ဒါတွေကို တမင်တကာ
ကျောင်းမှာ မသင်ပေးလိုက်ဘူး။
ပိုက်ဆံတွေ ကျိကျိတက်ချမ်းသာပြီးစိတ်ညစ်နေတဲ့ သူတွေမှ အများကြီး။ တချို့က BMW ပေါ်မှာ ငိုတာကစက်ဘီးပေါ်မှာ ရယ်နေတာထက်ပိုကောင်းတယ်လို့ ပြောကြတယ်။ဒါက တရုတ်ပြည်မက အတွေးအခေါ်။ တရုတ်ပြည်မက ဝိညာဉ်ပျောက်နေတဲ့နိုင်ငံ တစ်ခုပဲလေ။ ဘဝမှာ လူတွေရဲ့အထင်အမြင်မှာအသက်ရှင်နေသမျှ ကိုယ့်ရဲ့အစွမ်းအစ အစစ်အမှန်ကိုဖော်ထုတ်နိုင်မှာ မဟုတ်ဘူး။ ဘဝမှာ အရေးအကြီးဆုံးက တစ်ရက်တစ်ရက် ကိုယ်ဖြစ်ချင်တဲ့ပုံစံဖြတ်သန်းရင်း ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင််တွေဖြစ်လာဖို့ပဲ။ ဒီလိုဖြစ်လာဖို့ ကိုယ့်ကိုကိုယ်သိဖို့အရေးကြီးတယ်။ Self-awareness ရှိမှ ကိုယ်လိုချင်တာတွေကို အကောင်အထည်ဖော်နိုင်မှာ။ လိုချင်တဲ့ အပြုအမူတစ်ခုကို တည်ဆောက်ဖို့ self-awareness ကိုယ့်ကိုကိုယ် သေချာသိဖို့လိုတယ်။ သေချာသိဖို့ နေ့တိုင်း ကိုယ့်ကိုကိုယ်လေ့လာနေဖို့လိုတယ်။ဘယ်အချိန်ပျော်တတ်တယ်။ဘယ်အချိိန်စိတ်ညစ်တတ်တယ်။ဘယ်အချိန်လောဘတက်ပြီးဘယ်အချိန်စိတ်ညစ်တတ်တယ်။ ကိုယ်ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတွေ၊ကိုယ့်ငယ်ဘဝဖြတ်သန်းမှုက ဒီနေ့အပြုအမူကိုလွမ်းမိုးနေတဲ့အချက်တွေကိုယ့်ကိုကိုယ် လေ့လာနေဖို့လိုတယ်။ ဒါတွေကို တမင်တကာ ကျောင်းမှာ မသင်ပေးလိုက်ဘူး။ Phyo Paing @ Derek
ဒါတွေကို တမင်တကာ
ကျောင်းမှာ မသင်ပေးလိုက်ဘူး။ Read More »