October 2022

တိုက်ကွက်တွေမြန်ဖို့လိုသလို
စိတ်ရှည်ဖို့လဲလိုတယ်။

အံအားသင့်လောက်တဲ့ ရလဒ်ဆိုတာတစ်ရက်နှစ်ရက်၊ တစ်လနှစ်လနဲ့ရတဲ့ အမျိုးဖြစ်တာရှားတယ်။​ လွယ်ရင် လူတိုင်းလုပ်နေမှာပေါ့။လွယ်လွယ်နဲ့ မရနိုင်တာတိုင်းမှာဆာလောင်မှုလိုတယ်။မဟာဗျူဟာကောင်းလိုတယ်။ပြင်းထန်တဲ့လုပ်ရှားမှုတွေလိုတယ်။အမြဲမပြတ်လေ့လာသင်ယူမှုလိုတယ်။ဒူပေဒါပေခံမှုလိုတယ်။စိတ်ရှည်ဇွဲသန်ဖို့ လိုတယ်။​ Giza မှာရှိတဲ့ ပိရိမစ်ကြီးကို တည်ဆောက်ဖို့လူပေါင်း ၁ သိန်းနဲ့ နှစ်ပေါင်း ၂၀ လိုခဲ့တယ်။ မဟာတံတိုင်းတည်ဆောက်ဖို့ချင်းစစ်ဝမ်လက်ထက်မှာ ကိုးနှစ်အချိန်ယူခဲ့ပေမယ့်ဆက်လက်ချဲ့ထွင်ထိန်းသိမ်းဖို့မင်းဆက် ကိုးဆက်ကျော်နဲ့နှစ်ထောင်ပေါင်းများစွာကြာခဲ့တယ်။ တိုက်ကွက်တွေမြန်ဖို့လိုသလိုစိတ်ရှည်ဖို့လဲလိုတယ်။ Phyo Paing @ Derek

တိုက်ကွက်တွေမြန်ဖို့လိုသလို
စိတ်ရှည်ဖို့လဲလိုတယ်။
Read More »

လူတွေရဲ့ အပြောင်းအလဲဖြစ်စဉ်တိုင်းကို
လေ့လာကြည့်ရင်

လူတွေရဲ့ အပြောင်းအလဲဖြစ်စဉ်တိုင်းကိုလေ့လာကြည့်ရင်ကိုယ့်ကို အရှိအရှိအတိုင်း လက်ခံနိုင်ပြီးယုံကြည်တဲ့ သူတွေကအစွမ်းအစတွေပိုထွက်ခဲ့တာတွေ့ရလိမ့်မယ်။ကိုယ့်ဘဝမှာ ကိုယ်ဘာဖြစ်နေနေအကောင်းမြင် ယုံကြည်တဲ့သူတွေကိုတန်ဖိုးထားဖို့ မေ့နေတတ်တယ်။ Phyo Paing @ Derek

လူတွေရဲ့ အပြောင်းအလဲဖြစ်စဉ်တိုင်းကို
လေ့လာကြည့်ရင်
Read More »

ချစ်တဲ့ အလုပ်ကို လုပ်မှာလား။
ဒါမှ မဟုတ် လုပ်တဲ့ အလုပ်ကို ချစ်မှာလား။

စဥ်းစားကြည့်ကြည့်လူအများစု တစ်ရက် ၈ နာရီအိပ်တယ်။အလုပ်ထဲမှာ ၈ နာရီနဲ့ ၁၀ နာရီကြားကုန်တတ်တယ်။ကျန်တဲ့ ၆ နာရီက ရေချိုး၊ မုန့်စား၊တခြား ဝေရာဝိစ္စတွေနဲ့ အချိန်ကုန်တယ်။ အချိန်အများစုက အလုပ်နဲ့ကုန်တယ်။အလုပ်မှာ မပျော်ရင် ဘဝကလဲ မပျော်ဘူး။​အလုပ်မှာ ရင်ခုန်စရာမကောင်းရင်ဘဝကလဲ​ ပျင်းစရာကောင်းနေမှာ။ ဒါကြောင့် ကိုယ့်အလုပ်ကို game တစ်ခုလိုရင်ခုန်နေမှသာ ဘဝက အဓိပ္ပာယ်ရှိမှာ။ ဒါကြောင့်ချစ်တဲ့ အလုပ်ကို လုပ်မှာလား။ဒါမှ မဟုတ် လုပ်တဲ့ အလုပ်ကို ချစ်မှာလား။ ချစ်တဲ့အလုပ်ကို လုပ်ပိုင်ခွင့်မရှိသေးရင်လုပ်တဲ့အလုပ်ကို အရင်ချစ်လိုက်။ပြီးမှ တဖြည်းဖြည်း ချစ်တဲ့အလုပ်ကိုလုပ်။ Phyo Paing @ Derek

ချစ်တဲ့ အလုပ်ကို လုပ်မှာလား။
ဒါမှ မဟုတ် လုပ်တဲ့ အလုပ်ကို ချစ်မှာလား။
Read More »

စိတ်ဖိစီးမှုတွေ ဖြစ်ဖြစ်သွားတုန်းလား?

ခရီးထွက်တဲ့ အချိန် Viber တို့၊ Messenger တို့ကmessage တွေ တက်လာတိုင်းစိတ်ဖိစီးမှုတွေ ဖြစ်ဖြစ်သွားတုန်းလား? Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

စိတ်ဖိစီးမှုတွေ ဖြစ်ဖြစ်သွားတုန်းလား? Read More »

ကိုယ့်ကိုကိုယ် ပြန်ပြောနေမလဲ?

တကယ်လို့ ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတည်ဆောက်ပြီးသွားခဲ့မယ်ဆို ကိုယ့်အနေနဲ့ဘာတွေ လေ့လာလုပ်ဆောင်ခဲ့လို့ ဒီလို တည်ဆောက်နိုင်တယ်ဆိုပြီးကိုယ့်ကိုကိုယ် ပြန်ပြောနေမလဲ? Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ကိုယ့်ကိုကိုယ် ပြန်ပြောနေမလဲ? Read More »

လူတွေက ကိုယ့်အတွေးအခေါ်
Pattern တွေရဲ့ သားကောင်ပဲ။

တချို့တွေ မသိသေးတဲ့သူအပေါ်ဆိုအရမ်းကောင်းတတ်၊ အားနာတတ်ပြီးကိုယ်နဲ့သိတဲ့သူတွေအပေါ်ဆို မညာတာတတ်တာ တွေ့ဖူးလိမ့်မယ်။ တချို့လူတွေက တစ်ခုခု လုပ်တော့မယ်ဆိုအရမ်းတတ်ကြွ ရင်ခုန်ပြီးအချိန်တစ်ခုကြာရင် ပျင်းသွားတတ်တာတွေ့ဖူးကြလိမ့်မယ်။ လူတွေက ကိုယ့်အတွေးအခေါ်Pattern တွေရဲ့ သားကောင်ပဲ။ ကိုယ့်မှာရှိတဲ့ ကိုယ့် pattern တွေကိုသိမှ လိုချင်သလို ဘဝကို program လုပ်လို့ရမှာ။ ကိုယ်နဲ့ ပေါင်းသင်းတဲ့သူရဲ့အတွေးအခေါ် pattern သိမှလဲcommunication က အောင်မြင်မှာ။ ဒီ pattern သိမှ ကျန်တာတွေပြင်လို့ရမှာလေ။ Phyo Paing @ Derek

လူတွေက ကိုယ့်အတွေးအခေါ်
Pattern တွေရဲ့ သားကောင်ပဲ။
Read More »

ကိုယ့်ကို ဖျက်စီးနေတဲ့သူက
ကိုယ်ကိုကိုယ်ပဲ။

ဒီလို ဖျက်စီးနေတာကို လုပ်မိစေတဲ့အချက်က သတိ မမူမိတာပဲ။ ပါးစပ်ထဲကို ထည့်တဲ့အစာ၊ခေါင်းထဲထည့်တဲ့ စာ၊ ပေါင်းတဲ့အပေါင်းအသင်း၊ နေ့စဥ်လုပ်ဆောင်နေတဲ့အရာတွေ။ ဒီအရာတွေက ကိုယ့်ဘဝကို အဆုံးအဖြတ်ပေးတယ်။ ဒီလုပ်ရပ်တွေကို သတိပြုမိဖို့လိုတယ်။ လူဆိုတာ စနစ်တစ်ခုပဲ။ စိတ်နဲ့ ခန္ဓာနှစ်ခုနဲ့ လည်ပတ်နေတယ်။ ဒီစနစ်ကြီးကို လေ့လာပြီးကောင်းအောင်တည်ဆောက်နေမှ ပိုကောင်းလာမှာပေါ့။ သေချာတာတစ်ခုက ခန္ဓာကိုယ်ထဲကcell တွေပွားနေပြီး အချိန်နဲ့အမျှ အိုမင်းရင်းရော်နေတယ်။telomere တွေတိုနေတယ်။တချို့အပြုအမူတွေက mTor ဆိုတဲ့ protein ကို နှိုးဆွပြီး အိုမင်းရင့်ရော်မှုကိုမြန်ဆန်စေတယ်။ ဒီ process ကြီးကို ထိန်းနိုင်မှတော်ကာကျမှာ။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို မနေမိဖို့လိုတာပဲ။ Phyo Paing @ Derek

ကိုယ့်ကို ဖျက်စီးနေတဲ့သူက
ကိုယ်ကိုကိုယ်ပဲ။
Read More »

သဘောကောင်းလွန်းရင်
လူတွေက ခင်ဗျာကို အချဉ်လို့ထင်တတ်တယ်။

ခင်ဗျာက အမှတ်တံဆိပ်မဟုတ်ရင်ဟင်းရွက်ကန်စွန်းရွက်ပဲတဲ့။ဒါ ဘယ်သူပြောခဲ့တယ်ထင်သလဲ?သဘောကောင်းလွန်းရင်လူတွေက ခင်ဗျာကို အချဉ်လို့ထင်တတ်တယ်။အဲ့လောက် “အ” နေရင်လဲ ကိုယ့်နယ်ပယ်မှာ ရှင်သန်လို့တောင်ရမှာ မဟုတ်ဘူး။ Phyo Paing @ Derek

သဘောကောင်းလွန်းရင်
လူတွေက ခင်ဗျာကို အချဉ်လို့ထင်တတ်တယ်။
Read More »