July 2022

လူတွေက အလေ့အကျင့်ရဲ့ ရလဒ်ပဲ။

အကောင်းဆုံးဆိိုတာ တစ်ခါတလေလုပ်တဲ့အပြုအမူကြောင့်မဟုတ်ဘူး။ အလေ့အကျင့်ကြောင့်ပဲတဲ့။ ဒါက လွန်ခဲ့တဲ့နှစ် နှစ်ထောင်ကျော်ကSocretes ဆိုကလေးတီးပြောခဲ့တဲ့စကား။ လူတွေရဲ့ တစ်ရက်တာဖြတ်သန်းဖို့အတွက်Willpower ကို အားကိုးလို့မရဘူး။ Willpower ဆိုတာ power bank လိုပဲအသုံးများတဲ့အခါ ညနေရောက်လေအားကုန်လာလေပဲ။ ဒီအစား structured လုပ်ထားတဲ့ တစ်ရက်တာကို ဖြတ်သန်းတာပိုအဓိပ္ပာယ်ရှိတယ်။ဒါကို စနစ်တကျပြုစုပျိုးထောင်တာကိုအကျင့် habits လို့ခေါ်တယ်။ ဒီအလေ့အကျင့်ကို သေချာ design လုပ်နိုင်ရင်ကိုယ့်ခန္ဓာကိုယ်နဲ့ အတွေးအခေါ်ပုံစံဘဝရလာဒ် အကြီးအကျယ်ပြောင်းသွားနိုင်တယ်။ ဒါကြောင့် ခင်ဗျားမှာလိုအပ်တာ မော်တီဗေးရှင်းအတွက် နောက်သင်တန်းတစ်ခုထက်လိုအပ်တာ နေ့စဉ်ဖြတ်သန်းမှုပုံစံဖြစ်နိုင်တယ်။ လူတွေထင်တာ အကျင့်အတိုင်းနေရင်ပင်ပန်းတယ်လို့ ထင်တာ။ အမှန်တော့ အလေ့အကျင့်မဖြစ်သေးပဲနေ့စဉ် ဘဝကို ဖြတ်သန်းတာ ပိုပင်ပန်းတယ်။ ဘဝ နေထိုင်ဖြတ်သန်းမှုအတွက် စနစ်လိုတယ်။ ဒါကို အကျင့်လို့ ခေါ်တယ်။ သေချာ design လုပ်မှ အကျင့်ကောင်းတွေ ပိုခိုင်မြဲမယ်။ […]

လူတွေက အလေ့အကျင့်ရဲ့ ရလဒ်ပဲ။ Read More »

စနစ်တကျ စဉ်းစားတတ်ဖို့
စီးပွါးရေး စဉ်းစားနည်းစနစ်တွေ
လေ့လာထားဖို့လိုတယ်။

Social media အသုံးပြုပြီးလူတစ်ယောက်ရဲ့ ရှာငွေက တချို့လုပ်ငန်းတွေထက် အမြတ်ငွေပိုများတာမျိုးမြင်ရကြားရနိုင်တယ်။ ဒီနေ့ခေတ်က လူတော်တစ်ယောက်ဟာနည်းပညာအသုံးပြုပြီးသာမာန်အစားထိုးလို့ရတဲ့လူတွေအများကြီးရှိတဲ့ လုပ်ငန်းရဲ့ဝင်ငွေထက် သာလွန်သွားနိုင်တယ်။ ဒီနေ့ခေတ်က စဉ်းစားဥာဏ်နဲ့ဦးနှောက်ပြိုင်တဲ့ခေတ်ဖြစ်သွားပြီ။ အရင်လို သတင်းအချက်အလက်ဖွပ်ထားတဲ့ ခေတ်မဟုတ်တော့ဘူး။ လူသိများအောင် လုပ်နိုင်တဲ့လုပ်ငန်း၊စဉ်းစားနိုင်တဲ့လုပ်ငန်းရှင်သူတို့ရဲ့ခေတ်ဖြစ်တယ်။ စနစ်တကျ စဉ်းစားတတ်ဖို့ စီးပွါးရေး စဉ်းစားနည်းစနစ်တွေလေ့လာထားဖို့လိုတယ်။ Blue Ocean Framework တို့Value Proposition တို့၊Business Model Canvas တို့၊One Page Busienss Plan တို့၊ Lean Branding Framework တို့ဆိုတာစီးပွါးရေးစဉ်းစားနည်း ပုံစံတချို့ပဲဖြစ်တယ်။လျှောက်ပြီး တောင်စဉ်းစားမြောက်စဉ်းစားနေတာထက်စာရင်မဟာဗျူဟာကျကျ စဉ်းစားတာပိုထိရောက်နိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စနစ်တကျ စဉ်းစားတတ်ဖို့
စီးပွါးရေး စဉ်းစားနည်းစနစ်တွေ
လေ့လာထားဖို့လိုတယ်။
Read More »

ဒီနေ့ ဘယ်လောက် ဆင်းရဲရဲ
သည်းခံနိုင်တယ်။

မနက်ဖြန်ကတော့ ဒီနေ့ထက်ပိုကောင်းရမယ်။ဒီစိတ်နဲ့ပဲ အရာရာကို ဖြတ်ကျော်လာတာ။စျေးကွက်မှာ ဝုန်းတိုင်းကျဲကြော်ငြာHype ဖြစ်ပြီး ပြန်ငြိမ်သွားတာထက်Predictable ဖြစ်တဲ့ ဝင်ငွေနဲ့တိုးတက်မှုကိုပဲ ပိုခုံမင်တယ်။ Phyo Paing @ Derek

ဒီနေ့ ဘယ်လောက် ဆင်းရဲရဲ
သည်းခံနိုင်တယ်။
Read More »

ဘာလို့ နေ့တိုင်းစာဖတ်သင့်သလဲ။

ခေါင်းထဲအတွေးအခေါ်အသစ်ဝင်လာတာနဲ့စဥ်းစားတာ မတူတော့ဘူး။ စဥ်းစားတာမတူရင် အမြင်မတူတော့ဘူး။အမြင်မတူရင် လုပ်ရပ်မတူတော့ဘူး။လုပ်ရပ်မတူရင် ရလဒ်မတူတော့ဘူး။ Thinking -> Perception -> Action -> Result Phyo Paing @ Derek

ဘာလို့ နေ့တိုင်းစာဖတ်သင့်သလဲ။ Read More »

ပုံမှန် အမျိုးသားတွေရဲ့
အကောင်းဆုံးအချိန်က

အသက် 42-62 လို့ဆိုတယ်။အဲ့ဒီအချိန် ငွေကြေး၊ ပါဝါနဲ့ဘဝမှာ လူရိုသေရှင်ရိုသေအချိန်တစ်ခုရောက်ပြီ။ ဒီမတိုင်ခင် 21-41 ကဘာအလုပ်ဖြစ်တယ်။ဘာအလုပ်မဖြစ်ဘူး ရှာဖွေစမ်းသပ်တဲ့Discovery 💡 လုပ်တဲ့ကာလပေါ့။ဒီကာလမှာ ကြောက်ပြီးPlay safe မလုပ်မိဖို့ တော်တော်အရေးကြီးတယ်။ အလုပ်ထွက်စရာရှိ ထွက်လိုက်။စဖို့ရှိတဲ့ idea တွေ စလိုက်။အဲ့လို ကိုယ့်ကိုကိုယ် အားပေးပြီးလုပ်လာခဲ့တာ။ Phyo Paing @ Derek

ပုံမှန် အမျိုးသားတွေရဲ့
အကောင်းဆုံးအချိန်က
Read More »

ဘေးမှာနေပြီး ဝေဖန်တာဟာ
အစွမ်းအစတွေကို ဆိတ်သုန်းစေတယ်။

ခင်ဗျားရဲ့ အနီးစပ်ဆုံးသမီးရည်းစား၊ လင်မယား၊မိဘတွေကကိုယ့်ကို judge မလုပ်ပဲကိုယ့်ရဲ့အရှိကို အရှိအတိုင်းလက်ခံပြီးကိုယ့်ရဲ့ဖြစ်တည်မှုအတွက်ထပ်တူဂုဏ်ယူတဲ့အခါခင်ဗျားဘဝ ပြောင်းလဲပြီ။ ဘေးမှာနေပြီး ဝေဖန်တာဟာအစွမ်းအစတွေကို ဆိတ်သုန်းစေတယ်။ Parenting မှာလဲ အဲ့လိုပဲစဉ်းစားတယ်။ဘာဖြစ်ရမယ်ဆိုတဲ့ expectation မရှိဘူး။ဘဝမှာ ပျော်ပျော်ရွင်ရွင်နဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ပဲလေ့ကျင့်ပေးထားဖို့ စဉ်းစားထားတယ်။ Phyo Paing @ Derek

ဘေးမှာနေပြီး ဝေဖန်တာဟာ
အစွမ်းအစတွေကို ဆိတ်သုန်းစေတယ်။
Read More »

Bad day

လူတိုင်းမှာ bad day ရှိတတ်ကြတယ်။ဒီ bad day ကြောင့် အကြည်ဓာတ်positive vibes လဲ ပျောက်ကောင်းပျောက်မယ်။ အဲ့ဒီအချိန် ဘာလုပ်သင့်လဲဆိုရင်တုန့်ပြန်ဖို့ react လုပ်တာကို လျော့ကြည့်ကြည့်။ အဲ့ဒီတစ်ရက်တာကို ပြန် သုံးသပ်ကြည့်။ပုံမှန်အားဖြင့် bad day ဆိုတာတစ်စုံတစ်ယောက်အပြုအမူကြောင့်ကိုယ့်စိတ်ခံစားမှုကို လွမ်းမိုးတာများတယ်။ ဒိီတော့ bad day ဖြစ်တဲ့ အခြေအနေကိုပြန်မေးကြည့်ကြည့်။ငါ ဒီက ဘာသင်ခန်းစာရသလဲ။နောက်တစ်ခါ ဒီလိုမဖြစ်အောင်ဘယ်လို ဥပဒေတွေ၊ အထာလေးတွေထားမလဲ။ ပုံမှန်တော့ mental toughness training တွေသေချာလုပ်ထားရင် ပြဿနာဘယ်လောက်ကြုံကြုံ သွေးမပျက်အေးဆေးလေး ဖြတ်သန်းနိုင်တယ်။ ဘယ်သူနဲ့ တွေ့ပြီးရင် ပြဿနာတွေဖြစ်တတ်လဲ။ဘယ်လို အလုပ်တွေလုပ်မိရင်ပြဿနာတွေ ပိုတက်တတ်လဲ ပြန်မေးကြည့်ပြီးကိုယ့်ရဲ့ ဘဝနေထိုင်မှုစနစ်ကိုပြင်သွားလို့ရတယ်။ Phyo Paing @ Derek

Bad day Read More »