အနာဂတ်အတွက်
နေ့စဥ်တိုးတက်ဖို့အတွက်
သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။
Chatgpt နှစ်လအတွင်း သုံးတဲ့သူ သန်း ၁၀၀ ပြည့်သွားတာလူတိုင်း အံ့အားသင့်ကြတယ်။ ဒီအခြေအနေရောက်ဖို့ အောင်မြင်မှုအတွက် ၁၁ ဒီဇင်ဘာ ၂၀၁၅ ကသူတို့ သန္ဓေတည်ခဲ့ရတာ။ အခုအချိန်တောင် အောင်မြင်တယ်ပြောမရသေးဘူး။စစ်မျက်နှာပြင်ဖွင့်လိုက်တယ်လို့ပဲပြောလို့ရမှာ။ ကျွန်တော်ကတော့ဘဝမှာ အောင်မြင်မှုနောက်လိုက်ဖို့ဘယ်တုန်းကမှ မစဥ်းစားဖူးဘူး။ တိုးတက်မှုနောက်ပဲ လိုက်တယ်။ ဒါကြောင့်လဲ toetet ဒေါ့ကွမ်းနဲ့တိုးတက်နာမည်ပေးထားတာပေါ့။ ဘဝမှာ လူတွေကိုပျော်ရွင်စေတာတိုးတက်မှုပဲ။ လိုချင်တာရသွားလို့ အောင်မြင်မှုအတွက်အပျော်က ခဏတာပဲ။ အမြဲတိုးတက်နေမှ ပျော်တဲ့အပျော်ကတာရှည်ခံတာ။ မဟုတ်လဲ ကျွန်တော်တို့တွေ ဆယ်တန်းအောင်တာ၊ ဂုဏ်ထူးထွက်တာဘာညာ အားလုံးအောင်မြင်ဖူးကြတာပဲ။အကြာကြီးမှ မပျော်တာ။ အမြဲတိုးတက်နေမှ ပျော်တာ။ ဒါကြောင့် အနာဂတ်အတွက်နေ့စဥ်တိုးတက်ဖို့အတွက် သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။ Phyo Paing @ Derek
အနာဂတ်အတွက်
နေ့စဥ်တိုးတက်ဖို့အတွက်
သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။ Read More »