April 2023

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ဘူကောင်ဖောက်သည်ဘူစမာတွေရှောင် (Bustomer)။အင်ဘာယာတည်ဆောက်တဲ့သူဆိုလူတိုင်းစိတ်ကျေနပ်အောင်ကြိုးစား။သွားတဲ့လမ်းမတူဘူး လုပ်ငန်းရှင် အားတီ၊ အားမေတို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ Read More »

ကိုယ်က ကိုယ့်လုပ်ငန်းထက်
ကြီးနေဖို့လိုတယ်။

ကိုယ်က ကိုယ့်လုပ်ငန်းထက်မကြီးသေးသမျှ လုပ်ငန်းထဲကထွက်ဖို့ မလွယ်ဘူး။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ကြီးနေရင်လုပ်ငန်းပြဿနာက ကိုယ့်အတွက်အေးဆေး သေးသေးလေးဖြစ်သွားပြီ။ လကုန်လစာပေးဖို့ ကုန်ကျစရိတ်အတွက်ပူပင်သောကဖြစ်နေတော့မှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ်က ကိုယ့်လုပ်ငန်းထက်ကြီးနေဖို့လိုတယ်။ ကိုယ့်လုပ်ငန်းထက်ကြီးဖို့ ဘာလုပ်ရမလဲ? ၁။ အိမ်စာလုပ်ဖို့လိုတယ်။လုပ်ငန်းတစ်ခုလည်ပတ်ဖို့ သိသင့်သိထက်တဲ့ အရာတွေမှန်သမျှ အကုန်လေ့လာဖို့လိုတယ်။မားကတ်တင်း၊ အမှတ်တံဆိပ်တည်ဆောက်ခြင်း၊အရောင်း၊ စီမံခန့်ခွဲမှု၊ စာရင်းအင်း။ ၂။ ကိုယ့်လုပ်ငန်းနယ်ပယ်အကြောင်းထုံးလိုကြေ ရေလိုနောက်သိအောင်လေ့လာထားဖို့လိုတယ်။ ၃။ လူတွေကို ထိန်းတတ်ဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်က ကိုယ့်လုပ်ငန်းထက်
ကြီးနေဖို့လိုတယ်။
Read More »

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။

လူတွေက အပြင်မှာထက်အတွေးတွေထဲမှာပိုနာကျင်ကြရတယ်။ဒါကြောင့် အတွေးတွေကိုထိန်းချုပ်ပြီး ဝင်လေ၊ ထွက်လေ၊ကြားထဲမှာ ပြတ်သွားတာသိတာနဲ့ အတွေးကိုထိန်းချုပ်ကြတယ်။တချို့က အတွေးကို ကောင်းနေအောင်ပရိုကရမ်လုပ်ကြတယ်။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ Phyo Paing @ Derek

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
Read More »

နှလုံးသားအသံကို နားထောင်ကြည့်ပါ။

ကျွန်တော်တို့ နှလုံးသားကတခါတလေ ဘာလုပ်ဘာလုပ်ဆိုတာပြောနေတတ်တယ်။တခါတလေ သူပြောနေတဲ့အရာကိုလုပ်လိုက်တဲ့အချိန် မထင်မှတ်ထားတဲ့အပြောင်းအလဲတွေ ဖြစ်တတ်တယ်။ Phyo Paing @ Derek

နှလုံးသားအသံကို နားထောင်ကြည့်ပါ။ Read More »

နေရာ နဲ့ လူ အရေးကြီးတယ်။

ဘုရားဖူးသွားတာတို့၊ နေရာတစ်ခုရောက်သွားတဲ့အခါအတွေးအခေါ် တစ်ခု ထင်းကနဲဝင်လာတာတို့ကြုံဖူးလိမ့်မယ်။ဒီ နေရာရဲ့ သက်ရောက်မှုက လူတွေ မှာ အကြီးအကျယ်ရှိတယ်။ နေရာတစ်ခုက လူတစ်ယောက်အတွေးနဲ့ အပြုအမူပေါ်သက်ရောက်လွမ်းမိုးဖို့ တုန်ခါမှု vibration တွေထုတ်လွတ်နေတယ်။ ဒါကို တချို့က ဓာတ်လို့ဆိုတယ်။ Vibes ဆိုတာ နေရာတစ်ခုကရတဲ့ခံစားချက်၊ စွမ်းအင်ကိုခေါ်တာ။ သင်္ချိုင်းကိုရောက်သွားတဲ့အခါကြောဆိမ့်သွားတာမျိုး တချို့ခံစားဖူးလိမ့်မယ်။ တချို့နေရာတွေရောက်သွားရင်မတူညီတဲ့ ခံစားမှုတွေရတတ်တယ်။ ဒီခံစားမှုတွေ၊ အတွေးတွေကလူတွေရဲ့လုပ်ရပ်အပေါ်လွမ်းမိုးမှုတွေ ရှိတယ်။ နေရာတွေလိုပဲ လူတွေမှာလဲ vibes တွေရှိတယ်။တချို့အရမ်း အမြင်ဆိုးရှိတဲ့သူရဲ့vibes က အကောင်းအရမ်းမမြင်တတ်တဲ့သူထက်ပိုကြီးနေရင် ဘူပြီသာမှတ်။ တချို့က ဘူတော့ဘူနေတယ်အရမ်းတက်ကြွအကောင်းမြင်ပြီးသူ့ထက် ကောင်တဲ့ဓာတ်နဲ့တွေ့ရင်လဲကောင်းတဲ့ ဓာတ်က လွမ်းမိုးသွားတာမျိုးဖြစ်တတ်တာ တွေ့ဖူးလိမ့်မယ်။ ဒီဓာတ်တွေက အတွေးကနေဖြစ်လာတယ်လို့ထင်တယ်။အတွေးကနေ ခံစားချက်၊ ခံစားချက်ကနေ လုပ်ရပ်။လုပ်ရပ်ဖြစ်တော့ ကံ။ ကံရှိတော့ အကြောင်း၊ အကျိုးတွေဖြစ်လာတယ်။ ဒါကြောင့် မဂ္ဂင်ရှစ်ပါးမှာမှန်ကန်သော အတွေးဆိုတာပါတယ်။

နေရာ နဲ့ လူ အရေးကြီးတယ်။ Read More »

ဘေးထိုင်၊ ဘုပြောရုံနေနဲ့တော့
ဘဝရဲ့ အဓိပ္ပာယ်ရှာတွေ့မှာ မဟုတ်ဘူး။

ဘဝရဲ့ အဓိပ္ပာယ်ဆိုတာ ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့ရည်မှန်းချက်ပန်းတိုင်ကို ဒူပေဒါပေခံပြီး တုံးတိုက်တိုက်ကျားကိုက်ကိုက်မဖြစ်ဖြစ်အောင် လုပ်တာမျိုး။ ဘေးထိုင်၊ ဘုပြောရုံနေနဲ့တော့ဘဝရဲ့ အဓိပ္ပာယ်ရှာတွေ့မှာ မဟုတ်ဘူး။ Phyo Paing @ Derek

ဘေးထိုင်၊ ဘုပြောရုံနေနဲ့တော့
ဘဝရဲ့ အဓိပ္ပာယ်ရှာတွေ့မှာ မဟုတ်ဘူး။
Read More »

ဘဝရဲ့ အဓိပ္ပါယ်ကို
နေရာ လေးခုက ရတယ်တဲ့။

၁။ အလုပ် Work or Creative activity၂။ ဆက်ဆံရေး Human Relationships၃။ ဒူပေဒါပေခံမှု Attitude toward unavoidable sufferings၄။ အတ္တရဲ့အလွန် Transcendence Phyo Paing @ Derek

ဘဝရဲ့ အဓိပ္ပါယ်ကို
နေရာ လေးခုက ရတယ်တဲ့။
Read More »

မားကတ်တင်းဆိုတာ

လူတွေကို ဒုက္ခအပေးဆုံးကတခြားသူတွေရဲ့ အထင်အမြင်။ ကံကောင်းချင်တော့ ကိုယ်က အထင်အမြင်ပြောင်းအလုပ်ဖြစ်တဲ့ marketing လုပ်နေရတာပဲ။ မားကတ်တင်းဆိုတာ “အထင်အမြင်ပြောင်းပညာ”။ Phyo Paing @ Derek

မားကတ်တင်းဆိုတာ Read More »

လူတွေကို ပျော်စေ၊ စိတ်ညစ်စေတာ Case မဟုတ်ဘူး။Care ကြောင့်။

တချို့တွေ ဘွဲ့မရဘူး။ Care မလုပ်တော့ ဒါက သူ့အတွက် Case တစ်ခုမဟုတ်ဘူး။ တချို့လူတွေကိုယ့်ကို ချီးမွမ်းတယ်။လူတချို့က ဒီချီးမွမ်းလိုက်တာလေးကိုCare လုပ်တော့ ပျော်တယ်။ ကဲ့ရဲ့တာ Care လုပ်တော့ စိတ်ညစ်တယ်။ လူတွေ တစ်ရက်တစ်ရက်ပြည်တွင်း၊ ပြည်ပမှာ ပဋိပက္ခ တွေကြောင့် သေကြေပျက်စီးနေကြတယ်။ ဒါကို care မလုပ်တဲ့သူအတွက်ဒါက case မဟုတ်ဘူး။ care လုပ်တဲ့သူက နာကျင်ဝမ်းနည်းရတယ်။ အရေးကြီးတာ ကိုယ် care တဲ့အရာတွေကိုကိုယ်လိုချင်တဲ့ ပုံစံတည်ဆောက်ဖို့ လုပ်ဆောင်တဲ့ choice တွေပဲ။ ဒါကြောင့် စိတ်ညစ်စရာတစ်ခုကြုံရင်ငါ ဒါကို လိုတာထက်ပို ဂရုစိုက်နေလို့လားမေးကြည့်။Care ရင် Case ဖြစ်တယ်။ မ Care ရင် Case မဖြစ်ဘူး။ Phyo Paing @

လူတွေကို ပျော်စေ၊ စိတ်ညစ်စေတာ Case မဟုတ်ဘူး။Care ကြောင့်။ Read More »