November 2022

Formula Man

ကိုယ့်ကို သိတဲ့သူတွေကကိုယ့်ကို Formula Man လို့ခေါ်ကြတယ်။ တစ်ခုခုလုပ်ပြီဆိုရင် ဒါကိုအလွယ်ဆုံး၊ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဘယ်လို replicate လုပ်လို့ရမလဲဆိုတဲ့formula ရှာတာ ငယ်ကတည်းကအကျင့်လိုဖြစ်နေပြီ။ စာမေးပွဲဖြေတိုင်း အမှတ်ကောင်းချင်တော့မြန်မြန်မှတ်လို့ရတဲ့ မြန်နှုန်းမြင့်လေ့လာနည်း formula ရှာတယ်။စာမြန်မြန်ဖတ်ချင်တော့ ကိုယ်နဲ့ကိုက်တဲ့ speed-reading formula ရှာတယ်။ဒီ accelerated learning formula တွေကcareer တစ်ခုက တစ်ခုပြောင်းတော့အင်မတန်အသုံးဝင်တယ်။ စိတ်ခဏခဏ ညစ်လို့ လူတွေရဲ့ပယောဂကြောင့် စိတ်ညစ်တာကင်းဝေးဖို့ formula လိုက်ရှာတယ်။ EFT, NAC, NLP, Quantum healing, Energy healing တွေ, Hypnosis, creative visualization စုံစိနေတာပဲ။ ပိုက်ဆံလဲ အတော်ကုန်။ နောက်ပိုင်း ကိုယ်နဲ့ ကိုက်တဲ့ formulaရသွားတယ်။ ဘဝကို အထာကျကျ […]

Formula Man Read More »

စျေးလျော့မှ ရောင်းရမယ်ဆိုတဲ့
အတွေးအခေါ်ကို တဖြည်းဖြည်းဖျောက်ပါ အမျိုးတို့။

စျေးလျော့မှ ရောင်းရမယ်ဆိုတဲ့အတွေးအခေါ်ကို တဖြည်းဖြည်းဖျောက်ပါအမျိုးတို့။စျေးချမှ ရောင်းရတဲ့ အခြေနေကိုအဆုံးသတ်ဖို့ Brand တည်ဆောက်ပါ။ 👇 Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စျေးလျော့မှ ရောင်းရမယ်ဆိုတဲ့
အတွေးအခေါ်ကို တဖြည်းဖြည်းဖျောက်ပါ အမျိုးတို့။
Read More »

ကိုယ်လိုချင်တာမရတာ
ကိုယ်လိုနေသေးလို့။

တစ်ခုခုလိုနေလို့ လိုချင်တာ မရတာပဲ။ကံတရားတစ်ခုထဲကိုအပြစ်ပုံချလို့ မရဘူး။သတင်းအချက်မရှိလို့ဖြစ််နိုင်သလိုအပေါင်းအသင်းမရှိလို့ကြိုးစားအားထုတ်မှုမရှိလို့မလေ့လာလို့ အမျိုးမျိုးဖြစ်နိုင်တယ်။ Phyo Paing @ Derek

ကိုယ်လိုချင်တာမရတာ
ကိုယ်လိုနေသေးလို့။
Read More »

တရားခံက ကိုယ်ကိုတိုင်ပဲ။

လုပ်ငန်းထဲမှာ ပိတ်မိနေစေတဲ့ တရားခံက ကိုယ်ကိုတိုင်ပဲ။မလေ့လာ မသင်တာတာ။ကိုယ်နဲ့ အလုပ်ဖြစ်တဲ့နည်းမရှာတာ။ကိုယ်အရည်အချင်းရှိသလောက်ပဲကိုယ့်လုပ်ငန်းအောင်မြင်တာဖြစ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

တရားခံက ကိုယ်ကိုတိုင်ပဲ။ Read More »

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်

လူတွေရဲ့ ပြဿနာအများစုဟာအတွေးမရှင်းရာက စတယ်။မယောင်ရာဆီလူးနေတတ်တယ်။လူအများသတ်မှတ်ထားတဲ့အောင်မြင်မှုဆိုတဲ့နောက်လိုက်ပြီးကိုယ့်ဘဝကို အနှစ်သာရအပြည့်နေဖို့ မေ့နေတတ်ကြတယ်။ အသက်ကြီးမှ နောင်တရတတ်ကြတယ်။ ပြဿနာအများစုရဲ့ အရင်းအမြစ်ကဒီ philosophical problem ပဲ။ အတွေးရှင်းဖို့ philosophy ကိုလေ့လာဖို့လိုတယ်။ Philosophy ဆိုတာ ဥာဏ်ပညာကိုချစ်မြတ်နိုးခြင်းဖြစ်တယ်။ Philosophy ကို အရှင်းဆုံးရှင်းပြရရင် ဘာကြောင့် ဒါလုပ်သလဲ။ ဒီမေးခွန်းပဲ။ ဘာကြောင့်အသက်ရှင်နေသလဲ။ဘာကြောင့် အလုပ်လုပ်နေသလဲ။ ဘာကြောင့်၊ ဘာကြောင့်၊ ဘာကြောင့်။ ဒါမသိရင် မယောင်ရာဆီလူး၊အရေးမပါတာတွေ အရာပေးနေမိတတ်တယ်။ Phyo Paing @ Derek

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်
Read More »

ကိုယ်က ကိုယ့်ဘဝရဲ့ trainer ပဲ

မွေးကတည်းက လမ်းလျှောက်သင်ရတယ်။နောက် စကားပြောသင်ရတယ်။စာရေးသင်ရတယ်။လူတွေနဲ့ ပြောဆိုဆက်ဆံတတ်ဖို့သင်ရတယ်။သင်္ချာ၊ ဓာတု၊ ရူပ၊ သမိုင်းသင်ရပြန်တယ်။အလုပ်ခွင်ဝင်ဖို့ အတတ်ပညာသင်ရပြန်တယ်။ ကျောင်းမှာ မသင်ခဲ့တဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ပညာရပ်တွေကိုဘဝ တက္ကသိုလ်က သင်ပေးပြန်တယ်။ ကျောင်းတက်တုန်းက တစ်တန်းပြီးတစ်တန်းတက်ဖို့ ကျောင်းသင်ခန်းစာတွေပြီးမြောက်အောင်မြင်ဖို့ ဆရာမတွေက train ပေးတယ်။ ဘဝတက္ကသိုလ်ထဲမှာကျတော့ train ပေးမည့်သူမရှိတဲ့အခါနောက်တစ်ဆင့်တက်ဖို့ train လုပ်ဖို့မေ့နေပြီး ရောက်နေတဲ့အတန်းမှာပျော်နေတတ်ကြတယ်။ ဘဝတက္ကသိုလ်မှာတော့ ကိုယ့်ကိုကိုယ်သာ ကိုးကွယ်ရာပဲ။ကိုယ့်ဘဝရဲ့ တစ်ရက်သာအတွက်training curriculum ကိုယ်တိုင်ဆွဲရတယ်။ ကျန်းမာရေး၊ ကျွမ်းကျင်မှုတိုးတက်ရေး၊အသိပညာတိုးတက်ရေး၊ ဝင်ငွေတိုးတက်ရေး၊အရာရာ ကိုယ်နဲ့ပဲဆိုင်တယ်။ Phyo Paing @ Derek

ကိုယ်က ကိုယ့်ဘဝရဲ့ trainer ပဲ Read More »

ဘဝဆိုတာ system of living
လို့ယူဆတာပဲ

ဘဝက တိုတယ်။ဒါကြောင့်နေ့စဥ်၊အပတ်စဥ်၊ လစဥ်နဲ့ နှစ်စဥ်ကိုသုံးပိုင်းပိုင်းလိုက်တယ်။ နေ့စဥ် မနက်ပိုင်းကိုကိုယ့်ကိုကိုယ် train လုပ်တဲ့အချိန်နောက် အလုပ်လုပ်တဲ့အချိန်ညနေပိုင်း နားတဲ့ဘဝကို enjoy လုပ်တဲ့အချိန်။ တစ်ပတ်ကိုလဲ လေးရက်ကိုfixed schedule ထားတယ်။ကျန်သုံးရက်က လုပ်ရင်လုပ်မယ်။နားရင်နားမယ်။ တစ်လကို တစ်ခါအနည်းဆုံးပြည်တွင်းခရီးသွားမယ်။ တစ်နှစ်ကို တစ်ခါနိုင်ငံခြားခရီးသွားမယ်။​ ဘဝဆိုတာ system of livingလို့ယူဆတာပဲ။ အလုပ်လုပ်တဲ့အချိန်ပိုးစိုးပက်စက်လုပ်ဖို့လိုအပ်တယ်။ပြန်လည် recharge လုပ်တဲ့စနစ်လဲလိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ system of living
လို့ယူဆတာပဲ
Read More »

ကိုယ့်ကိုကိုယ် တည်ဆောက်ဖို့အရေးကြီးတယ်။

လူတွေက ကိုယ်လိုချင်တဲ့အရာရတာ မဟုတ်ဘူး။ကိုယ်နဲ့ ထိုက်တန်တဲ့အရာပဲရတာ။လူတွေက စိတ်ကူးလိုက်ရင်အရာရာ ဖြစ်လာမယ်လို့ထင်တယ်။စိတ်ကူးလိုက်လို့ ဆုတောင်းပြည့်ပြီးထီပေါက်ရင်တောင် ဒါကိုထိန်းသိမ်းထားနိုင်တဲ့ အစွမ်းအစမရှိရင်ရေရှည်ထိန်းထားနိုင်မှာမဟုတ်ဘူး။ကိုယ့်ကိုကိုယ် တည်ဆောက်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် တည်ဆောက်ဖို့အရေးကြီးတယ်။ Read More »

တခါတလေ အချိန်ရှိပြီး
energy မရှိတာမျိုးကြုံရတတ်တယ်။
ဒီလိုမဖြစ်ဖို့ Energy လေးမျိုးကို
အသုံးချနိုင်ဖို့လိုတယ်။

၁။ Physical energy အတွက်အစားအသောက်၊ လေ့ကျင့်ခန်းနဲ့အိပ်ချိန်လုံလောက်ဖို့လိုတယ်။ ၂။ Emotional energy အတွက်စိတ်ခံစားမှုရေးရာမှာ negative emotion တွေကိုအတတ်နိုင်ဆုံး စီမံခန့်ခွဲနိုင်ရမယ်။Positive emotion တွေဖြစ်တဲ့ပျော်ရွင်မှု၊ ရင်ခုန်မှု၊ ဂုဏ်ယူမှု၊အာရုံစိုက်မှု၊ ကျေးဇူးတင်စိတ်ဒီခံစားမှုတွေက စွမ်းအားတွေပဲ။ ၃။ Mental energy အတွက်ကျွန်တော်တို့ရဲ့အတွေးတွေကိုသတိပြုရတယ်။Conscious thought တွေအရေးကြီးတယ်။စိတ်ထွေပြားဝေဝါးစေတဲ့အရာတွေ၊အကောင်းတာလုပ်ချင်တဲ့စိတ်တွေလျော့ခြင်းအားဖြင့် mental energy တက်စေတယ်။ ၄။ Spiritual energy ဒါကအရေးအရမ်းကြီးတဲ့အပိုင်းပါတယ်။​အောင်မြင်ပြီးမနက်နိုးလာတော့ဘာလုပ်ရမယ်မသိသူ အများကြီး။Jme ရဲ့သီးချင်းထဲက စာသားကြားဖူးလိမ့်မယ်။ကိုယ်လုပ်တဲ့အလုပ်နဲ့ ကိုယ့်ရင်ထဲကဖြစ်ချင်တာနဲ့ align ဖြစ်ဖို့လိုတယ်။မဟုတ်ရင် ပိုက်ဆံတစ်ခုတည်းအသက်ရှင်ဘဝက ဘာအဓိပ္ပာယ်ရှိမှာလဲ။ တစ်ရက်တစ်ရက် အချိန်တွေရှိပြီးEnergy မရှိတာမျိုးမဖြစ်ချင်ရင်ဒီလေးခုကို သေချာလေး design လုပ်ဖို့လိုတယ်။ Comment မှာ ဒီမနက်ရိုက်ထားတဲ့YouTube Video တင်ထားပေးတယ်။ Phyo Paing @ Derek

တခါတလေ အချိန်ရှိပြီး
energy မရှိတာမျိုးကြုံရတတ်တယ်။
ဒီလိုမဖြစ်ဖို့ Energy လေးမျိုးကို
အသုံးချနိုင်ဖို့လိုတယ်။
Read More »

ပါးစပ်စည်းကမ်းမရှိတော့
ဝလာတယ်။

အပျင်းကြီးတော့ မကြံ့ခိုင်ဘူး။ ကိုယ်နဲ့မဆိုင်တဲ့အကြောင်းတွေကိုလျစ်လျူရှုနိုင်တဲ့ စည်းကမ်းမရှိတဲ့အခါတိုးတက်မှု မရှိဘူး။ ထိန်းချုပ်လို့ရတဲ့ ပြဿနာအများစုကစည်းကမ်းမရှိလို့ ဖြစ်တာ။ ကိုယ့်ကိုထမင်းကျွေးတဲ့အလုပ်ကိုနေ့စဥ်တိုးတက်နေအောင်လေ့လာဖို့စည်းကမ်းမထားရင် ကျန်ခဲ့မယ်။ လုပ်မယ်လို့ကိုယ့်ကိုကိုယ်ပေးထားတဲ့ကတိ မတည်တော့ ဘဝရဲ့ ၂၀၂၂ က ၂၀၂၁ လိုပဲ။ ဒါကြောင့် ကိုယ့်ကိုကိုယ်နေ့စဥ်သတိပေးမိတယ်။ စည်းကမ်းရှိပါ ကိုဒဲရစ်လို့။ Phyo Paing @ Derek

ပါးစပ်စည်းကမ်းမရှိတော့
ဝလာတယ်။
Read More »