ကျွန်တော်တို့ရဲ့ Vision က Memory ထက်
ပို Strong ဖြစ်ရမယ်။
ငယ်ငယ်က တရုတ်နှစ်သစ်ကူးဆို ပိုက်ဆံရှာတဲ့အချိန်ပဲ။သုံးတန်းပြီးကတည်းက အိမ်ကအဖေမရှိတော့တဲ့အခါ ဘဝရဲ့ အချိန်အများစုဟာ စျေးထဲမှာ ကုန်တယ်။ဒီတော့ ရောင်းချခြင်းအတတ်ပညာဆိုတာ လေးတန်းကတည်းကစျေးထဲမှာ ကျင်လည်ကျက်စားလာတဲ့ လူလေးတစ်ယောက်အတွက်ထမင်းစားရေသောက်ပဲ။ ကြိုက်တဲ့ပစ္စည်းကို ကြိုက်တဲ့သူရောင်းခိုင်းပြဿနာတစ်ခု မဟုတ်ခဲ့ဘူး။ အရောင်းတတ်တော့ငွေရှာတတ်တယ်။ တရုတ်နှစ်သစ်ကူးရတဲ့ငွေနဲ့ ချိုချဉ်ကံစမ်းမဲ ကဒ်တွေရောင်းတယ်။မြန်မာကျောင်းမှာ ကျောင်းသားတွေကြိုက်သလောက်ဝယ်လို့ရတဲ့Textbook တွေဝယ်ပြီး စျေးထဲမှာ ပြန်သွင်းတယ်။ ဘဝက ပျော်စရာတော်တော်ကောင်းတယ်။ ဆောင်းဦးလှိုင်တို့ 19:18 (ဆယ့်ကိုးနာရီ ဆယ့်ရှစ်မိနစ်တို့)မာရဇ္ဇရဲ့နန်းတော်ရှေ့က သီချင်းတွေခေတ်စားတဲ့အချိန်ပေါ့။ ပိုက်ဆံတွေစု ကတ်ဆက်တွေဝယ် ထွန်းအိန္ဒြာဗိုလ်ရဲ့ နှစ်ယောက်မရှိဘူးတွေ၊ Acid ရဲ့စတင်ခြင်း၊ Too Big တို့NZ တို့Zero တို့သီချင်းတွေ၊ ရသရဲ့သီချင်းတွေပြန်ရောင်းတဲ့အချိန်ပေါ့။ တချိန်တည်းမှာ တရုတ်ပြည်ကစကိတ်တွေမှာ ပြန်ရောင်းတဲ့အချိန်။ ရှစ်တန်းပြီး ကျောင်းမတတ်ချင်တော့ဘူးလုပ်တော့ အိမ်ကမန္တလေးမှာ အဆိုးဆုံး အဆောင်ကြီးထဲပို့လိုက်တယ်။ နောက်ဘယ်လိုနေပြီး ဆေးကျောင်းရောက်သွားလဲမသိဘူး။ ကိုးတန်းဆရာက စီးပွားရေးလုပ်ရင် MBA […]
ကျွန်တော်တို့ရဲ့ Vision က Memory ထက်
ပို Strong ဖြစ်ရမယ်။ Read More »