ငါ့ကိုဘာကြောင့် အမြဲနောက်ဆံတင်းနေစေတာလဲ။
စဥ်းစားကြည့်ကြည့် relationship တစ်ခုမှာတစ်ယောက်က တဖက်လူတစ်ယောက်ရဲ့attention ကိုပိုလိုနေတာမျိုး။needy ပိုဖြစ်နေတာမျိုး။ တချို့လူတွေက ဘာကြောင့်ကိုယ့်အားကိုယ်ကိုးဖို့မစဥ်းစားတာလဲလို့စဉ်းစားမိတဲ့အချိန်တွေရောရှိသလား။ တခါတလေ အစော်ကားခံရတယ်လို့ခံစားရတဲ့အချိန်တွေရှိသလား။ ဒါမှ မဟုတ်ချိန်းထားပြီး last minute မှcancel လုပ်တဲ့အတွက် ဒေါသထွက်ရတာမျိုး။ တခါတလေ လူရှေ့သူရှေ့မှာကိုယ့်ကိုကိုယ်အကောင်းဆုံးပြချင်ပေမယ့်အရှက်ရသွားတဲ့အချိန်မျိုး။ တခါတလေ အိမ်မှာ အဆင်မပြေတဲ့အရာကရုံးမှာ သွားပေါက်ကွဲမိတာမျိုး။ သစ္စာဖောက်ခံရမှာ ကြောက်တာမျိုး။သဝန်အမြဲတိုရမှာကြောက်နေတာမျိုး။ ငါ့ကိုဘာကြောင့် အမြဲနောက်ဆံတင်းနေစေတာလဲ။ငါက နင်အလိုက်မသိဘူးပြောပြန်ရင်လဲငါက ပါးစိပါးစပ်များတယ်လို့နင်ကပြောပြန်အုံးမယ်ဆိုတဲ့ projections တွေလုပ်နေမိသလား။ ကိုယ့်ကို အထင်သေးမှာကြောက်တဲ့အတွက်သေလောက်အောင် ချစ်နေပါစေအုံးမဆက်သွယ်ပဲ နေတဲ့အချိန်တွေရှိဖူးလား။ အောက်မျက်ခုံးတွေလုပ်နေတယ်။ဘာများဖြစ်တော့မလဲမသိဘူးဆိုတဲ့superstitious belief တွေရှိသလား။ အရမ်းလဲချစ်တယ်၊ အရမ်းလဲမုန်းတယ်ဆိုတဲ့bittersweet ခံစားချက်တွေခံစားဖူးသလား။ ဒီတစ်ယောက်ကိုရွေးရမလား၊ဒါမှမဟုတ် ဟိုတစ်ယောက်ပဲရွေးရမလား၊ဘာပဲရွေးရွေး တစ်ခုခုလိုနေသလိုပဲခံစားမှုတွေဖြစ်နေလား။ ကိုယ့်ရဲ့ ideal အကောင်းဆုံးအခြေအနေကိုစဥ်းစားလိုက်တိုင်း လက်ရှိနဲ့ တလွဲဖြစ်နေသလား။ဒါကြောင့် တခါတလေ ခဏအတွင်းချစ်ကျွမ်းဝင်၊ခဏနဲ့ ပြန်ပြတ် ဒီ pattern ကအမြဲဖြစ်နေတာမျိုး။ […]
ငါ့ကိုဘာကြောင့် အမြဲနောက်ဆံတင်းနေစေတာလဲ။ Read More »