April 2023

“Money Making Machine” တည်ဆောက်ဖို့

စွန့်ဦးတီထွင် နဲ့ မာကတ်တာတွေလုပ်ဆောင်တဲ့အရာက ငွေရိုက်စက် တည်ဆောက်ဖို့ပဲ။ “Money Making Machine” တည်ဆောက်ဖို့လိုအပ်တဲ့အရာက အင်တာနက်နဲ့ ကွန်ပြူတာပဲ။ ဒီလို ကွန်ပြူတာကို ငွေရိုက်စက်ပြောင်းဖို့ ၁။ လူတွေ ဘာလိုအပ်နေလဲဆိုတာ အာရုံခံလေ့လာနိုင်ရမယ်။ ၂။ လူတွေရဲ့ အထင်အမြင်ကိုပြောင်းဖို့ ဘိတ်သိတ်နိုင်ရမယ်။ ဘိတ်သိတ်ပညာမှာ ၁။ ကိုယ့်အတွေးအခေါ်ကို ဖော်ထုတ်တတ်ရမယ်။၂။ ကြော်ငြာရေးအတတ်ပညာ၊ စာရေးအတတ်ပညာ၊ စကားပြောအတတ်ပညာ၊ မီဒီယာအသုံးချအတတ်ပညာ တွေလိုတယ်။ အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတွေတည်ဆောက်ဖို့။ကိုယ်မပါလဲ လည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ဖို့ကစွန့်ဦးတီထွင်တွေ၊ မာကတ်တာတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ပဲ။ “ဒါကြောင့် တစ်ခါတည်ဆောက် နေ့တိုင်းရောင်း”Build once, sell every day အယူအဆအတိုင်းပဲသွားတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

“Money Making Machine” တည်ဆောက်ဖို့ Read More »

ဘဝမှာနေပျော်ချင်ရင်
ဒီ A သုံးလုံးကို လျော့ရမယ်

ဘဝမှာနေပျော်ချင်ရင်ဒီ A သုံးလုံးကို လျော့ရမယ်။ ၁။ Attachment တွယ်တာတတ်တာတွေ။၂။ Anger ဒေါသ။၃။ Arrogant မောက်မာတာ။ Phyo Paing @ Derek

ဘဝမှာနေပျော်ချင်ရင်
ဒီ A သုံးလုံးကို လျော့ရမယ်
Read More »

ယောကျာ်းတစ်ယောက်အတွက်
အလုပ်က ဘဝပဲ

ယောကျာ်းတစ်ယောက်အတွက်အလုပ်က ဘဝပဲ။လူမှုပတ်ဝန်းကျင်မှာအမျိုးသားနဲ့ အမျိုးသမီးတွေအပေါ်ထားတဲ့မျှော်မှန်းချက်တွေ က မတူကြဘူး။ ကမ္ဘာပေါ်မှာ သတ်သေမှုအများဆုံးကယောကျာ်းတွေ။အမျိုးသမီးတွေက အချင်းချင်းရင်ဖွင့်တာလုပ်တတ်ကြပေမယ့်အမျိုးသားအများစုက အဲ့လိုသိပ်မလုပ်တတ်ကြဘူး။ အမျိုးသားတစ်ယောက် စိတ်ဓာတ်အကျဆုံးအချိန်ကအလုပ်ပြုတ်တဲ့အချိန်၊မုဆိုးတွေလို သားလိုက်လာတော့အလုပ်နဲ့ identity ငါဘယ်သူဆိုတဲ့အရာကဆက်စပ်သွားတယ်။ ကိုယ်လုပ်တဲ့အလုပ်ကိုမှ ဂုဏ်မယူတတ်ရင်၊မကျွမ်းကျင်ရင် ဘဝမှာပျော်ဖို့တော်တော်မလွယ်ကူဘူး။ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့အရာတစ်ခုတော့ ရှိဖို့လိုတယ်။​အသက်အရွယ်တစ်ခုရောက်ရင်လူရိုသေရှင်ရိုသေ နေရာလေးတစ်ခုတော့ရှိနေဖို့က လောလောပြီးကနေတဲ့လောကထဲမှာ ရှင်သန်နေသမျှလိုနေနိုင်သေးတယ်။ အားတီတို့အတွက် ရေးသာရေးရတာထက်မြတ်တဲ့အားမေတွေဆဲမှာလည်းကြောက်ရသေးတယ်။ Phyo Paing @ Derek

ယောကျာ်းတစ်ယောက်အတွက်
အလုပ်က ဘဝပဲ
Read More »

Best Version

ဘဝမှာ လမ်းပျောက်မလိုဖြစ်ရင်ကိုယ့်အတွက် best version မဖြစ်စေတဲ့ အရာမှန်သမျှကိုစွန့်လွတ်လိုက်။Best version ဖြစ်စေမည့်အရာတွေကို စလုပ်။ ကိုယ့်ဘဝမှာ အရေးအကြီးဆုံးအရာကကိုယ့် best version ဖြစ်ဖို့။ဒါမှ တခြားသူတွေကို ပြန်ကူညီနိုင်မှာ။ Phyo Paing @ Derek

Best Version Read More »

လူတစ်စုဟာ လူတိုင်းကို ကိုယ်စားပြုချင်မှပြုမယ်။

ကမ္ဘာ့ဘိတ်ချီးဖြစ်နေပေမယ့်ဒုက္ခရောက်နေရင် မနေနိုင်ပဲဝိုင်းကူကြတဲ့ လူ့အဖွဲ့အစည်းမှာလူဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်။ အခက်အခဲတွေ ဘယ်လောက်များလဲ သဒ္ဒါတရားမပျက်ခဲ့တဲ့ လူမှုအဖွဲ့အစည်းမှာနေထိုင်ရတာ ဂုဏ်ယူတယ်။ ကိုယ့်ကို လူမဆန်အောင်ဘယ်လောက်နှိပ်စက်သွားသွား ခွင့်လွတ်နိုင်စွမ်းရှိတဲ့လူ့အဖွဲ့အစည်းမှာ နေထိုင်ရတာဂုဏ်ယူတယ်။ စက်ရုပ်လိုမဟုတ် ခံစားမှုအပြုံးတွေနဲ့လူသားစစ်စစ် အဖြစ် ရှင်သန်နေတဲ့လူ့အဖွဲ့အစည်းမှာနေရတာဂုဏ်ယူတယ်။ ကိုယ့်ကိုကိုယ် လေးစားမှုစိတ်ထားပြီးမတရားမှုကို လက်မခံပဲ ပုံမှန် normalize မဖြစ်သွားတဲ့ လူ့အဖွဲ့အစည်းမှာလူဖြစ်ခွင့်ရတာ ဂုဏ်ယူစရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။ ယုံကြည်ချက်ကြောင့် အသက်ပေးရဲတဲ့လူငယ်တွေရှိနေသေးတဲ့ လူမှုအဖွဲ့အစည်းမှာရှင်သန်ခွင့်ရတာ ဂုဏ်ယူစရာဖြစ်ကောင်းဖြစ်နိုင်တယ်။ လူတစ်စုကို ကြည့်ပြီး ဝါးလုံးနဲ့ပတ်လူတိုင်းမကောင်းဘူးလို့ ရမ်းမိတဲ့အချိန်တွေ လူတိုင်းမှာရှိကောင်းရှိနိုင်တယ်။ လူတစ်စုဟာ လူတိုင်းကို ကိုယ်စားပြုချင်မှပြုမယ်။ Phyo Paing @ Derek

လူတစ်စုဟာ လူတိုင်းကို ကိုယ်စားပြုချင်မှပြုမယ်။ Read More »

ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်ဖို့လိုတယ်။

လူတိုင်းက အခြေအနေပေါ်မူတည်ပြီးတိုင်ပတ်စေတဲ့အရာတွေလုပ်ဖူးမိလိမ့်မယ်။လူတွေက သူတို့အပြုအမူမဟုတ်ဘူးဆိုတာသိထားရင် ပြဿနာကပြေလည်သွားလိမ့်မယ်။People are not their behaviors. Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်ဖို့လိုတယ်။ Read More »

ကိုယ်နဲ့အနီးဆုံးလူတွေကို သေချာ
ရွေးချယ်ဖို့ အရေးကြီးတယ်။

ကိုယ်နဲ့တွေ့တဲ့ လူတွေအပေါ်မူတည်ပြီးကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးပြောင်းသွားတတ်တယ်။ကိုယ်နဲ့အနီးဆုံးလူတွေကို သေချာရွေးချယ်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ်နဲ့အနီးဆုံးလူတွေကို သေချာ
ရွေးချယ်ဖို့ အရေးကြီးတယ်။
Read More »

Formula Man

သူများတော့ မသိဘူး။ကိုယ့်ကိုကိုယ်တော့ လူကောင်းကြီးလို့ဘယ်တော့မှ မမြင်ဘူး။ ဟုတ်လဲ မဟုတ်ဘူး။ စမ်းသပ်မှုတွေ ပြုလုပ်နေတဲ့ သိပ္ပံပညာရှင်လို့ ပဲမြင်တယ်။ ကိုယ့်အိုင်ဒီယာတွေ တကယ်ဟုတ်မဟုတ်စမ်းသပ်ကြည့်တယ်။ ရလဒ်တွေပေါ်မူတည်ပြီး ဖော်မြူလာထုတ်တယ်။ဒါကြောင့် ဖော်မြူလာမန်း (Formula Man) လို့ကျောင်းတုန်းက သူငယ်ချင်းတွေကခေါ်ကြတာ။ Phyo Paing @ Derek

Formula Man Read More »

အနာဂတ်‌ဝေဒနာ တွေကို
သုခလို့ ထင်နေတတ်တယ်။

အဝိဇ္ဇာ၊ တဏှာကို သိပေမယ့်ရင်ထဲနက်နက်ရှိုင်းရှိုင်းမရောက်သေးတော့လောလောပြီး ကနေတဲ့ လောကဇာတ်ခုံမှာ သာယာနေတယ်။ တဏှာ၊ ကိလေသာ နဲ့ အတိတ်အကုသိုလ်တွေကဝေဿနာတွေရဲ့ မြစ်ဖျားပဲ။ ဒေါသ၊ လောဘ၊ မောဟတွေရဲ့တွန်းအားနဲ့ဘဝဇာတ်ခုံမှာ “သင်္ခါရ” ဆိုတာ အဘိဓာန်ထဲကထုတ်ထားမိတတ်တယ်။ အမြင်မမှန်သေးတော့ အမှန်ကိုမမြင်နိုင်သေးဘူး။ လမ်းပြတဲ့ ဆရာရှိပေမည့်အချိန်မတန်သေးဘူးအထင်နဲ့အနာဂတ်‌ဝေဒနာ တွေကိုသုခလို့ ထင်နေတတ်တယ်။ Phyo Paing @ Derek

အနာဂတ်‌ဝေဒနာ တွေကို
သုခလို့ ထင်နေတတ်တယ်။
Read More »

ကိုယ့်ကမ္ဘာနဲ့ ကိုယ်ရှင်သန်နေသူတွေရှိတတ်တယ်။

ငယ်ငယ်တည်းက အမျိုးတွေကြားမိသားစုတွေကြားက ပြဿနာကြားမှာပါဝင်ဖြေရှင်းပေးပေမယ့်နောက်ဆုံးစိတ်ပျက်စရာနဲ့ပဲ အဆုံးသတ်တဲ့အတွက်လျစ်လျူရှုမှု အတတ်ပညာနဲ့ အသက်ရှင်နေတဲ့သူတွေရှိတယ်။ လမ်းမှာ စက်ဘီးလဲသွားတာကူညီဖူးတာတွေ၊မိုးရွာကြီးထဲ ဒုက္ခရောက်နေရင်မနေနိုင် ကူညီပေးတဲ့သူကနေလောကမှာ ကိုယ့်အလှည့်ကျ ဂျင်းထည့်တဲ့ လောကသားများကြောင့်ဘေးပတ်ဝန်းကျင်နဲ့ လွတ်နေတဲ့ကိုယ့်ကမ္ဘာနဲ့ ကိုယ်ရှင်သန်နေသူတွေရှိတတ်တယ်။ Phyo Paing @ Derek

ကိုယ့်ကမ္ဘာနဲ့ ကိုယ်ရှင်သန်နေသူတွေရှိတတ်တယ်။ Read More »