တစ်နေ့ပြန်ဆုံကြတဲ့အခါ
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲနေဖို့လိုတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာမွေးကချင်ပြည်နယ်ရဲ့စျေးထဲမှာကြီးတယ်။ ဆယ့်ကိုးနာရီဆယ့်ရှစ်မိနှစ်တို့၊မင်းနဲ့မှ ချစ်တတ်ပြီပေါ့တို့၊ မာရဇ္ဇရဲ့ ဟင်္သာတို့ရဲ့နန်းတော်ရှေ့တို့အပြင်Zero, ACID, Too Big, NS တိတ်ခွေတွေကို ကျောင်းမှာရောင်းခဲ့ဖူးတယ်။ ကိုးတန်း၊ ဆယ်တန်း အချုပ်လိုအဆောင်ကြီးမှာနေခဲ့ဖူးတယ်။အဲ့ကစ မန္တလေးသားဖြစ်သွားတယ်။ ဆယ်တန်းကို ဖော်မြူလာနဲ့လေ့လာပြီး စာမေးပွဲဖြေခဲ့တယ်။ ဆရာဝန်အဖြစ် training ယူခဲ့တယ်။လူတွေကို ဂိုက်ပြန်သင်ပေးတယ်။တရုတ်ကပစ္စည်းတွေသွင်းပြီးရောင်းတယ်။ အရောင်းနဲ့ မားကတ်တင်းအလုပ်ကိုနိုင်ငံတကာဆေးကုမ္ပဏီတစ်ခုမှာ ဝင်ခဲ့တယ်။CRM စနစ်တွေကို လူတွေကိုပြန်သင်ပေးရတယ်။စီးပွားစီမံ ABE diploma တက်ပြီး စာပြန်သင်ပေးတယ်။ ဖုန်းဆော့ဝဲလ်တွေပြင်တယ်။ဖုန်းဆိုင်ဖွင့်တယ်။MBA ဘွဲ့ရတယ်။ သင်တန်းကျောင်းစဖွင့်တယ်။မားကတ်တင်းသင်တန်းတွေကိုရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊တောင်ကြီးမှာဖွင့်တယ်။ကုမ္ပဏီတွေကို သင်တန်းလိုက်ပေးတယ်။ဆရာ၊ဆရာမပေါင်း ၅၀၀၀ ကျော်အတွက်သင်ကြားရေးနဲ့ မှတ်ဥာဏ်ကောင်းနည်းစနစ်ကိုမြို့ကြီးတွေမှာ အခမဲ့မျှဝေပေးဖြစ်တယ်။ အွန်လိုင်းကနေလေ့လာလို့ရတဲ့ online learning platform လုပ်တယ်။နောက် app/ website တွေလုပ်ပေးတယ်။ MBA သင်တန်းတွေပြန်ဖွင့်တယ်။ ဆရာဖြစ်သင်တန်းတွေသင်တယ်။လုပ်ငန်းတွေကို အကြံပေးတယ်။ ပညာရေးနဲ့ နည်းပညာကုမ္ပဏီတွေမှာရင်းနှီးမြုပ်နှံတယ်။ […]
တစ်နေ့ပြန်ဆုံကြတဲ့အခါ
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲနေဖို့လိုတယ်။ Read More »