November 2022

ကိုယ့်ကိုကိုယ်အရမ်းမုန်းခဲ့တယ်။

လူတွေနဲ့ စကားပြောရင်ယုံကြည်မှုမရှိဘူး။ လူကြောက်တတ်တယ်။အားနာတတ်တယ်။ကိုယ်ဖြစ်ချင်တာကို မပြောရဲဘူး။ တစ်ခုခုလုပ်ရင် ခဏနဲ့ လက်လျော့ဖို့ကြိုးစားတယ်။ မှတ်ဥာဏ်မကောင်းဘူး။ စိတ်ဓာတ်ခဏခဏကျတတ်တယ်။ ငြိမ်းချမ်းမှုကို ရှာမရဘူး။ ကိုယ့်ကိုကိုယ် ပြောင်းလဲချင်တဲ့အတွက်Breaking the habits of being yourself တို့၊ကိုယ့်ကိုကိုယ် reprogram ပြန်လုပ်တဲ့နည်း၊နည်းလမ်းပေါင်းစုံလေ့လာတယ်။စမ်းသပ်တယ်။ ကိုယ်ဖြစ်ချင်ခဲ့တာ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲချင်တယ်။ လုပ်ငန်းလုပ်တော့ လဲထသွားမှ ကျိုးမှန်းသိဆိုသလိုလွတ်လပ်မှုရချင်လို့မှ လုပ်ငန်းစတယ်။လုပ်ငန်းစမှ ဥစ္စာစောင့်ဖြစ်သွားတယ်။ လကုန်မှာတောင် ကြောက်နေတတ်တယ်။ စိတ်ညစ်စရာပေါင်း တစ်သောင်းခြောက်ထောင်နဲ့ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ချင်တယ်။ ဒါနဲ့ Built to sell တို့၊Automatic customer ကစလို့ Business Coaching, Consulting နဲ့ MBA တွေတက် စမ်းသပ်ကြည့်ခဲ့တယ်။ စာအုပ်ဖတ်တဲ့အချိန်တိုင်း ဖတ်လိုက်မေ့လိုက်တော်တော် တိုင်ပတ်တယ်။ စာဖတ်ရင်ကြာတယ်။ အိပ်ပျော်သွားတာက […]

ကိုယ့်ကိုကိုယ်အရမ်းမုန်းခဲ့တယ်။ Read More »

ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့
တကယ်ဖြစ်ချင်တာနဲ့ကြား
ကွာဟမှုတွေ ရှိနိုင်တယ်။

တောင်ပေါ်မြို့လေးမှာ ဘဝကိုအေးဆေးဖြတ်သန်းဖို့ စဉ်းစားဖူးတယ်။တကယ်သွားနေတော့တစ်ပတ်တောင် မနေနိုင်တာတွေ့ရတယ်။ဘဝမှာ ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့တကယ်ဖြစ်ချင်တာနဲ့ကြားကွာဟမှုတွေ ရှိနိုင်တယ်။ အကောင်းဆုံးနည်းလမ်းကtrial period တစ်ခုပေးပြီး စမ်းတာပဲ။တစ်ဘဝစာအတွက် ဆုံးဖြတ်ချက်ကိုခဏတာပဲရှိတဲ့ data ပေါ်မှာမူတည်ပြီးချလိုက်ရင်ရေရှည်မှာ ဝေဒနာပေါ်မယ်။ Phyo Paing @ Derek

ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့
တကယ်ဖြစ်ချင်တာနဲ့ကြား
ကွာဟမှုတွေ ရှိနိုင်တယ်။
Read More »

ပညာဆိုတာ ဘူဖေးလိုပဲ

တက်ကျမ်းတွေရဲ့ လမ်းညွန်ချက်တိုင်းကကိုယ်နဲ့ မကိုက်ဘူး။ တချို့က ကိုယ့် goal ကို သူများကိုမပြောရဘူးတဲ့။ တချို့က public announcement လုပ်တဲ့။ တချို့က ရည်မှန်းချက်ပန်းတိုင်ချတဲ့။ တချို့က ရည်မှန်းချက်ပန်းတိုင်ထက်ဘာတွေ ကြောက်သလဲဆိုတာအဓိကစဥ်းစားတဲ့။ ရည်မှန်းချက်တွေက ကိုယ့်ရဲ့ အနာဂတ် အလားအလာကို limit လုပ်နိုင်တယ်တဲ့။ တချို့က multi-tasking မလုပ်နဲ့တဲ့။တချို့က ပြေးရင်းနဲ့ သီးချင်းနားထောင်တာတချို့က လွယ်ကူ ဦးနှောက်သိပ်သုံးစရာမလိုတဲ့ ကိစ္စတွေမှာ multi-task လုပ်လို့ရတယ်တဲ့။ တချို့က ကော်ဖီမသောက်နဲ့တဲ့။ တချို့က Coffee က သွေးထဲမှာ၄ နာရီလောက် ကြာတဲ့အတွက် ညနေပိုင်းမှာ သောက်ပြီး ညပိုင်းenergy ကို သွားခိုးလို့ရတယ်တဲ့။ တချို့က follow your passion တဲ့။တချို့က don’t follow your passion

ပညာဆိုတာ ဘူဖေးလိုပဲ Read More »

မှန်ကန်တဲ့ ရွေးချယ်မှု

ဘဝမှာ အရေးကြီးတာ မှန်ကန်တဲ့ ရွေးချယ်မှုလုပ်နိုင်ဖို့ပဲ။ကျွန်တော့်ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုရဲ့definition က ကိုယ့်ကို ရေရှည်မှာ“ဒုက္ခမရောက်စေတဲ့” ရွေးချယ်မှု။ကိုယ့်ကို “ရေရှည်ပျော်ရွင်စေမည့်” ရွေးချယ်မှု။ Phyo Paing @ Derek

မှန်ကန်တဲ့ ရွေးချယ်မှု Read More »

“ပါဝါ”

အသက်ကြီးလာတော့ တဖြည်းဖြည်းနားလည်တာက လောကကိုလွမ်းမိုးထားတာ “ပါဝါ” ပဲ။ လူတွေက ဒီ “ပါဝါ” ရဖို့ပညာသင်တယ်၊ ရာထူးအာဏာရယူတယ်၊ပိုက်ဆံရှာတယ်။ တချို့ကျတော့ မေတ္တာနဲ့ ပါဝါတည်ဆောက်တယ်။တချို့က ကျွမ်းကျင်မှုနဲ့ ပါဝါတည်ဆောက်တယ်။တချို့က ဘွဲ့တွေနဲ့ ပါဝါတည်ဆောက်တယ်။တချို့ကငွေနဲ့။တချို့က ရာထူးဂုဏ်ရှိန်နဲ့။တချို့က အလှအပနဲ့။တချို့က ခွန်အားဗလနဲ့။တချို့က ဥာဏ်ပညာနဲ့။ တချို့က အပေါင်းအသင်းနဲ့။တချို့က နာမည်ကြော်ကြားမှုနဲ့။ ပါဝါပိုရှိတဲ့သူက ရွေးချယ်မှုပိုရှိတယ်။ဆုံးဖြတ်ပိုင်ခွင့်ပိုရှိတယ်။ သက္က လောကမှာတော့ ဥာဏ်ပိုရှိတဲ့ လူတွေက တိရစ္ဆာန်တွေကို အုံလိုက်ကျင်းလိုက်သတ်ဖြတ်ပြီး မြိန်ရည်ရှက်ရည်စားသုံးကြတယ်။ပြီးတော့ ကိုယ်ချင်းစာတရားရှိသလိုလိုHypocrite တွေ လုပ်ကြတယ်။ လောကမှာ ယုံကြည်တာတွေထဲကတစ်ခုက လောကမှာ ကောင်းကောင်းရှင်သန်ရပ်တည်ဖို့၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ကိုယ့်မှာ “ပါဝါ” တစ်ခုတော့လိုတယ်။ Phyo Paing @ Derek

“ပါဝါ” Read More »

ဘဝကို သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်

ရိုးရိုးလေး စဉ်းစားကြည့်တယ်။ ဘယ်နိုင်ငံမှာပဲနေနေ ၁။ စာဖတ်ရမယ်၂။ လေ့ကျင့်ခန်းလုပ်ရမယ်၃။ တရုတ်နဲ့ အင်္ဂလိပ် skill မကျအောင် လေ့ကျင့်ရမယ်၄။ ဝန်ထမ်းတွေနဲ့ meeting လုပ်ရမယ်၅။ content တွေဖန်တီးရမယ်၆။ coaching/ consultation လုပ်ရမယ် ဒီလို စနစ်ချထားပြီးပြီ။ဒါအကုန်လုံးအတွက်တစ်ရက်ကို ၁၀ နာရီနဲ့ ၁၄ နာရီကြားနားတဲ့ရက်ဆို ၅ နာရီအချိန်ပေးရတယ်။ အင်တာနက်ရှိရင်ဘယ်နေရာမှာ နေနေ အတူတူပဲ။အရင်က location independent Lifestyle design လုပ်ပြီးခရီးတွေထွက်ပြီး အလုပ်လုပ်မလို့ခု ဒေါ်လာစျေးနဲ့က အသစ်တွေပြန်စဉ်းစားနေရတယ်။ Phyo Paing @ Derek

ဘဝကို သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ် Read More »

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား

ကြုံဖူးလားတော့ မသိဘူးတချို့လူတွေထွက်ပြေးလို့ မလွယ်တဲ့ အရာက ကိုယ့်အနီးနားဆုံးက toxic ဖြစ်တဲ့ သူတွေပဲဖြစ်တယ်။ ဒါက အဖေလဲဖြစ်နိုင်သလို၊ အမေလဲဖြစ်နိုင်တယ်ဆို အံ့သြသလို ဖြစ်လိမ့်မယ်။ဒါမှ မဟုတ်အမျိုးလဲဖြစ်နိုင်သလို၊တခါတလေ ကိုယ်တိုင်လဲဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘာလုပ်လုပ် စဥ်းစား၊ စွန့်လွှတ််၊ စွန့်စား။ Phyo Paing @ Derek

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား
Read More »

တဒင်္ဂစိတ်ခံစားမှုတွေက
လူတွေကို လမ်းပျောက်စေနိုင်တယ်

တခါတလေ ကိုယ့်ဘဝမှာဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အချိန်တွေ ရှိတတ်တယ်။ ဘယ်လမ်းကို ရွေးချယ်ရမယ်ရေရေရာရာ မဖြစ်တဲ့အချိန်။ အဲ့အချိိန်မျိုးမှာ ကိုယ့်ဘဝမှာမသေခင်လုပ်ချင်တဲ့ အရေးကြီးတဲ့ dream list တွေချရေးကြည့်ကြည့်။ ဘယ်နှစ်ခုပြီးပြီလဲ၊ဘယ်နှစ်ခုကျန်နေသေးလဲ။ လမ်းကြောင်းကို အဲ့ပေါ်မူတည်ပြီးစဥ်းစားကြည့်ကြည့်။ တဒင်္ဂစိတ်ခံစားမှုတွေက လူတွေကို လမ်းပျောက်စေနိုင်တယ်။ Phyo Paing @ Derek

တဒင်္ဂစိတ်ခံစားမှုတွေက
လူတွေကို လမ်းပျောက်စေနိုင်တယ်
Read More »

ကိုယ့်ကိုကိုယ် နောက်တရမည့်
အလုပ်တွေ ဘယ်တော့မလုပ်နဲ့

2013 စာစသင်တော့ အမေက ဘယ်လောက်ရသလဲတဲ့။အခမဲ့သင်ပေးတာ။ ဒါဆို နင်က အလကားဆရာလားတဲ့။ LOLမဟုတ်ဘူး။ အတွေ့အကြုံမရှိသေးလို့လို့။ 2021 Sep လောက်က www.ToeTet.com/insidernoteInsider Note စတော့Studio ဖို့၊ Camera နဲ့ စနစ်ဖိုးOriginal file တွေသိမ်းဖို့ Network-attached storage (NAS) ဖိုးVideo file တွေ အင်တာနက်မှာ သိမ်းဖို့Hosting ဖိုးနဲ့ ဆရာရှုံးမယ်နော်တဲ့။ စဥ်းစားမနေနဲ့ လုပ်ချင်တာရှိရင်လုပ်သာလုပ်လိုက်လို့။ အဲ့လို လုပ်ချင်တာတွေ လုပ်လုပ်ခဲ့တာဘဝကို ပြန်ကြည့်ရင် နောင်တရစရာတော့ မရှိပါဘူး။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နောက်တရမည့်
အလုပ်တွေ ဘယ်တော့မလုပ်နဲ့
Read More »

ငါ့ကိုဘာကြောင့် အမြဲနောက်ဆံတင်းနေစေတာလဲ။

စဥ်းစားကြည့်ကြည့် relationship တစ်ခုမှာတစ်ယောက်က တဖက်လူတစ်ယောက်ရဲ့attention ကိုပိုလိုနေတာမျိုး။needy ပိုဖြစ်နေတာမျိုး။ တချို့လူတွေက ဘာကြောင့်ကိုယ့်အားကိုယ်ကိုးဖို့မစဥ်းစားတာလဲလို့စဉ်းစားမိတဲ့အချိန်တွေရောရှိသလား။ တခါတလေ အစော်ကားခံရတယ်လို့ခံစားရတဲ့အချိန်တွေရှိသလား။​ ဒါမှ မဟုတ်ချိန်းထားပြီး last minute မှcancel လုပ်တဲ့အတွက် ဒေါသထွက်ရတာမျိုး။ တခါတလေ လူရှေ့သူရှေ့မှာကိုယ့်ကိုကိုယ်အကောင်းဆုံးပြချင်ပေမယ့်အရှက်ရသွားတဲ့အချိန်မျိုး။ တခါတလေ အိမ်မှာ အဆင်မပြေတဲ့အရာကရုံးမှာ သွားပေါက်ကွဲမိတာမျိုး။ သစ္စာဖောက်ခံရမှာ ကြောက်တာမျိုး။သဝန်အမြဲတိုရမှာကြောက်နေတာမျိုး။ ငါ့ကိုဘာကြောင့် အမြဲနောက်ဆံတင်းနေစေတာလဲ။ငါက နင်အလိုက်မသိဘူးပြောပြန်ရင်လဲငါက ပါးစိပါးစပ်များတယ်လို့နင်ကပြောပြန်အုံးမယ်ဆိုတဲ့ projections တွေလုပ်နေမိသလား။ ကိုယ့်ကို အထင်သေးမှာကြောက်တဲ့အတွက်သေလောက်အောင် ချစ်နေပါစေအုံးမဆက်သွယ်ပဲ နေတဲ့အချိန်တွေရှိဖူးလား။ အောက်မျက်ခုံးတွေလုပ်နေတယ်။ဘာများဖြစ်တော့မလဲမသိဘူးဆိုတဲ့superstitious belief တွေရှိသလား။ အရမ်းလဲချစ်တယ်၊ အရမ်းလဲမုန်းတယ်ဆိုတဲ့bittersweet ခံစားချက်တွေခံစားဖူးသလား။ ဒီတစ်ယောက်ကိုရွေးရမလား၊ဒါမှမဟုတ် ဟိုတစ်ယောက်ပဲရွေးရမလား၊ဘာပဲရွေးရွေး တစ်ခုခုလိုနေသလိုပဲခံစားမှုတွေဖြစ်နေလား။ ကိုယ့်ရဲ့ ideal အကောင်းဆုံးအခြေအနေကိုစဥ်းစားလိုက်တိုင်း လက်ရှိနဲ့ တလွဲဖြစ်နေသလား။ဒါကြောင့် တခါတလေ ခဏအတွင်းချစ်ကျွမ်းဝင်၊ခဏနဲ့ ပြန်ပြတ် ဒီ pattern ကအမြဲဖြစ်နေတာမျိုး။

ငါ့ကိုဘာကြောင့် အမြဲနောက်ဆံတင်းနေစေတာလဲ။ Read More »