April 2023

Startup နဲ့ SME နဲ့ကွာခြားချက်

Startup နဲ့ SME နဲ့ကွာခြားချက်လေးခုကတော့ ၁။ Growth တိုးတက်မှု၂။ Innovation တီထွင်ဆန်းသစ်မှု၃။ Scalability ချဲ့ထွင်နိုင်စွမ်း၄။ Risk ဆုံးရှုံးနိုင်ခြေ။ ဆိုင်တစ်ဆိုင်ဖွင့်ရင်၊ လုပ်ငန်းတစ်ခုလုပ်ရင်SME တွေအတွက် စျေးကွက်ထဲမှာကုန်သွင်းသူ (supplier)၊ စျေးကွက် (market) နဲ့လည်ပတ်ပုံ supply chain က ရှိနေပြီးသား ဖြစ်တယ်။ Startup တစ်ခုမှာကျတော့ လူတွေ ကြုံတွေ့နေရတဲ့ ပြဿနာကိုမတူညီကွဲပြားတဲ့ တီထွင်ဆန်းသစ်မှုနဲ့ဖြေရှင်းပြီးလူအများကြီးဆီရောက်အောင် စဥ်းစားတဲ့ပုံစံ။ ဥပမာ စာသင်ကျောင်းတစ်ကျောင်းဖွင့်ရင်သင်တန်းဆရာ၊ ကျောင်းသားနဲ့ ဝန်ထမ်းခန့်ပြီးသွားလို့ရတယ်။ နေရာအရ၊ ဆရာအရ အကန့်အသတ်ရှိနိုင်တယ်။ ဒါကို မတူညီကွဲပြားတဲ့ ကမ္ဘာတစ်ဝန်းကဆရာတွေ ကြိုက်တဲ့သူ၊ ကြိုက်တဲ့သင်တန်းကိုသင်ခန်းစာတွေဖန်တီးတင်ထားပြီးကမ္ဘာတစ်ဝန်းက ကျောင်းသားတွေကြိုက်တဲ့အချိန် ကြည့်လို့ရတဲ့ ပလက်ဖောင်းဆိုပါတော့။ ဒါဆိုရင် Eren Bali and Oktay Caglar က […]

Startup နဲ့ SME နဲ့ကွာခြားချက် Read More »

စနစ်အရေးကြီးတယ်။

သေလောက်အောင် အစားလျော့စနစ်မှားနေတော့ ဝိတ်မကျဘူး။သေလောက်အောင်လေ့ကျင့်စနစ်မှားနေရင် လိုချင်တဲ့ခန္ဓာကိုယ်မဖြစ်ဘူး။သေလောက်အောင်စာဖတ်စနစ်မှားနေရင် ဖတ်ပြီးမမှတ်မိတာ၊စာဖတ်နှေးတာကနေ မတက်ဘူး။ သေလောက်အောင်ကြိုးစားစနစ်မှားနေရင် လုပ်ငန်းအောင်မြင်ဖို့ကြာနေအုံးမှာပဲ။ စနစ်အရေးကြီးတယ်။SCAR လို့အတိုကောက်စဥ်းစားမိတယ်။System + Consistency (coaching) + Action = Result စနစ်ကောင်းပြီး ပုံမှန်မလုပ်ရင်လဲရလဒ်မရဘူး။ Phyo Paing @ Derek

စနစ်အရေးကြီးတယ်။ Read More »

နိဗ္ဗာန်ဆိုတာ ပန်းတိုင်။

သီလ၊ သမာဓိ၊ ပညာ၊ ဘာဝနာကနေ့စဥ်လုပ်ရမည့်ကျင့်စဥ်။ Result နဲ့ Process မတူဘူး။ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ နေ့စဥ်ကျင့်စဥ်တွေမှာပျော်ဖို့လိုတယ်။ ကျန်းမာကြံ့ခိုင် လိုချင်တဲ့ခန္ဓာကိုယ်ရချင်တာကပန်းတိုင်။နေ့စဥ် အစားအသောက်၊ လေ့ကျင့်ခန်း ထိန်းသိမ်းကျင့်ကြံရမှာက ကျင့်စဥ်။ လူတိုင်းက ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်ဖို့နေ့တိုင်းကျင့်ကြံနေရတာပဲ။ နေ့စဥ် train နေရတာပဲ။ နည်းစနစ်မှန်မှန်နဲ့ အားထုတ်မှုလှုံ့လဝိရိယရှိရင် ပန်းတိုင်ကတစ်ရက်ထက်တစ်ရက်ပိုနီးလာမှာပဲ။ ပန်းတိုင်ကိုပဲ အာရုံစိုက်ပြီးစိတ်ညစ်နေမည့်အစား နေ့စဥ် ကျင့်စဥ်တွေကို အာရုံစိုက်တာပိုအလုပ်ဖြစ်နိုင်တယ်။ Phyo Paing @ Derek

နိဗ္ဗာန်ဆိုတာ ပန်းတိုင်။ Read More »

ICE

တခုပြောပြမယ် မှန်မမှန်စဥ်းစားကြည့်ကြည့်။အလုပ်လုပ်ဖို့ motivation ဆိုတာMotivational speaker ဟောပြောသူတွေပြောတာကိုပဲကြည့်ပြီး ဖြစ်ပေါ်တာကခဏပဲ ခံတယ်။ အကောင်းဆုံးနည်းလမ်းတစ်ခုက ကိုယ့်ကိုကိုယ် ထုတ်ဖော်ခြင်း “expression” ကလာတယ်။ ကိုယ့်ခေါင်းထဲရှိတဲ့ “အိုင်ဒီယာ idea”အယူအဆ၊ ကျွမ်းကျင်မှု၊ စိတ်ဝင်စားမှုဒီအရာတွေကို “ဖန်တီး creation” “ထုတ်ဖော်ပြသမှု expression” က လာတယ်။ ဒါကြောင့် နေ့စဥ် ICE လုပ်ကြည့်။Idea, Creation, Expression Phyo Paing @ Derek

ICE Read More »

ဘဝဆိုတာ စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာ

ဘဝမှာ လုပ်စရာမလိုပဲလုပ်နေမိတဲ့ အလုပ်တွေရှိသလား။ ကိုယ့်ဘဝမှာ အရေးမပါတာကိုအရာပေးနေမိလား။ကိုယ်ဖြစ်သင့်တဲ့အကောင်းဆုံးပုံစံဖြစ်ဖို့ဘယ်အရာတွေကတားဆီးနေသလဲ။ဘဝကို ကိုယ်ဘယ်လိုမြင်သလဲ။ကျွန်တော်ကတော့ ဘဝဆိုတာစမ်းသပ်မှုတွေပြုလုပ်တဲ့နေရာလို့ပဲမြင်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာ Read More »

NLPဆိုတာ

NLP ဆိုတာ အဘိဓမ္မာအခြေခံပြီးထွက်လာသလားထင်ရတယ်။ NLP ဆိုတာneuro-linguistic programming ဖြစ်တယ်။သိပ္ပံတု Pseudo-science လို့ဆိုကြတယ်။ လူတွေပိုပျော်အောင်၊လိုချင်တဲ့အမူအကျင့်ဖြစ်အောင်ကူညီပေးဖို့ neuro ဦးနှောက်linguistic စကားလုံးဘာသာစကားသုံးပြီးprogramming ပရိုဂရမ်သွင်းတာဖြစ်တယ်။ဆေးလိပ်ဖြတ်တာကစလို့ကိုယ့်အတွေးတွေကိုပြောင်းတာအဆုံးသုံးကြတယ်။ သူ့မှာ NLP model of communication ဆိုတဲ့framework အပေါ်အခြေခံတယ်။သတင်းအချက်အလက် -> အာရုံ ->အထင်အမြင် -> ခံစားချက် -> လုပ်ရပ် ဒီလိုသွားတယ်။ အဘိဓမ္မာမှာကျ စိတ်ဆိုတာအာရုံကို သိခြင်းလို့အဓိပ္ပာယ်ဖွင့်တယ်။သူ့မှာ အသိအာရုံ consciousness နဲ့စေတသိက် mental states ဆိုတဲ့နှစ်ပိုင်းရှိတယ်။စေတသိက် ၅၂ ပါးရှိပြီးအကြမ်းလေးမျိုးခွဲလို့ရတယ်။ NLP ရဲ့အယူအဆမှာကလူတွေက တစ်စက္ကန့်ကို သတင်းအချက်အလက်၂ သန်း bits ကိုထိတွေ့နေပြီး၁၃၄ bits ကိုပဲလက်ခံနိုင်တယ်။သတင်းအချက်အလက်ကို အာရုံငါးပါးနဲ့သွားတယ်။VAKOG အမြင်၊ အကြား၊ အတွေ့၊ အနံ့၊ အရသာ

NLPဆိုတာ Read More »

စီးပွားရေးဆိုတာ spiritual pursuit တစ်ခုပဲ။

စီးပွားရေး လုပ်တယ်ဆိုတာပိုက်ဆံရှာတာတစ်ခုတည်းမဟုတ်ဘူးလို့ယူဆထားတယ်။ စီးပွားရေးဆိုတာ spiritual pursuit တစ်ခုပဲ။ ကိုယ်ပိုက်ဆံဘယ်လိုရှာလဲဆိုတာအရေးကြီးတယ်။မဂ္ဂင်ရှစ်ပါးမှာလဲ သမ္မာအာဇီဝ မှန်သောအသက်မွေးဝမ်းကျောင်းမှုနဲ့အသက်မွေးဖို့ ပါတယ်။ နိုင်ငံကို ဒုက္ခရောက်အောင်လုပ်ပြီးပိုက်ဆံရှာတာ သမာအာဇီဝ ကျမကျလူတိုင်းသိပါတယ်။ သူများတွေကို လိမ်ပြီး မျက်ရည်ကြီးငယ်ကျအောင်လုပ်ပြီးစီးပွားရေးလုပ် ငွေရှာတာဟာဗုဒ္ဓအဆုံးအမနဲ့လဲ မညီဘူး။ ဒါကြောင့်ကိုယ်က သမာအာဇီဝနဲ့စီးပွားရေးလုပ်နေတယ်ဆို ဒါက ဂုဏ်ယူစရာတစ်ခုပါ။ ငွေကိုဖြစ်တဲ့နည်းနဲ့ရှာမယ်။နောက်ဘဝပိုကောင်းအောင်ဖိလှူမယ်ဆိုတာ ဗုဒ္ဓအဆုံးအမနဲ့မညီဘူးလို့ ထင်တာပဲ။ ချမ်းသာတဲ့သူတိုင်းကို မထင်မကြီးပဲသမာအာဇီဝနဲ့ စီးပွားဖြစ်တဲ့သူကိုပဲလေးစားအားကျကြတာ ဒီအချက်ကြောင့်လို့ ထင်တယ်။ ဘယ်လိုအခြေအနေဖြစ်ဖြစ်ကိုယ့်ရဲ့တန်ဖိုးထားမှုတွေအတွက်ရပ်တည်တဲ့သူတွေက လေးစားရမည့်သူတွေဖြစ်နိုင်တယ်။ Phyo Paing @ Derek

စီးပွားရေးဆိုတာ spiritual pursuit တစ်ခုပဲ။ Read More »

နောက်ဆုံးအရေးကြီးတာ
လိပ်ပြာလုံလုံနဲ့ အသက်ရှင်ဖို့ပဲ။

အခွင့်အလမ်းတွေ က အများကြီး။အရေးကြီးတာ ကိုယ်က ဘယ်အခွင့်အလမ်းကိုအဓိကအမိအရယူမလဲဆိုတာပဲ။ လူတိုင်းက အကုန်လုံးမဖြစ်နိုင်ဘူး။ ကွန်ဖြူးရှပ်ပြောသလို ယုန်တွေအများကြီးစိတ်များပြီးဖမ်းချင်တဲ့သူက တစ်ကောင်မှမမိတတ်ဘူးတဲ့။ ဝါဝါမြင်တိုင်းရွှေထင်ပြီးလိုက်ယောင်တာထက် ကိုယ်ဘယ်သူလဲ ကိုယ်ဘာလုပ်နေလဲဘာကျွမ်းကျင်လဲ ဘာလုပ်ချင်လဲကိုယ့်ရည်ရွယ်ချက်ပေါ်မူတည်ပြီးလုပ်ဆောင်တာက တချို့တွေအတွက်အကောင်းဆုံးဖြစ်နိုင်တယ်။ နောက်ဆုံးအရေးကြီးတာလိပ်ပြာလုံလုံနဲ့ အသက်ရှင်ဖို့ပဲ။ Phyo Paing @ Derek

နောက်ဆုံးအရေးကြီးတာ
လိပ်ပြာလုံလုံနဲ့ အသက်ရှင်ဖို့ပဲ။
Read More »

လူတွေက နေရာတိုင်းမှာ
မတော်နိုင်ဘူး။

ကိုယ့်ရဲ့အားသာချက်အားနည်းချက်သေချာသိဖို့လိုတယ်။အားသာချက်ကို ပိုကောင်းအောင်လုပ်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

လူတွေက နေရာတိုင်းမှာ
မတော်နိုင်ဘူး။
Read More »

ဘဝမှာ ဖြစ်နိုင်စွမ်း probability နဲ့
မတူတဲ့ ဖြစ်နိုင်ခြေ possibility လဲလိုတယ်။

တချို့တွေက တော်တော်လေးလက်တွေ့ကျတယ်။ဖြစ်နိုင်စွမ်း probability နဲ့ပဲအလုပ်လုပ်တယ်။အရှိနဲ့အနီးစပ်ဆုံးဖြစ်အောင်စဥ်းစားပြီး ဆုံးဖြတ်ချက်ချကြတယ်။ ဘဝမှာ ဖြစ်နိုင်စွမ်း probability နဲ့မတူတဲ့ ဖြစ်နိုင်ခြေ possibility လဲလိုတယ်။ တခါတလေ ကိုယ့်ရဲ့ intelligence ဥာဏ်တစ်ခုတည်းသုံးတာမဟုတ်ပဲအလိုလိုသိစိတ်ရဲ့အစွမ်း intuition နဲ့စိတ်ကူးယဥ်ဖို့ imagination လဲလိုတယ်။ Phyo Paing @ Derek

ဘဝမှာ ဖြစ်နိုင်စွမ်း probability နဲ့
မတူတဲ့ ဖြစ်နိုင်ခြေ possibility လဲလိုတယ်။
Read More »