November 2022

ကိုယ်မျှော်လင့်တဲ့အတိုင်းမဖြစ်တာတွေကို
ကြိုတင်ကာကွယ်နိုင်တယ်။

ဒီနောက်ပိုင်း အရေးကြီးတဲ့လူတွေနဲ့တစ်ခုခုလုပ်တော့မယ်ဆိုတိုင်းဒါက ကိုယ့်အားသာချက်ဒါက အားနည်းချက်အကျင့်က ဒီလိုရှိတယ်။ဒီလိုအချိန်ဆို ဒီလို တုန့်ပြန်တယ်။နှစ်ပေါင်းများစွာ ကိုယ့်ကိုကိုယ်လေ့လာခဲ့တဲ့ အချက်အလက်ကိုအရှိကို အရှိအတိုင်းချပြတယ်။ လက်ခံနိုင်ရင် ရှေ့ဆက်၊ကြိုတင်စဉ်းစားလို့ရအောင်ကိုယ်သိတဲ့ ကိုယ့်အကြောင်းကိုAuthentic ဖြစ်ဖြစ်ချပြတယ်။ဒါက နောက်ဆက်တွဲ ကြိုတင်ပြီးအထင်ကြီးတာ အနာဂတ်မှာကိုယ်မျှော်လင့်တဲ့အတိုင်းမဖြစ်တာတွေကိုကြိုတင်ကာကွယ်နိုင်တယ်။ Phyo Paing @ Derek

ကိုယ်မျှော်လင့်တဲ့အတိုင်းမဖြစ်တာတွေကို
ကြိုတင်ကာကွယ်နိုင်တယ်။
Read More »

Meaningful work -> Money -> Success
ဒီလိုပဲ အောင်မြင်မှုအဓိပ္ပာယ်ဖွင့်တယ်။

ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနိုင်ဖို့ပထမဆုံးရှိဖို့လိုတာ အဿပြာပဲ။ဒီနေ့ခေတ်က meaningful work လုပ်ဖို့money အရင်ရှိဖို့လိုတယ်။ အကောင်းဆုံးကတော့ meaningful work ကနေအခုနဲ့ အနာဂတ်မှာ နေချင်တဲ့ဘဝနေထိုင်တဲ့ပုံစံကို အထောက်အကူပြုမည့်ပုံမှန် money ဝင်နေဖို့ပဲ။ Meaningful work -> Money -> Successဒီလိုပဲ အောင်မြင်မှုအဓိပ္ပာယ်ဖွင့်တယ်။ Phyo Paing @ Derek

Meaningful work -> Money -> Success
ဒီလိုပဲ အောင်မြင်မှုအဓိပ္ပာယ်ဖွင့်တယ်။
Read More »

ကိုယ့်အတွက် အလိုဆုံးအရာ
သိဖို့လိုတယ်။

တချို့လူတွေအတွက်အချစ်ခံရဖို့လိုတယ်။တချို့လူတွေအတွက်လူတွေအထင်ကြီးဖို့လိုတယ်။တချို့လူတွေအတွက်လှုံခြုံမှုလိုတယ်။ တချို့လူတွေအတွက်အာဏာပါဝါပြရဖို့ လိုတယ်။တချို့လူတွေအတွက်ဘဝက သဟဇာတဖြစ်ဖို့လိုတယ်။တချို့လူတွေအတွက်ပညာဥာဏ်အလင်းလိုတယ်။ တချို့လူတွေအတွက်ကိုယ့်ရဲ့အနုပညာကိုဖော်ပြနိုင်မှုလိုတယ်။တချို့လူတွေအတွက်အများအကျိုးအတွက်တိုက်ပွဲဝင်ဖို့လိုတယ်။တချို့လူတွေအတွက်စူးစမ်းရင်ခုန်နေဖို့လိုတယ်။ ကိုယ့်အတွက် အလိုဆုံးအရာသိဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်အတွက် အလိုဆုံးအရာ
သိဖို့လိုတယ်။
Read More »

ဒီနေ့ခေတ်က negativity နဲ့
attention ရှာတာ ပိုမြန်တယ်။

ခေါင်းထဲထည့်ထားတဲ့ အရာတွေမတူရင်လောကကြီးကို မြင်တဲ့အမြင်မတူဘူး။ခေါင်းထဲဘားမထည့်ရင်တော့ဘာမှမမြင်ဘူး။အမှိုက်ထည့်ရင် မြင်လေရာ အမှိုက်ပဲ။ခေါင်းထဲထည့်တဲ့အရာတွေကိုဂရုစိုက်ဖို့ အရေးအကြီးဆုံးပဲ။ ဒီနေ့ခေတ်က negativity နဲ့attention ရှာတာ ပိုမြန်တယ်။လူ့ဦးနှောက်ကလဲ ရှင်သန်ရေးအတွက်negativity ကို ပိုတုန့်ပြန်တယ်။ဒါကြောင့် သတင်းတွေကnegativity, sarcasm နဲ့ hate နဲ့media manipulation လုပ်တယ်။ ဒါတွေမသိရင် ကိုယ်က သိုးကလေးဖြစ်နေမယ်။အရေခွံလဲ ခွါခံရသေးတယ်။သိုးသားဒံပေါက်ကလဲ ဖြစ်အုံးမယ်။ Phyo Paing @ Derek

ဒီနေ့ခေတ်က negativity နဲ့
attention ရှာတာ ပိုမြန်တယ်။
Read More »

လူတစ်ယောက်မှာ ဦးနှောက်က
အခရာပဲ။

ကိုယ့်ကိိုကိုယ် အားကစားတစ်ယောက်လိုစဥ်းစားကြည့်ကြည့်။ဦးနှောက်က ၁၈-၂၀ မှာ အကောင်းဆုံးပဲ။၃၅ နှစ်ကျော်ရက် တခြားကြွက်သားတွေလဲစွမ်းဆောင်ရည် လျော့လျော့သွားတတ်တယ်။တစ်ခုခုဆို မှတ်မိဖို့ မလွယ်တာ၊အသစ်တစ်ခုခု သင်ယူရခက်လာတာဖြစ်တတ်တယ်။ လူတစ်ယောက်မှာ ဦးနှောက်ကအခရာပဲ။သူ့ကို train နေမှ အိုတာမနှေးမှာ။ငယ်ငယ်ကလေ့လာရတာဦးနှောက်ဆဲလ်တွေက မွေးပြီးမမွားတော့ဘူး။ကြီးပဲကြီးတော့တယ်ဆိုတဲ့ အယူအဆနဲ့ကြီးလာတာ။နောက်ပိုင်း neuroplasticity ဆိုတဲ့ဦးနှောက်ရဲ့ပုံစံဟာ ကိုယ့်ရဲ့ lifestyleပေါ်မူတည်ပြီး အပြောင်းအလဲလုပ်လို့ရတယ်ဆိုတာ သိလာတယ်။ ဒါကြောင့် ဘဝဖြတ်သန်းမှုဖြစ်စဉ်မှာLifestyle integration အရေးကြီးတယ်။အစားအသောက်၊ လေ့ကျင့်ခန်း၊ဦးနှောက်အတွက် ပုံမှန် training လုပ်ဖို့၊စာဖတ်နေဖို့၊ လေ့လာနေဖို့လိုတယ်။တချို့သူတွေအသက် ၇၀ မှာ သန်မာပြီးမိုက်နေတုန်း ကိုယ်ကအိုနာကျိုးကန်းမဖြစ်နေဖို့ကိုယ့် lifestyle ကို အသက်အရမ်းမကြီးခင်တည်းကဂရုစိုက်ဖို့လိုတယ်။ ℙ𝕙𝕪𝕠 Paing @ Derek

လူတစ်ယောက်မှာ ဦးနှောက်က
အခရာပဲ။
Read More »

High performer ဖြစ်ဖို့ စနစ်လိုတယ်

High performer ဖြစ်ဖို့ စနစ်လိုတယ်။အလုပ်လုပ်တဲ့စနစ်၊အနားယူတဲ့စနစ်။ ဘဝကို ဒီဇိုင်းဆွဲတဲ့စနစ်၊ဘဝဖြတ်သန်းမှုစနစ်။စိတ်ဖိစီးမှုဒဏ်ဖြေရှင်းတဲ့စနစ်၊ပြဿနာဖြေရှင်းတဲ့စနစ်၊အချိန်စီမံတဲ့စနစ်။ အစားအသောက်စနစ်နဲ့၊ကိုယ်လက်လှုပ်ရှားတဲ့စနစ်။စနစ်မှန်ရင် motivationလိုက်ရှာစရာမလိုတော့ဘူး။ Phyo Paing @ Derek

High performer ဖြစ်ဖို့ စနစ်လိုတယ် Read More »

ပျော်ရွင်မှုရဲ့ ရန်သူက

ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကနေကိုယ်လိုချင်တဲ့ တုန့်ပြန်မှုတွေကိုမျှော်လင့်တောင်းတနေတတ်တဲ့စိတ်ပဲ။ Phyo Paing @ Derek

ပျော်ရွင်မှုရဲ့ ရန်သူက Read More »

လူရွေးပြီး စေတနာထားပါ။

အရင်တုန်းက လူတိုင်းအပေါ်ကိုယ်ချင်းစာတရားအပြည့်နဲ့ စေတနာထားတယ်။ ခဏခဏ အမြတ်ထုတ်ခံရတယ်။ အခု လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအပေါ်စေတနာ မထားခင် တော်တော်သုံးသပ်တယ်။ပြီးမှ စေတနာအပြည့်ထားတယ်။ အရင်က လူတိုင်းစေတနာနဲ့ထိုက်တန်တယ်လို့ ယူဆတယ်။ လူတွေ အကြောင်းနောကျေလာတော့လူရွေးပြီး စေတနာထားတာဖြစ်လာတယ်။ Phyo Paing @ Derek

လူရွေးပြီး စေတနာထားပါ။ Read More »

ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။

လူဆိုတာ အကျင့်ပါတာ မတရားလွယ်တဲ့ သတ္တဝါ။အထူးသဖြင့် မကောင်းတဲ့အကျင့်ပေါ့။ ငါဒီနေ့တော့ စားလိုက်ပါအုံးမယ်ဆိုတဖြဲနှစ်ဖြဲစားတော့ နောက်နေ့စားချင်ပြန်ရော။နောက်ရက်ဆက်သွားရော။ ငါဒီနေ့တစ်ရက် နားလိုက်ပါအုံးမယ်ဆိုပြီးတစ်ရက်တစ်ရက် မဖြစ်မနေလုပ်ရမည့် ဝတ္တရားတွေ မလုပ်ပဲအလေလိုက်ပြန်တော့ အကျင့်ပါသွားရော။ နားရမည့်အချိန်နားသလိုအလုပ်လုပ်ရမည့်အချိန် အချောင်ခိုရင်နောက်ဆုံး ဒုက္ခရောက်မှာ ကိုယ်ပဲ။ ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။ Read More »