ်သလို ထင်ရတတ်တယ်။တကယ်တမ်း ငါးနှစ်၊ ဆယ်နှစ် လောက်ကြိတ်ပြီး ကြိုးစားခဲ့တာ တစ်ချိန်မှ ဘွားကနည်းထပေါ်တာမျိုး။ဒါကြောင့် တစ်ခုခုဆိုငါးနှစ်အနည်းဆုံးဆိုတဲ့ စိတ်ကို ပြင်ဆင်ထားတယ်။ Phyo Paing @ Derek

လူတွေရဲ့ တိုးတက်မှုဟာ Read More »

Self-discipline လိုတယ်။

နှစ်နှစ်လောက် ပါးစပ်စည်းကမ်းမရှိစားချင်တာစားသောက်ချင်တာ သောက် လိုက်တာပေါင် ၁၉၀ ကျော်သွားတယ်။စိတ်ပါမှ စာဖတ်တော့ တစ်လနှစ်အုပ်လောက်ပဲ ဖတ်ဖြစ်ခဲ့တယ်။စိတ်ပါမှ ချစ်တဲ့သူတွေကို ဂရုစိုက်တော့ ဂရုစိုက်ဖို့မေ့ပြီးတဖြေးဖြေးဝေးသွားတတ်တယ်။ ဘဝဆိုတာ စိတ်ပါပါ မပါပါတချို့အရာတွေက စည်းကမ်းရှိဖို့လိုတယ်။Self-discipline လိုတယ်။ Phyo Paing @ Derek

Self-discipline လိုတယ်။ Read More »

စီးပွါးရေး ပျက်ကပ်က ကိုယ့်လုပ်ငန်းကျော်ဖို့
ပြင်ဆင်ထားသင့်တာ တချို့ရှိတယ်။

စီးပွါးရေး ပျက်ကပ်က ကိုယ့်လုပ်ငန်းကျော်ဖို့ ပြင်ဆင်ထားသင့်တာ တချို့ရှိတယ်။ Operating expense ကို အနည်းဆုံးဖြစ်အောင်လုပ်။ ပေးစရာဒေါ်လာ အကြွေးတွေကိုသေချာ စီစဉ်ထား။ Customer acquisition အခမဲ့ နည်းပါးဖြစ်အောင်content marketing ကို သေချာလုပ်ထား။ Niche Market တစ်ခုအနည်းဆုံးရှိထား။ ကိုယ့် Team ကို Strategic Business Unitပုံစံထားပြီး သူ့ budget သူ့ target နဲ့သွား။ Self-sustaining ဖြစ်ဖို့လိုတယ်။ Organizational structure ကို cross-functional team တွေလုပ်ထား။ Founder ကိုယ်တိုင် thought leader ဖြစ်အောင်လုပ်။ ဒီ ပျက်ကပ်ပြီး ဝုန်းဖို့ Team Leader တွေ သေချာပြုစုပျိုးထောင်ထား။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့

စီးပွါးရေး ပျက်ကပ်က ကိုယ့်လုပ်ငန်းကျော်ဖို့
ပြင်ဆင်ထားသင့်တာ တချို့ရှိတယ်။
Read More »

စိတ်မညစ်လိုက်နဲ့။

တပါးသူလုပ်ငန်း အထွဌ်အထိပ်ရောက်နေချိန်နဲ့ကိုယ့်လုပ်ငန်း ပြန်လည်နှိုးထဖို့ပြင်ဆင်နေတာ နှိုင်းယှဉ်ပြီးစိတ်မညစ်လိုက်နဲ့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စိတ်မညစ်လိုက်နဲ့။ Read More »

ဒီ Best Self တည်ဆောက်ရေးကတော့
ကျွန်တော့် တစ်ဘဝလုံး ဒီထဲမှာ
မြုပ်နှံထားမှာပဲ။

ကိုယ့်ကိုကိုယ် တန်ဖိုးရှိမရှိတော့ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာကိုယ်ရှိတဲ့အခါနဲ့ မရှိတဲ့အခါ ဘာလေးတွေကွာခြားသွားနိုင်မလဲစဥ်းစားကြည့်တယ်။ ကိုယ့်ရဲ့ Best Self ဖြစ်အောင်ဖန်တီးရင်း ဒီအတွေ့အကြုံကိုပြန် share ပေးတာဟာ ဒါ ကုသိုလ်ရတာပဲလို့ယူဆထားတယ်။ Best Self ဖြစ်ဖို့Personal အတွက်ဆို စိတ်နဲ့ ကိုယ်ကျန်းမာရေး၊ တိုးတက်ရေး၊ စဥ်းစားတွေးခေါ်နိုင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊တစ်ကိုယ်ရေ စီမံခန့်ခွဲမှုတွေပါတယ်။ လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲနိုင်တဲ့ အချက်တွေပေါ့။ Professional မှာတော့ ကိုယ်လုပ်တဲ့အလုပ်ကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ဖို့ mastery level ရောက်အောင်ကြိုးစားအားထုတ်မှုတွေပါမယ်။ Business မှာတော့လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ဝန်ထမ်းစီမံခန့်ခွဲတာ၊ စျေးကွက်ရှာပညာ၊စာရင်းဇယား၊ မဟာဗျူဟာနဲ့ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တာတွေပါမယ်။ ကျန်တာတော့ များများစားစားကျွန်တော်လဲသိချင်မှ သိလိမ့်မယ်။ ဒီ Best Self တည်ဆောက်ရေးကတော့ကျွန်တော့် တစ်ဘဝလုံး ဒီထဲမှာ မြုပ်နှံထားမှာပဲ။ ဒါကြောင့် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်အတွက်အကျိုးရှိလိမ့်မယ်လို့တော့ ယူဆတာပဲ။

ဒီ Best Self တည်ဆောက်ရေးကတော့
ကျွန်တော့် တစ်ဘဝလုံး ဒီထဲမှာ
မြုပ်နှံထားမှာပဲ။
Read More »