February 2023

လူတွေ relationship မှာ တိုင်ပတ်တာက
ငယ်ငယ်က နာကျင်မှုတွေကြောင့်

လူတွေ relationship မှာ တိုင်ပတ်တာကငယ်ငယ်က နာကျင်မှုတွေကြောင့်။John က Cheryl ကိုစတွေ့ကတည်းကသူလိုချင်တာအကုန်ရှိတဲ့ မိန်းကလေးတစ်ယောက်။ဒါပေမယ့် Cheryl က လအနည်းငယ်ကြာတော့မွန်းကြပ်လို့ ငါ့ကို နေရာတစ်ခုထားပေးပါဆိုပြီးပြောလာတယ်။John အတွက်က ဘယ်လိုဖြစ်ဖြစ်တချက် Yes လို့ ပြောတာနဲ့လက်ထပ်ဖို့ အဆင်သင့်ဖြစ်ပေမယ့်Cheryl ရဲ့ ငြင်းဆိုမှုကြောင့် သူလက်ခံခဲ့တယ်။လအနည်းငယ်ကြာတော့ Patricia နဲ့တွေ့တယ်။John အတွက် အလိုက်တသိ အကုန်လိုလေသေးမရှိ လုပ်ပေးတယ်။ဘာမှ အပြစ်ဆိုတာ မရှိဘူး။ဒါပေမယ့် John အနေနဲ့ အလုပ်ရှုပ်ရင်ရှုပ်မရှုပ်ရင် အမြဲ သတိရနေတာCheryl ပဲဖြစ်နေတယ်။ ဒါကို psychotherapy လာတဲ့အခါDr. Hendrix က သူ့ရဲ့ ငယ်ဘဝအကြောင်းမေးတယ်။သူ့ငယ်ဘဝမှာ John အမေကကလေးကို လျစ်လျူရှုထားလေ့ရှိပြီးJohn အတွက်အမြဲ စိတ်ဖိဆီးမှုတွေနဲ့။John စိတ်ဆိုးတဲ့အခါတိုင်းလဲသူ့ကို ရိုက်ပြီး အချိန်အကြာကြီးစကားမပြောဘူး။ဒီငယ်ငယ်က အဖြစ်အပျက်က မသိစိတ်မှာဆွဲပြီးCheryl ကို […]

လူတွေ relationship မှာ တိုင်ပတ်တာက
ငယ်ငယ်က နာကျင်မှုတွေကြောင့်
Read More »

Relationship မှာ
ပထမဆုံးစတွေ့တဲ့အခါ

အရင်ကတည်းက ရင်းနှီးနေသလိုပဲ။ ဒါကို phenomenon of recognition တဲ့။ နောက် သိတာမှမကြာသေးဘူး။နှစ်ရှည်လများ သိနေသလိုပဲ။ ဒါကို phenomenon of timelessness တဲ့။ တတိယအဆင့်က အချိန်ကြာလာလေပိုရင်းနှီးလာလေ၊ ပိုယုံကြည်လာလေ။ ပိုစာနာပြီး တစ်ဖက်လူဖက်ကခံစားပေးလေတဲ့။ နောက်တစ်ဆင့်ကျတော့ illusion ထင်ယောင်ထင်မှားဖြစ်တဲ့အဆင့်တဲ့။ ကိုယ့် partner ရဲ့ စိတ်ကူးထဲက ideal ဖြစ်တဲ့ပုံစံအတိုင်းပြုမူတတ်တဲ့အတွက်ဒါက ငါ့စိတ်ကူးထဲက relationship ပဲဆိုတဲ့ကမ်းမမြင်လမ်းမမြင်အဆင့်။ နောက်ကျတော့ အရင်သဘောကျတဲ့အဆင့်တွေကစိတ်ညစ်စရာဖြစ်တဲ့အဆင့်။ အရင် အနေအေးလိုက်တာ၊ စကားနည်းတာကောင်းတယ်ဆိုတဲ့ အထင်အမြင်ကနေအချိန်ကြာလာတော့ ပျင်းစရာကောင်းလိုက်တာ၊ငြီးငွေ့စရာ အထီးကျန်စရာကောင်းလိုက်တာဆိုတဲ့အဆင့်။ နောက် power struggle တစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုး၊ စိတ်ကောက်၊ အနာကို ဒုတ်နဲ့ဆွမိတဲ့အဆင့်။တစ်ယောက်နဲ့တစ်ယောက် ဝေဖန်မိရင်းဒဏ်ရာတွေနဲ့ ဒေါသ ဒါမှမဟုတ်တော်ပါပြီ နောက်ဆုံးငါပဲနာကျင်ရတယ်ဆိုတဲ့အကြောက်နဲ့ ဆုံးတဲ့အဆင့်။ နောက်အတတ်နိုင်ဆုံး ရှောင်ဖယ်တဲ့အဆင့်။ခပ်ခွာခွာနေတဲ့အဆင့်။ ဒီအဆင့်တွေအကုန်လုံးက

Relationship မှာ
ပထမဆုံးစတွေ့တဲ့အခါ
Read More »

လူတွေကို သုံး၊လေးလနဲ့ ကောက်ချက်မချမိဖို့ပဲ။

လူတစ်ယောက်ရဲ့ performance ကို ရေတိုနဲ့ ရေရှည်ကြည့်လို့ရတယ်။တချို့က တာထွက်တဲ့အချိန်အရမ်းကောင်းတယ်။တချို့က တာထွက်တော့ ပုံမှန်ပဲ။ တချို့က တာထွက်တဲ့အချိန် တော်တော်ရုန်းကန်ရတယ်။ ဒါပေမယ့် နှစ်အနည်းငယ်ကြာတဲ့အခါ အပြောင်းအလဲတွေ ဖြစ်လာတယ်။ တချို့က စွမ်းဆောင်ရည် တန့်သွားတယ်။တချို့က ကျသွားတယ်။တချို့က တိုးတက်လာတယ်။တချို့က တက်လိုက်ကျလိုက်။ တချို့က ဖြေးဖြေးမှန်မှန် တက်လာတယ်။ဒီကနေ ကောက်ချက်ချမိတာတစ်ခုကတော့လူတွေကို သုံး၊လေးလနဲ့ ကောက်ချက်မချမိဖို့ပဲ။ Phyo Paing @ Derek

လူတွေကို သုံး၊လေးလနဲ့ ကောက်ချက်မချမိဖို့ပဲ။ Read More »

Akyanpay အကြံပေးဆိုတာဘာလဲ?

1. Akyanpay အကြံပေးဆိုတာဘာလဲ? လုပ်ငန်းရှင်တွေ၊ Business Coach နဲ့ Consultant တွေ အသုံးပြုဖို့ လုပ်ငန်းစီမံကိန်းရေး၊ မဟာဗျူဟာချတဲ့ website ဖြစ်ပါတယ်။ 2. ဒါဆိုဘာကြောင့် ”ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ” လို့ ရေးထားသလဲ? ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောင်ဖို့ design, strategize, plan, act, review (DSPAR) လိုပါတယ်။ ဒီ business model design ကစလို့၊ strategic plan လုပ်တာ၊ brand and marketing plan နဲ့ business plan လုပ်တာ အကုန်လုပ်နိုင်ပြီး နေ့စဉ် operation ထဲ ကိုယ်မပါပဲလည်ပတ်အောင် လုပ်နိုင်ပြီး ဆိုင်ခွဲတွေ အများကြီးဖွင့်နိုင်အောင် သို့

Akyanpay အကြံပေးဆိုတာဘာလဲ? Read More »

ဘဝဆိုတာ တိုက်ပွဲပဲ။

နေ့တိုင်း စိတ်အာရုံထွေပြားစေမည့်အရာတွေနဲ့တိုက်ပွဲဝင်နေရတယ်။လုပ်သင့်ပြီး မလုပ်ချင်တဲ့အရာတွေလုပ်ဖို့တဒင်္ဂစိတ်ဆန္ဒနဲ့ တိုက်ပွဲဝင်ရတယ်။ကိုယ်ထင်ထားသလိုမဖြစ်တဲ့အခါလဲစိတ်ကိုလျော့ စိတ်ထားတတ်ဖို့ကလဲလိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ တိုက်ပွဲပဲ။ Read More »

လုပ်ငန်းလုပ်တဲ့သူတိုင်းရဲ့
ရည်ရွယ်ချက်တစ်ခုကတော့

လုပ်ငန်းလုပ်တဲ့သူတိုင်းရဲ့ ရည်ရွယ်ချက်တစ်ခုကတော့ ကိုယ့်လုပ်ငန်းက MMM ဖြစ်ဖို့ပဲ။ Money-making machine ဆိုပါတော့။ ဒါကို တစ်ချိန်ကျရင် လုပ်ငန်းထဲပါဝင်မှုအချိန်တဖြည်းဖြည်းလျော့ပြီးကိုယ်မပါပဲ လည်ပတ်ပြီးတိုးတက်နေတဲ့လုပ်ငန်း ဖြစ်ဖို့ပဲ။ ဒါကို လုပ်နိုင်တဲ့သူက လုပ်ငန်းသေးလေးတွေမှာတွေ့ရခဲတယ်။ အများစုက လုပ်ငန်းကြီးလုပ်နေတဲ့သူတွေမှာတွေ့ရတာ ပိုများမယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းတစ်ခုလုပ်ဖို့ ကျွန်တော်ကတော့ S 5 ခု framework လုပ်ထားတယ်။ Start, Speed Up, Systemize, Scale, Sell ဒီငါးဆင့်မှာ လုပ်ငန်းကြီးတွေ သေချာလုပ်နေပြီဆိုကတည်းကဒီလူက Scale လို့ခေါ်တဲ့ ချဲ့ထွင်ခြင်းအဆင့်ရောက်နေပြီ။ စနစ်ချတဲ့ Systemize အပိုင်းကို ကျော်ခဲ့ပြီ။ လုပ်ငန်းတစ်ခုဆိုတာ စတင်တဲ့ Start ပြီးရင်ကိုယ့်ကုန်ပစ္စည်နဲ့ စျေးကွက် အနာနဲ့ဆေးထိတဲ့product-market fit သို့ အချိန်ကောင်း timing ကောင်းတဲ့အချိန်တွေ့တတ်တယ်။အဲ့အချိန်မှာ လုပ်ငန်းက

လုပ်ငန်းလုပ်တဲ့သူတိုင်းရဲ့
ရည်ရွယ်ချက်တစ်ခုကတော့
Read More »

စိတ်ညစ်ရင်လဲ အကြာကြီးမညစ်နဲ့။

အနိုင်ရရင်လဲ အကြာကြီးအောင်ပွဲမခံနဲ့။ ဘဝက တိုတိုလေး။ ရှေ့ဆက်ရမှာတွေက ရှိသေးတယ်။ အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပဲအိမ်ငှားခမပေးနိုင်ရင် ကျန်ခဲ့မှာ။ ကိုယ့်ဘဝကိုယ်အမြဲတက်လမ်းရှာနေတဲ့သူနဲ့ဘဝကိုရေစုန်မြောနေတဲ့သူ ကြာရင်ကွာသွားမှာပဲ။ Phyo Paing @ Derek

စိတ်ညစ်ရင်လဲ အကြာကြီးမညစ်နဲ့။ Read More »

အပေါ်ယံ relationship တွေနဲ့
deeper level of intimacy ကိုမရဘူး

တချို့သူတွေရဲ့ ငယ်ဘဝဖြတ်သန်းမှုကသူတို့ရဲ့ relationship မှာလွမ်းမိုးမှုရှိတယ်။တချို့က တစ်ယောက်ကို တစ်ရာရာခိုင်နှုန်းယုံပြီးပုံအပ် commit လုပ်ဖို့မသိစိတ်ထဲမှာ ကြောက်နေရတတ်တယ်။နာကျင်မှာ၊ အဆင်မပြေမှာ၊ လွတ်လပ်မှုတွေ ဆုံးရှုံးသွားမှာ။ဒီတော့ အပေါ်ယံ relationship တွေနဲ့deeper level of intimacy ကိုမရဘူး။ဒါက ငယ်ငယ်က နာကြင်မှုTrauma response လို့ဆိုကြတယ်အားတီ၊ အားမေတို့။ ℙ𝕙𝕪𝕠 Paing @ Derek

အပေါ်ယံ relationship တွေနဲ့
deeper level of intimacy ကိုမရဘူး
Read More »

လုပ်ငန်းရှင်တွေ ကိုယ်မပါပဲ
လည်ပတ်တဲ့စနစ်တည်ဆောက်ဖို့ ဒီအချက်တွေလိုတယ်။

လုပ်ငန်းရှင်တွေ ကိုယ်မပါပဲ လည်ပတ်တဲ့စနစ်တည်ဆောက်ဖို့ ဒီအချက်တွေလိုတယ်။ ၁။ လူတွေစိတ်ဝင်စားပြီး စုံစမ်းမေးမြန်းမှုတွေများဖို့ Marketing စနစ် ၂။ မေးမြန်းမှုတွေကို အရောင်းအနေနဲ့ပြောင်းဖို့ Sales အရောင်းစနစ် ၃။ ဖောက်သည်တွေကို စိတ်ကျေနပ်မှုရှိအောင် Customer service စနစ် ၄။ နောက်လုပ်ငန်းလည်ပတ်မှုအတွက် workflow စနစ်နောက် လိုက်နာရမည့်စည်းကမ်းချမှတ်မှု policyလုပ်ထုံးလုပ်နည်း procedureဒါကို စနစ်တကျတဆင့်ခြင်းသွားဖို့ process ၅။ အလုပ်ခေါ်သည့်အခါ၊ အင်တာဗျူးသည့်အခါ၊ အလုပ်ခန့်ထားသည့်အခါ၊အလုပ်အတွက်စွမ်းဆောင်ရည်တိုးတက်အောင်လုပ်သည့်အခါ၊ဝန်ထမ်းကို ကိုယ့်ဆီမှာအကြာကြီးလုပ်အောင် ထိန်းသိမ်းထားဖို့လိုအပ်သည့် HR စနစ် ၆။ နောက်လုပ်ငန်းတစ်ခုအတွက်လိုအပ်သည့် မဟာဗျူဟာချမှတ်သည့်စနစ် Strategic Planning ၇။ လုပ်ငန်းတစ်ခုအတွက် အရေးကြီးသည့် Business Model တည်ဆောက်နည်း ၈။ အရှုံးအမြတ်စာရင်း၊ လက်ကျန်စာရင်းရှင်းတမ်းနဲ့ ဝင်ငွေထွက်ငွေစာရင်းတည်ဆောက်နည်းAccounting and Finance စနစ်များလိုပါတယ်။

လုပ်ငန်းရှင်တွေ ကိုယ်မပါပဲ
လည်ပတ်တဲ့စနစ်တည်ဆောက်ဖို့ ဒီအချက်တွေလိုတယ်။
Read More »

နောက်ဆုံးစစ်ပွဲမှာနိုင်ဖို့ စိတ်ရှည်ရမယ်

လူတိုင်းဘဝ၊ အလုပ်နဲ့ စီးပွါးရေးမှာအကွက်ရွေ့နေရတာပဲ။အရေးကြီးတာ ရွေ့မည့်အကွက်တွေကိုကြိုတင်ပြင်ဆင်ထားဖို့နဲ့မဟာဗျူဟာကျကျ မှန်တဲ့အချိန်၊မှန်တဲ့ အကွက်ရွေ့နိုင်ဖို့ပဲ။တိုက်ပွဲလေးတွေထက်နောက်ဆုံးစစ်ပွဲမှာနိုင်ဖို့ စိတ်ရှည်ရမယ်။ တချို့အချိန်တွေမှာ မြက်စားပြီးနေရရင်နေရနိုင်တယ်။အရေးကြီးတာ ဒီဂိမ်းက ဆယ်စုနှစ်ပေါင်းများစွာသွားမည့် ဂိမ်းဆိုတာသိဖို့ပဲ။ Phyo Paing @ Derek

နောက်ဆုံးစစ်ပွဲမှာနိုင်ဖို့ စိတ်ရှည်ရမယ် Read More »