April 2023

Money နဲ့ Meaning အရေးကြီးတယ်။

ဘဝမှာ လူတစ်လုံးသူတစ်လုံးကိုယ်သက်သောင့်သက်သာရှိတဲ့ဘဝနေထိုင်မှုပုံစံရှိဖို့ Money လိုတယ်။ ဒါပြည့်စုံပြီးရင် ဘဝနေထိုင်မှုအဓိပ္ပာယ်Meaning လိုတယ်။ Money မရှိပဲ Meaning ရှာဖို့ခက်သလို၊Meaning ရှိပြီး Money မရှိပြန်လဲမရဘူး။ Money ရှိပြီး Meaning မရှိရင်လဲဘဝရဲ့ တကယ့်လတ်ဆတ်မှုပျောက်နေမယ်။ Phyo Paing @ Derek

Money နဲ့ Meaning အရေးကြီးတယ်။ Read More »

အရေးအကြီးဆုံးက အာရုံပဲ။

အာရုံတွေ လွင့်နေရင် အလုပ်မပြီးဘူး။ကိုယ်လုပ်တဲ့အလုပ် အာရုံမစိုက်နိုင်ရင်အကောင်းဆုံးဆိုတာကို ဘယ်တော့မှဖန်တီးနိုင်ဖို့ မလွယ်ဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ကို 100% အာရုံလိုတယ်။ Phyo Paing @ Derek

အရေးအကြီးဆုံးက အာရုံပဲ။ Read More »

3S Business Model

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့ 3S Business Model ဒီနှစ်ပိုင်းတွေမှာ စမ်းသပ်ပြီးFramework တစ်ခုထုတ်ထားတယ်။ဒါကတော့ ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်း ဒီဇိုင်းလုပ်တဲ့ framework ပေါ့။ အကြီးဆုံးချဲ့မည့် empire-building နဲ့ကိုယ်မပါပဲလည်ပတ်တဲ့ money-machine မတူဘူး။ ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်း ဖန်တီးတဲ့အခါ အခြေခံစဥ်းစားတာ niche market ဖြစ်ပြီးအကြီးဆုံးချဲ့တဲ့လုပ်ငန်းရဲ့ရည်ရွယ်ချက်ကmass market လူတိုင်းကိုဖြစ်တယ်။ ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းကဘူစတမာတွေ (Bustomer) ဘူကောင်ဖောက်သည်တွေကို ရှောင်ရတယ်။အင်ဘာယာတည်ဆောက်တဲ့လုပ်ငန်းကCustomer is King ဖောက်သည်ကဘုရင်ပဲ။ အခြေခံယူဆချက်တွေ မတူဘူး။ Niche market ကိုလူပြိန်းနားလည်အောင်ရှင်းပြရရင် Yoga သင်တယ်ဆိုပါတော့။ကိုယ်က ဗိုက်ကြီးသည်တွေအတွက်ပဲသီးသန့်သင်တဲ့ Yoga မျိုး။ ကိတ်မုန့်ရောင်းရင်တောင်ကလေးတွေအတွက် Birthday Cake ကိုပဲအဓိကလုပ်တာမျိုး။ သင်တန်းသင်တဲ့အခါ ၇ နှစ်အောက်ကလေးဦးနှောက်ဖွင့်ဖြိုးဖို့တစ်ခုတည်းသင်တာမျိုး။ ဒီအခြေခံ အယူအဆကိုသိပြီဆိုရင်ကိုယ့်လုပ်ငန်းရဲ့ business model ကိုစဥ်းစားရပြီ။ Business

3S Business Model Read More Âť

ဒီဂျစ်တယ်ပိုင်ဆိုင်မှု သေချာလုပ်ကြပါ

လူငယ်ဆို နည်းပညာ ကုန်ပစ္စည်းထုတ်။ ကိုယ်က အသက် ၄၀ အောက်ဆို နည်းပညာ ကုန်ပစ္စည်းထုတ်ဖို့စဥ်းစားကြည့်။ နည်းပညာကုန်ပစ္စည်းဆိုတာ Website တို့၊ App တို့ပါတယ်။ Asset (ပိုင်ဆိုင်မှု) ဆိုတာ ကိုယ့်အိတ်ထဲကို ငွေထည့်ပေးတဲ့အရာ။ ဒီနေ့ခေတ် ကိုယ့်အိပ်ထဲငွေထည့်ပေးတဲ့အရာကအိမ်၊ ခြံ၊ မြေတစ်ခုတည်းမဟုတ်တော့ဘူး။ မြေက တန်ဖိုးရှိတာမဟုတ်ဘူး။လူအများစုနေတဲ့ နေရာမှာရှိတဲ့ မြေကပဲတန်ဖိုးရှိတာ။ သေချာစဥ်းစားကြည့်လေ ရှင်းလေပဲ။ လူမနေတဲ့နေရာမှာရှိတဲ့ မြေက တန်ဖိုးသိပ်မရှိဘူး။လူများများ၊ လူစည်ကားတဲ့နေရာမှာရှိတဲ့မြေက ပိုတန်ဖိုးရှိတယ်။ ဒီသဘောတရားအတိုင်းပဲ ဒီဂျစ်တယ်ကုန်ပစ္စည်းတိုင်းက တန်ဖိုးရှိတာမဟုတ်ဘူး။လူများများသုံးနေတဲ့ ဒီဂျစ်တယ်ကုန်ပစ္စည်းတွေဖြစ်တဲ့Website/ App တွေက တန်ဖိုးရှိတာ။ အဖိုး၊ အဖေ၊ အမေခေတ်က တန်ဖိုးထားခဲ့တဲ့ ရွှေ၊ မြေ၊ လက်ဝတ်ရတနာတွေကသူ့ဟာနဲ့ သူ တန်ဖိုးရှိသလို ဒီနေ့ခေတ်က ဒီဂျစ်တယ် ပိုင်ဆိုင်မှု digital asset

ဒီဂျစ်တယ်ပိုင်ဆိုင်မှု သေချာလုပ်ကြပါ Read More »

ဒီနေ့ခေတ် ငွေရှာတဲ့ စီးပွားရေးပုံစံလေးမျိုးရှိတယ်။

ဒီနေ့ခေတ် ငွေရှာတဲ့ စီးပွားရေးပုံစံလေးမျိုးရှိတယ်။ဒီ Business Model လေးမျိုးက တချို့တွေက လူတွေရုန်းရုန်း ရုန်းရုန်းနဲ့စုစည်းပြီး ငွေရှာရတာကြိုက်တယ်။ ဒါကို Community တည်ဆောက်တယ်လို့ခေါ်တယ်။အသိုက်အဝန်းတည်ဆောက်ဆိုပြီးပြောလိမ့်မယ်။ ဒါကို Event-focused business model လို့ခေါ်တယ်။ နောက်တစ်မျိုးက ဝန်ဆောင်မှုတွေရောင်းရတာ ကြိုက်တဲ့အမျိုး။ ဖောက်သည်အခြေပြုစီးပွားရေး မော်ဒယ်။Client-focused business model နောက်တစ်မျိုးကတော့ ကုန်ပစ္စည်းအသားပေး စီးပွားရေးပုံစံ။ ကုန်ပစ္စည်းထုတ်ပြီးရောင်းဖို့ အားသာတဲ့ မော်ဒယ်ပုံစံ။ဒါကို Product-focused business model နောက်တမျိုးကတော့ လစဥ်ကြေး မော်ဒယ်ပုံစံ။ လစဥ်ကြေးနဲ့ သွားတဲ့ပုံစံ။ ဒါကို subscription-focused business model လို့ခေါ်တယ်။ ကိုယ်လုပ်ငန်းက ဒီလေးခုမှာ ဘယ်တစ်ခုကို သေချာသုံးလေးလဲမရှိရင် တိုင်ပတ်နေတတ်တယ်။ ဥပမာ Online Shop ဝယ်ပြီးပြန်ရောင်းတယ်ဆိုပါတော့ကိုယ့်ကိုချစ်တဲ့ဖောက်သည်တွေကို Live လွင့်ပေးတာ၊

ဒီနေ့ခေတ် ငွေရှာတဲ့ စီးပွားရေးပုံစံလေးမျိုးရှိတယ်။ Read More »

အမှတ်တံဆိပ်တည်ဆောက်ဖို့ဆိုတာ
အတွေးအခေါ်လိုတယ်။

အမှတ်တံဆိပ်တည်ဆောက်ဖို့ဆိုတာ အတွေးအခေါ်လိုတယ်။ ဒါကို Brand Philosophy လို့ခေါ်တယ်။ ကိုယ်တိုင်ရဲ့ အမှတ်တံဆိပ်တည်ဆောက်ဖို့ လူတွေစိတ်ဝင်စားအောင်လျှောက်လုပ်နေတာကိုPersonal Branding တို့မခေါ်ဘူး လုပ်ငန်းရှင် အားတီ၊ အားမေတို့။ ကိုယ့်ရဲ့၊ ကိုယ့်လုပ်ငန်းရဲ့ ရပ်တည်ချက်အတွေးအခေါ် မထုတ်နိုင်သမျှ အမှတ်တံဆိပ်တည်ဆောက်လို့မရဘူး။ Apple ဆိုရင် အလုပ်တကယ်ဖြစ်တဲ့နည်းပညာ၊ဒီဇိုင်းရိုးရှင်းလှပသေသပ်မှုအပြင်Privacy တစ်ကိုယ်ရည်လှုံခြုံမှုအရေးကြီးတဲ့အတွေးအခေါ်အတွက် ရပ်တည်တယ်။ Xiaomi ဆိုရင်ပိုက်ဆံမရှိလို့ နောက်ဆုံးပေါ်နည်းပညာမသုံးလိုက်ရဖို့ စိတ်မညစ်နဲ့။ လူတိုင်းအတွက် တီထွင်ဆန်းသစ်မှုInnovation for Everyone နဲ့သွားတယ်။ မားကတ်တင်းဆိုတာ နူးညံ့တယ်။ဖောက်သည်တွေ လိုချင်တာ၊ လိုအပ်တာဖြည့်ဆည်းပေးရုံနဲ့ ပြီးသွားတဲ့ခေတ်မဟုတ်တော့ဘူး။ မလိုအပ်ဘူးထင်တာကို လိုအပ်တယ်ဖြစ်အောင်စိတ်ပညာ Psychology၊ အတွေးအခေါ်ပညာ Philosophy၊ဦးနှောက်အလုပ်လုပ်ပုံ Neuroscience တွေပေါင်းစည်းရာပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

အမှတ်တံဆိပ်တည်ဆောက်ဖို့ဆိုတာ
အတွေးအခေါ်လိုတယ်။
Read More Âť

အနာဂတ်အတွက်၊ ဒီနေ့အတွက်
ရှင်သန်မှုအတွက် သင်ယူမှု
အမြဲလိုနေမှာ

စဥ်းစားကြည့်ကိုယ်တတ်ထားတဲ့ အသိပညာ၊အတတ်ပညာကို လူတွေနားလည်အောင်သင်ပေးနိုင်မယ်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲ။ သင်ကြားမှုဆိုတာ ချဲ့ထွင်လို့ရတဲ့အတတ်ပညာ၊​ ကျွမ်းကျင်မှု၊လုပ်ငန်းတစ်ခုဖြစ်တယ်။ တချိန်ထဲမှာ လူအများကြီးကိုအပြင်မှာ၊ နည်းပညာအသုံးပြုပြီးသင်ပေးလို့ရတဲ့အတွက်ကိုယ့်အချိန်ကို အကောင်းဆုံးအသုံးချတဲ့ leverage လုပ်နိုင်တဲ့အရာတစ်ခုဖြစ်တယ်။ လူတစ်ယောက်အတွက်သင်ကြားမှု၊ သင်ယူမှု စကေးကအရမ်းအရေးကြီးတယ်။​ ဘယ်လောက်မြန်မြန်သင်ယူနိုင်သလဲ၊ကိုယ်တတ်ထားတာကိုတခြားသူတွေ နားလည်အသုံးပြုနိုင်အောင်ပြန်သင်ပေးနိုင်တဲ့ ကျွမ်းကျင်မှုဟာအနာဂတ်မှာ ပိုတောင်အရေးပါလာမှာ။ ကမ္ဘာပေါ်မှာ Millionaire မီလီယံနာ ဆရာတွေ၊infopreneurs တွေ အများကြီးပေါ်လာပြီ။ဒါက ဒီဂျစ်တယ်နည်းပညာကြောင့်ဖြစ်တယ်။ သင်ကြားမှုမှာအပြင်မှာ လူအုပ်ကို သင်ပေးရတာနဲ့၊အင်တာနက်က တိုက်ရိုက်သင်ပေးရတာရှိသလို၊Video ရိုက်ထားပြီး ကိုယ်တိုင်လေ့လာလို့ရတာရှိတယ်။ သင်ကြားမှုပုံစံမတူရင်သင်ကြားရမည့် စနစ်မတူဘူး။​ Online Course တွေလို video ရိုက်၊Note ထုတ်ထားတဲ့ သင်ကြားမှုမျိုးအတွက်Instructional Design ဆိုတာ သိထားဖို့လိုတယ်။ Online Course ဖန်တီးတဲ့သူကInformation တွေကို စုစည်းပြီးဘာပြီးဘာလုပ်ဆိုတဲ့ Instruction ပုံစံဖန်တီးပြီး လေ့လာသူ အပြောင်းအလဲဖြစ်ဖို့Transformation အတွက် လုပ်ဆောင်တာဖြစ်တယ်။

အနာဂတ်အတွက်၊ ဒီနေ့အတွက်
ရှင်သန်မှုအတွက် သင်ယူမှု
အမြဲလိုနေမှာ
Read More Âť

MIT ဆိုတာ

အတိတ်နဲ့ အနာဂတ်ဆိုတာအယူအဆတစ်ခုပဲ။အမှန်တော့ ပစ္စုပ္ပန်တစ်ခုပဲတကယ်ရှိနေတာ။ ပစ္စုပ္ပန်ကို သုံးပိုင်းခွဲလိုက်တယ်။ မနက်မှာ ကိုယ့်ကိုကိုယ် သိုင်းကျင့်တယ်။တနည်းအားဖြင့် train တယ်။စာဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ပြန်လည်သုံးသပ်ဖို့ ရေးမှတ် journaling လုပ်တာ၊​စိတ်နဲ့ ခန္ဓာကို ပြန်ပြီးချိပ်ဆက်ဖို့ တရားထိုင်meditation လုပ်တာ။​ ဆယ်နာရီဆိုတာနဲ့ work အလုပ်လုပ်တာ။တစ်နည်း ပိုက်ဆံဝင်တဲ့ အလုပ်လုပ်တာ။​ ခြောက်နာရီနောက်ပိုင်းကျတော့ပြန်လည်အားဖြည့် recharge လုပ်တာ။ဝိုင်သောက်တာ၊ သူငယ်ချင်းတွေနဲ့တွေ့တာ၊ရုပ်ရှင်ကြည့်တာ၊ မနက်ဖြန်ဆက်ရမည့်အရာအတွက်အားဖြည့်တာ။ ဒါကို TWR နည်းစနစ်လို့ နာမည်ပေးထားတယ်။တစ်ရက်ကုန်ရင်တော့ သတ်မှတ်ထားတဲ့MIT သုံးခုပြီးရမယ်။​ MIT ဆိုတာ တစ်ရက်တာအတွက်Most Important Task အရေးအကြီးဆုံးအလုပ်။ ကိုယ့်တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲဆိုတာအင်မတန်အရေးကြီးတယ်။ ဘဝဆိုတာ ပိုက်ဆံရှာတာတစ်ခုတည်းထက်ပိုတယ်လို့ယူဆထားတယ်။​ဘဝဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး versionတည်ဆောက်ဖို့ပဲ။ Phyo Paing @ Derek

MIT ဆိုတာ Read More »

သိသိမသိသိ လူတိုင်းက
ကိုယ့်ကိုကိုယ် နေ့စဥ် train နေကြတယ်

သိသိမသိသိ လူတိုင်းကကိုယ့်ကိုကိုယ် နေ့စဥ် train နေကြတယ်။ တချို့တွေကို ဒါကိုသတိပြုမိတယ်။တချို့က သတိမပြုမိဘူး။ သတိပြုမိတဲ့သူတွေအတွေးနဲ့ လုပ်ရပ်တွေကို သတိပြုပြီးကောင်းမယ်ထင်တဲ့ ရွေးချယ်မှုပြုလုပ်တယ်။ သတိမပြုမိတဲ့သူတွေကပတ်ဝန်းကျင်စေ့ဆော်မှုတွေနောက်ဘာမှမစဥ်းစားပဲ မျက်စိမှိတ်လိုက်သွားတယ်။ ဒီပေါ်ကွာသွားပြီး ဘဝတွေကွာသွားတယ်။ Phyo Paing @ Derek

သိသိမသိသိ လူတိုင်းက
ကိုယ့်ကိုကိုယ် နေ့စဥ် train နေကြတယ်
Read More Âť

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ဘူကောင်ဖောက်သည်ဘူစမာတွေရှောင် (Bustomer)။အင်ဘာယာတည်ဆောက်တဲ့သူဆိုလူတိုင်းစိတ်ကျေနပ်အောင်ကြိုးစား။သွားတဲ့လမ်းမတူဘူး လုပ်ငန်းရှင် အားတီ၊ အားမေတို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ Read More »