limit your loss
ငယ်ငယ်တည်းက အဘိုးလိုပဲအလောင်းအစားလုပ်ရတာကြိုက်တယ်။ဘဝမှာ နောင်တလဲ အကြိမ်ကြိမ်ရဖူးတယ်။နောက်ဆုံး ဥပဒေသတစ်ခုထုတ်လိုက်မှအဲ့ဒီနောင်တရတဲ့ ပြဿနာဖြေရှင်းသွားတယ်။ လောင်းကစားလုပ်တော့မယ်ဆိုတိုင်းဘယ်လောက်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့မသွားဘူး။“ဘယ်လောက်ရှုံးရင် ပြန်မယ်” ဆိုတဲ့စိတ်နဲ့သွားတယ်။ဒါကို limit your loss လို့ခေါ်တယ်။ တခါတလေ ဒီလောက်ရှုံးရင်ပြန်မယ်ပြောတိုင်းပါးစပ်ပုပ်ကြီးနဲ့လို့ ပြန်ပြောတတ်ကြတယ်။အမှန်တော့၁။ ကိုယ့်ကိုကိုယ်ထိန်းချုပ်မှု self-control ကိုကောင်းစေတယ်။၂။ မဆော့ခင်ကတည်းက negative visualizationငါရှုံးမယ်လို့ဆုံးဖြတ်ပြီးတဲ့အတွက် စိတ်ပြတ်တယ်။၃။ ရှုံးမဲမဲတဲ့ loss aversion ကိုပျောက်စေတယ်။ လောင်းကစားစိတ်ပညာတွေလဲငယ်ငယ်ကဖတ်ဖူးသလိုစလုံးက casino မှာဆိုဒီ စွဲလမ်းမှုကို ကာကွယ်ဖို့ကိုယ့်ကိုကိုယ် suicide မလုပ်ဖို့ပညာပေးတွေ အများကြီးflyer တွေကို တွေ့လိမ့်မယ်။ ဒီအယူအဆက လုပ်ငန်းလုပ်တဲ့အချိန်မှာလဲလွမ်းမိုးမှု အကြီးအကျယ်ရှိတယ်။ကိုယ်မသိ၊ နားမလည်သေးတဲ့လုပ်ငန်း၊ ကုန်ပစ္စည်းတစ်ခုတည်ဆောက်တဲ့အခါ“ဘယ်လောက်ရှုံးရင် ရပ်မယ်” ဆိုတဲ့စိတ်နဲ့ စမ်းသပ်မှုတွေလုပ်တယ်။ အဲ့ဒီစိတ်ထားထားတော့ နောင်တဆိုတာမရှိိတော့ဘူး။လောင်းကစားဆိုတာ နိုင်ဖို့ထက်ရင်ခုန်ဖို့ ဖျော်ဖြေရေးတစ်ခုလို့မြင်တဲ့အခါအနိုင်အရှုံးကို စိတ်ခံစားချက်တွေအများကြီးမရှိတော့ဘူး။ ဒီဂျစ်တယ်ကုန်ပစ္စည်းတစ်ခု တည်ဆောက်တဲ့အခါလဲဒါရှာဖွေမှုအသစ်တွေအတွက် discovery စိတ်နဲ့ရှုံးနိုင်တဲ့ငွေကြေးနဲ့ […]