May 2023

တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုတစ်ခု
လိုကောင်းလိုနိုင်တယ်

ဘဝမှာ အထာကျကျနေရဖို့တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုတစ်ခု လိုကောင်းလိုနိုင်တယ်။ဒါကို mastery လို့ခေါ်တယ်။ လူတိုင်းမှာ မွေးရာပါအားသာချက်တွေရှိတယ်။ လူတွေလိုအပ်နေတဲ့ပစ္စည်းအရှာတော်တာဖြစ်နိုင်သလို၊လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာဆရာကျတာလဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် နည်းပညာပိုင်းကျွမ်းကျင်တာဖြစ်နိုင်သလို၊ဘာတစ်ခုခုမှားနေလဲဆိုတာမျက်စိရှင်တွေ့တာဖြစ်နိုင်တယ်။ ဘယ်ပစ္စည်းကိုဘယ်နားမှာဘယ်စျေးပေါက်နေတယ်ဆိုတာဦးနှောက်ကအလိုလိုထောက်လှမ်းနေတတ်တာမျိုးဖြစ်နိုင်သလိုမတူညီတဲ့အရာတွေကိုဆက်စပ်စဥ်းစားနိုင်တာမျိုးလဲဖြစ်နိုင်တယ်။​ ဒီလိုမွေးရာပါ အားသာချက်ကိုပါဝါဥပဒေသ ၄၈ ခု48 laws of power ရေးတဲ့ကမ္ဘာကျော်စာရေးဆရာရောဘတ်ဂရင်း Robert Greene ကnatural inclination လို့ခေါ်တယ်။ ဒီ ကိုယ့်မွေးရာပါအားသာချက်ကိုနယ်ပယ်တစ်ခုကို အာရုံစိုက်ရင်းနှီးပြီးသေချာရှာဖွေပြုစုပျိုးထောင်ပေးနိုင်ရင်စူပါပါဝါကြီးတစ်ခုဖြစ်လာမယ်။ကိုယ့်ကိုကိုယ် တန်ဖိုးရှိတယ်။Special ဖြစ်တယ်လို့ခံစားလာရမယ်။ ဆရာဝန်စိတ်ပညာရှင်ဖြစ်တဲ့တစ်ကိုယ်ရေတကာယ စိတ်ပညာindividual psychology ကို တီထွင်ခဲ့တဲ့အော်စတွီးယန်း Austrian ဖြစ်တဲ့အဲ့ဖတ်အဒလာ Alfred Adler ကလူတွေရဲ့ အပြုအမူဟာပေါင်းသင်းဆက်ဆံရေးမှာအောက်ကျနောက်ကျဖြစ်တဲ့ ခံစားချက်feeling of inferiority ကိုကျော်လွှားချင်ရာမှလာတယ်လို့ဆိုတယ်။ တချို့လူတွေက ဒီသိမ်ငယ်စိတ်၊အားငယ်စိတ်၊ အောက်ကျနောက်ကျဖြစ်စိတ်ကိုကျော်လွှားဖို့ တခြားသူတွေရဲ့အောင်မြင်မှုကို ဟာသအနေနဲ့ ဟားတိုင်တာပြောင်တာမျိုးလုပ်ပြီး ကျော်လွှားကြတယ်။ တချို့တွေက အောင်မြင်နေတဲ့သူကိုကြည့်နေ ဘယ်အချိန်အောက်ပြုတ်ကျမလဲဒီစိတ်ထားနဲ့ […]

တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုတစ်ခု
လိုကောင်းလိုနိုင်တယ်
Read More »

ကိုယ်လိုချင်တာရတာထက်
ကိုယ်နဲ့ထိုက်တန်တာပဲရကြတယ်

လိုချင်တာရဖို့လူတွေကြိုးစားကြတယ်။တချို့ကရတယ်။တချို့က မရကြဘူး။ ဘာကြောင့်လဲ​အဖြေရှာရင်လိုချင်တာရဖို့ ကိုယ်လိုချင်တဲ့အရာနဲ့“ထိုက်တန်တဲ့သူ” ဖြစ်ဖို့လိုတယ်။​ တချို့ Law of attractionကိုယ်လိုချင်တာကို အာရုံပြုဘဝထဲကို တဖြည်းဖြည်းရောက်လာမယ်ယုံကြည်ကြတယ်။မှန်သင့်သလောက်မှန်တယ်။ တချို့က Law of actionလိုချင်တာရဖို့ ကြိုးစားအားထုတ်မှုလိုတယ်။လိုချင်တာရဖို့ အလုပ်ကိုအပြင်းအထန်လုပ်တယ်။ဒါကလဲ မှန်သင့်သလောက်မှန်တယ်။ ကမ္ဘာကျော်စာအုပ် ဖြစ်တဲ့စာရေးဆရာ ဂျိမ်းကလိယာ James Clear ရဲ့Atomic Habits စာအုပ်ထဲမှာလူတွေက ကိုယ်လိုချင်တာ (outcome) ရဖို့အမြဲလုပ်ရတဲ့လုပ်ငန်းစဥ် (process) တွေရှိတယ်။ဒီလုပ်ငန်းစဥ်တွေကို လုပ်ဖြစ်တာ၊မလုပ်ဖြစ်တာက Identity လို့ခေါ်တဲ့ကိုယ်ဘယ်သူလဲဆိုတဲ့ အမြင်နဲ့ဆိုင်သွားတယ်။ လိုချင်တာအာရုံပြုရုံနဲ့ရမယ်ဆိုရင်ကမ္ဘာ့ဘောလုံးအသင်းတိုင်းကမ္ဘာ့ဖလားရနေမှာမဟုတ်လား။Law of attraction ဆိုတာစိတ်ပညာအရ ကိုယ်ယုံကြည်တာကိုမြင်တဲ့confirmation bias က လာတယ်လို့ဆိုတယ်။ ဒါကြောင့် ကိုယ်လိုချင်တာရဖို့စိတ်ကူးပဲယဥ်နေလို့မရဘူး။ကိုယ်လိုချင်တာရဖို့လိုချင်တာနဲ့ ထိုက်တန်တဲ့သူဖြစ်အောင်ဒီဇိုင်းလုပ်ဖို့လိုတယ်။ ကိုယ်လိုချင်တဲ့ဘဝပုံစံနဲ့ထိုက်တန်တဲ့သူဖြစ်ဖို့၁။ နေ့စဥ် ဘာတွေလုပ်ရမလဲ။​၂။ ဘာတွေ ခေါင်းထဲထည့်ရမလဲ။၃။ ဘာတွေယုံကြည်ရမလဲ။၄။ ဘာတွေကို ရှောင်ရှားရမလဲ။၅။ ဘယ်သူတွေနဲ့

ကိုယ်လိုချင်တာရတာထက်
ကိုယ်နဲ့ထိုက်တန်တာပဲရကြတယ်
Read More »

ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းလုပ်နိုင်ဖို့

ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းလုပ်နိုင်ဖို့ အတားအဆီးတစ်ခုကတော့ ကိုယ်ကပဲအရာရာကိုလိုက်လုပ်နေတာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ တစ်လတစ်လ ကိုယ့်အနေနဲ့ ဘယ်အပိုင်းကို အချိန်အပေးဆုံးလဲ။ Design လုပ်ငန်းကို ဒီဇိုင်းလုပ်တဲ့အချိန်Decide ဘယ်အပိုင်းတွေကို တာဝန်ခွဲဝေပေးမလဲ၊ ဘယ်ကိစ္စကိုဘယ်လိုလုပ်မလဲဆုံးဖြတ်ချက်ချတဲ့အချိန်Delegate လုပ်ငန်းဆောင်တာတွေကို တာဝန်ခွဲဝေလွဲပြောင်းပေးတဲ့အချိန်Do ကိုယ့်အတွက်အရေးကြီးတာကိုပဲ အဓိကလုပ်တဲ့အချိန် Akyanpay.com ရဲ့ ရည်ရွယ်ချက်က Design > Delegate > Decide > Do ကိုယ့်လုပ်ငန်းအတွက် အရေးမပါတာတွေကို အရာပေးနေသမျှ လွတ်မြောက်ဖို့ မလွယ်ကူဘူး။ (တချို့လို အခွင့်အလမ်းပေါ်တုန်း အမိအရငွေရှာရတဲ့လုပ်ငန်းတွေအနေနဲ့ကတော့ ငွေမြန်မြန်များများရှာရတာကို ကိုယ်မပါပဲလည်ပတ်ပြီးငွေရှာပေးတဲ့Money-Making Machine ထဲပြန်ထည့်တာရွေးချယ်မှုကောင်းတစ်ခုဖြစ်နိုင်တယ်။) Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းလုပ်နိုင်ဖို့ Read More »

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း အဆင့် ၇ ဆင့်

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း အဆင့် ၇ ဆင့် ၁။ အစအစအရာရာကိုယ်ဝင်ပါနေတဲ့အဆင့်၂။ တချို့အရေးမကြီးတဲ့အပိုင်းလေးတွေလက်လွဲလို့ရတဲ့အဆင့်၃။ အရေးကြီးတဲ့ အပိုင်းတွေလက်လွဲတဲ့အခါ ရင်တမမ အဆင့်၄။ အရေးကြီးတဲ့အပိုင်းတွေကို လက်လွဲလို့ရတဲ့အဆင့်၅။ နေ့စဉ်လည်ပတ်မှု operations မှာ ကိုယ်မပါပဲလည်ပတ်တဲ့အဆင့်၆။ ကိုယ့်လုပ်ငန်းဆက်ခံသူကိုလက်လွဲပြီး လည်ပတ်တဲ့အဆင့်၇။ လုပ်ငန်းက ပုံမှန်ဝင်ငွေယူနေတာ၊ ဒါမှမဟုတ် ရောင်းချပြီးအောင်ပွဲခံတဲ့အဆင့် Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း အဆင့် ၇ ဆင့် Read More »

လျစ်လျူရှုတတ်အောင် လေ့ကျင့်ပါ။

တစ်နေ့တစ်နေ့ စိတ်ကသိကအောင့်လာဖြစ်စေတဲ့အရာကတော့အလိုက်မသိ၊ လူလုပ်နည်းမသိတဲ့သူတွေကြောင့်ဖြစ်တတ်ကြတယ်။ ကိုယ်နဲ့မဆိုင်ဝင်ပါတတ်တဲ့သူတွေဖြစ်တတ်ကြသလိုလောကကြီးကို စိတ်တိုင်းမကျကိုယ့်မှာရှိတဲ့အမှိုက်ကို သူများဆီလာပစ်ချင်တဲ့သူတွေဖြစ်တတ်ကြတယ်။ ပြဿနာသေးသေးလေးကိုပုံကြီးချဲ့ပြောတတ်ကြသလို၊တခါတခါ ကိုယ်မကြိုက်တဲ့စကားကိုမှထပ်ခါထပ်ခါပြောတတ်ကြတယ်။ အဲ့လိုလူတွေက သူစိမ်းတွေဖြစ်တတ်ကြသလို၊အရင်းနီးဆုံးသူတွေလဲဖြစ်နိုင်တယ်။ မဆီမဆိုင် ကိုယ်နဲ့လဲမသိကိုယ့်အကြောင်းဖြစ်ရပ်မှန်လဲနားမလည်ကိုယ့်ကိုကောက်ချက်ချ စိတ်အနှောက်အယှက်ပေးချင်သူလဲဖြစ်နိုင်တယ်။ ဒီလိုလူတွေနဲ့ အကောင်းဆုံးထိုက်တန်တာကကိုယ့်ရဲ့ အာရုံ attention မဟုတ်ပါဘူး။သူတို့နဲ့ထိုက်တန်တာ ကိုယ့်ရဲ့လျစ်လျူရှုမှုပါ။ The only way to win with a toxic person, isnot to play. ဒါလေးကြားဖူးကောင်းကြားဖူးလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုလာဘူစေမည့်သူToxic person တွေကို ban/block လုပ်လို့ရသလိုမကောင်းတတ်တဲ့သူတွေဆို unfollow လုပ်တာအကောင်းဆုံးရွေးချယ်မှုဖြစ်ကောင်းဖြစ်မယ်။ အရင်းအနှီးဆုံးနေ့စဉ်တွေ့နေရတဲ့သူတွေဆိုသူတို့ရဲ့ ထောက်ပံ့မှုက လွတ်မြောက်ဖို့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်လုပ်ပါ။ ကိုယ်တာဝန်ယူထားရတဲ့သူဆိုရင်တော့လစဉ်ထောက်ပံ့ပေးနိုင်တဲ့ငွေအစီအရင်လုပ်ပြီးငြိနှိုင်းမှုတစ်ခုပြုလုပ် ထားခဲ့တာမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။ Phyo Paing @ Derek

လျစ်လျူရှုတတ်အောင် လေ့ကျင့်ပါ။ Read More »

ကိုယ့်လက်ရှိဘဝက
ကိုယ့်ရွေးချယ်မှုစုစုပေါင်းရဲ့
ရလဒ်ပဲ။

ဘယ်မှာနေမယ်၊ ဘာအလုပ်လုပ်မယ်၊ဘယ်သူတွေနဲ့ပေါင်းမယ်၊ ဘာစာအုပ်တွေဖတ်မယ်၊ဘဝကို ဘယ်လိုပုံစံနေထိုင်မယ်၊ဒီရွေးချယ်မှုတွေရဲ့ရလဒ်ပဲ။ တချို့က ဒါကို သေချာဒီဇိုင်းလုပ်တယ်။တချို့က ဖြစ်သလိုနေတယ်။ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုနေတာက အချိန်တစ်ခုထိပဲကောင်းတယ်။ကိုယ့်ဘဝ ကိုယ်မှ တာဝန်မယူရင်ဘယ်သူမှ လာယူပေးမှာမဟုတ်ဘူး။ ရွေးချယ်မှုကောင်းတွေလုပ်နိုင်ဖို့ ကျွန်တော်စဥ်းစားနေ P နှစ်လုံးရှိတယ်။တစ်ခုက Possibility ဖြစ်နိုင်ခြေ၊နောက်တစ်ခုက Probability ဖြစ်နိုင်စွမ်း။ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်လို့ဆိုကြတယ်။ဒါက ဖြစ်နိုင်ခြေ possibility.ကျောက်တူးရင်း ကျောက်အောင်နိုင်တယ်။နည်းပညာလုပ်ငန်းလုပ်ပြီးလဲကိုယ်လိုချင်တဲ့ နေ့စဥ်အသုံးပြုသူရနိုင်တယ်။ ဒါပေမယ့်ပြန်စဥ်းစားရမှာဖြစ်နိုင်စွမ်း probability. ဘယ်လောက်ဖြစ်နိုင်လဲ။ ရာခိုင်နှုန်းအားဖြင့်။ ရေခံမြေခံ ကာလံဒေသံနဲ့လဲဆိုင်နိုင်တယ်။ အချိန်နဲ့လဲ ဆိုင်နိုင်တယ်။ ဒီနှစ်ခုကို ချိန်ငြိစဥ်းစားပြီးရင်ကိုယ့်အနေနဲ့ probability ဖြစ်နိုင်စွမ်းတွေကိုမြင့်အောင်၊ များအောင် ဘာတွေလုပ်ဆောင်လို့ရမလဲ စဥ်းစားကြည့်လို့ရတယ်။ ဒီအပေါ်မူတည်ပြီး ရွေးချယ်မှုပြုလုပ်တယ်။ နေ့စဥ်ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်လေလေ၊ ပိုပျော်၊ ပိုလွတ်လပ်၊ ပိုတိုးတက်၊ပိုရင်ခုန်ပြီး၊ ပိုလတ်ဆတ်တဲ့ဘဝဖြတ်သန်းရလေလေပဲ။ Phyo Paing @ Derek

ကိုယ့်လက်ရှိဘဝက
ကိုယ့်ရွေးချယ်မှုစုစုပေါင်းရဲ့
ရလဒ်ပဲ။
Read More »

စည်း Boundaries

မတူညီတဲ့လူတွေနဲ့ တွေ့တဲ့အခါမတူညီတဲ့ အပြုအမူတွေဖြစ်သွားတတ်တယ်။မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေဖြစ်သွားတတ်တယ်။ ကြုံဖူးလားတော့မသိဘူး။ ကိုယ့်အဖေ၊ အနေနဲ့နေရင်တစ်မျိုး၊သူစိမ်းတွေနဲ့တွေ့တဲ့အချိန်တစ်မျိုး၊ငယ်ပေါင်းတွေနဲ့ တွေ့တဲ့အခါတစ်မျိုး၊ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အပြုအမူက အမျိုးမျိုးအပြောင်းအလဲဖြစ်နေတတ်ကြတယ်။ နောက်ဆုံး သမီးရည်းစားထားရင်တောင်တစ်ဖက်လူရဲ့ပုံစံပေါ်မူတည်ပြီးကိုယ့်ရဲ့ အပြုအမူနဲ့ ထုတ်ဖော်ပြမှုကိုယ်ရည်ကိုယ်သွေးအပေါ်သက်ရောက်မှုရှိတယ်။ မတူညီတဲ့ နေရာတွေသွားလို့မတူညီတဲ့ လူတွေနဲ့ တွေ့တဲ့အခါမတူညီတဲ့ အပြုအမူနဲ့ ကိုယ်ရည်ကိုယ်သွေးတွေဖြစ်သွားတတ်တယ်။ အကြောင်းအရင်းကဦးနှောက်မှာ mirror neurons မှန်လိုဆဲလ်တွေရှိတယ်။အတုမြင် အတတ်သင်ချင်တယ်လို့ပြောတာမျိုးကြားဖူးလိမ့်မယ်။ တခြားသူတွေပြုမူနေတာမျိုးကြည့်ပြီးသင်ယူမှုဖြစ်ပေါ်တဲ့ Social Learning ကြောင့်အပြုအမူပေါ်လွမ်းမိုးတယ်။ အပေါင်းအသင်းကြားဝင်ဆန့်ဖို့ Peer Pressure ကြောင့်အပြုအမူပေါ်လွမ်းမိုးတယ်။စိတ်ခံစားမှုကူးစက်တတ်မှု Emotional Contagion နဲ့စဥ်းစားပုံစဥ်းစားနည်းအပြောင်းအလဲCognitive Changes ကြောင့်လဲလူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးက ကိုယ်နဲ့ပေါင်းတဲ့သူတွေပေါ်မူတည်ပြီးအပြောင်းအလဲဖြစ်တယ်။ ကိုယ်နဲ့ အနီးစပ်ဆုံးသူတွေကို သေချာရွေးချယ်တတ်ဖို့လိုအပ်တဲ့အချိန်တွေ လူတိုင်းမှာရှိတတ်တယ်။ ကိုယ့်ရဲ့ Inner Circle အတွင်းစည်းထဲဝင်ဖို့ လူတိုင်းကိုအလွယ်တကူ လက်မခံလိုက်နဲ့။ တချို့က ဒါကို စည်း boundaries

စည်း Boundaries Read More »

ဘဝတစ်ခုကို ဒီိဇိုင်းလုပ်တာ အချိန်ပေးရတယ်။

အသက် ၈၀ အထိနေရမယ်ဆိုရင်ရက်ပေါင်း ၂၉၂၀၀ နေရမယ်။ အသက် ၂၀ ဆို ရက်ပေါင်း ၇၅၀၀ ကုန်ပြီ။အသက် ၂၅ ဆို ရက်ပေါင်း ၉၁၂၅ ကုန်ပြီ။ အသက် ၃၀ ဆို ရက်ပေါင်း ၁၀၉၅၀ ကုန်ပြီ။အသက် ၃၅ ဆို ရက်ပေါင်း ၁၂၇၅၅ ကုန်ပြီ။အသက် ၄၀ ဆို ရက်ပေါင်း ၁၄၆၀၀ ကုန်ပြီ။ ရက်ပေါင်း ၁၀၀၀၀ လောက်က ကျောင်းတက်လိုက်၊ အလုပ်ရှာလိုက်၊ အသည်းကွဲလိုက်၊ တိုင်ပတ်လိုက်နဲ့ဘဝဆိုတဲ့ သဘောတရားနားလည်ဖို့သင်ယူတဲ့ အချိန်ကာလလို့ဆိုလို့ရတယ်။ ရက်ပေါင်း ၁၀၀၀၀ ကျော်ပြန်တော့အိမ်ထောင်ကျ၊ သားမွေးဖြစ်ပြန်တော့တာဝန်အသစ်တွေနဲ့ သားကျွေးမှု၊ မယားကျွေးမှုနဲ့ ဘဝရဲ့လတ်ဆတ်တဲ့ ဟန်နီးမွန်းအချိန်နဲ့ ဘဝရဲ့ ဒီလိုပါပဲဆိုတဲ့ ငြီးငွေ့တဲ့အချိန်၊ ဘဝမှာ နေသားကျပြီးဖြတ်သန်းတဲ့အချိန်၊ဘဝကို ကျင့်သားရတဲ့အချိန်တစ်ခုကိုဖြတ်သန်းရကောင်းဖြတ်သန်းရနိုင်တယ်။

ဘဝတစ်ခုကို ဒီိဇိုင်းလုပ်တာ အချိန်ပေးရတယ်။ Read More »

ငါ့ကြောင့်လူတွေ မျက်ရည်ကြီးငယ်
မကျရဘူးလို့ အမြဲစဥ်းစားတယ်။

ကိုယ်နဲ့သိကျွမ်းတဲ့သူတိုင်းအကျိုးရှိစေရမယ်။ အဲ့စိတ်ပဲ အမြဲထားတယ်။ စေတနာနဲ့ ကိုယ်မျှဝေပေးနိုင်တာလုပ်တယ်။ ကိုယ်နဲ့သိကျွမ်းလို့ အကျိုးယုတ်တယ်ဆိုတာမရှိရဘူး။ အဲ့လိုစိတ်နဲ့ပဲ ဘဝကို ဖြတ်သန်းလိုက်တယ်။ ကိုယ်လဲ စင်းလုံးချောကောင်းတဲ့သူဟုတ်ချင်မှဟုတ်မယ်။ အတ္တတွေ၊ မာန်မာနတွေ၊ အတွေးတွေနဲ့လူဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် အမြဲပြန်ဆန်းစစ်တယ်။ ငါ့ကြောင့်လူတွေ မျက်ရည်ကြီးငယ်မကျရဘူးလို့ အမြဲစဥ်းစားတယ်။ Phyo Paing @ Derek

ငါ့ကြောင့်လူတွေ မျက်ရည်ကြီးငယ်
မကျရဘူးလို့ အမြဲစဥ်းစားတယ်။
Read More »

နေ့စဉ် Checklist

၁။ ဒီနေ့ ကိုယ့်ကိုကိုယ်ပြန်လေ့လာဖို့journaling လုပ်ပြီးပြီလား။၂။ ဒီနေ့စာဖတ်ပြီးပြီလား။၃။ ဒီနေ့ content စာရေးပြီးပြီလား။၄။ ဒီနေ့ လေ့ကျင့်ခန်းလုပ်ပြီးပြီလား။၅။ ဒီနေ့တရားထိုင်ပြီးပြီလား။၆။ ဒီနေ့ ဘာသာစကားသစ်လေ့ကျင့်ပြီးပြီလား။၇။ ဒီနေ့ ကိုယ့်အတွက် ဝင်ငွေရမည့်အလုပ်လုပ်ပြီးပြီလား။၈။ ဒီနေ့ အနာဂတ်အတွက် ဝင်ငွေရမည့်အလုပ်အတွက် အချိန်ပေးပြီးပြီလား။၉။ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်ပေးပြီးပြီလား။ Phyo Paing @ Derek

နေ့စဉ် Checklist Read More »