June 2023

လေ့ကျင့်တာ။

အားကစားလုပ်တာ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက်လေ့ကျင့်တာ။ စာဖတ်မှတ်သင်ယူတာအသိဥာဏ်ကြံ့ခိုင်ဖွင့်ဖြိုးမှုအတွက်လေ့ကျင့်တာ။ တရားမှတ်တာစိတ်ထားတတ်ပြီး လောကဓံအတွက်လေ့ကျင့်တာ။ Phyo Paing @ Derek

လေ့ကျင့်တာ။ Read More »

ဒါကို Work ethics လို့ခေါ်တယ်။

အလုပ်အပေါ်ထားတဲ့ စိတ်နေသဘောထားသေလောက်အောင် အရေးကြီးတယ်။ ဒါကို Work ethics လို့ခေါ်တယ်။ လူတစ်ယောက် အလုပ်လုပ်တဲ့ပုံကြည့်ကြည့်သူ့ဘဝလဲ အဲ့လိုပဲဖြစ်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ How you do anything is how you do everything. Phyo Paing @ Derek

ဒါကို Work ethics လို့ခေါ်တယ်။ Read More »

Input > Output

တခါတလေ ကိုယ်လိုချင်နဲ့ output ရလဒ်တွေကိုအာရုံစိုက်သလိုနေ့စဉ် input တွေကို အာရုံစိုက်ဖို့လဲအရေးကြီးတယ်။ ပေါင် ၃၀ ချချင်တယ်ဆိုတာ Output. နေ့စဉ် လေ့ကျင့်ခန်းလုပ်၊အစားအသောက်ကောင်းကောင်းရွေးချယ် စားတယ်ဆိုတာ Input. Phyo Paing @ Derek

Input > Output Read More »

ဘဝရဲ့ အရည်အသွေးအရေးကြီးတယ်။

ဘဝရဲ့ အရည်အသွေးအရေးကြီးတယ်။ ကိုယ်က လုပ်ငန်းအတွက်မဟုတ်ပဲကိုယ့်လုပ်ငန်းက ကိုယ့်အတွက်ပဲဖြစ်ရမယ်။ လုပ်ငန်းဆိုတာ ကိုယ့်အိမ်မက်တွေဖြည့်ဆည်းဖို့ယာဥ်တစ်စီးပဲ။ ကိုယ့်လုပ်ငန်းက ကိုယ့်အတွက်ဖြစ်ဖို့ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေဖို့လိုတယ်။ ကျွန်တော်ကတော့ စီးပွားရေးလုပ်ငန်းကို ပိုက်ဆံရှာဖို့၊ လူအသိအမှတ်ပြုခံရမှုထက်အများကြီးပိုတယ်လို့စဥ်းစားတယ်။ ကိုယ့်စီးပွားရေးလုပ်ငန်းဆိုတာကိုယ့်ကို တိုးတက်စေတဲ့အရာဖြစ်ရမယ်။ သူက လှေကားထစ်ပဲ။လမ်းဆုံးမဟုတ်ဘူး။ ကိုယ်က ဒီလုပ်ငန်းကို လုပ်နေရင်းနဲ့ဘယ်လိုလူဖြစ်လာလဲဆိုတာ ပိုအရေးကြီးတယ်။အဲ့လိုပဲ ယူဆတယ်။ ကိုယ်လိုချင်တဲ့ လုပ်ငန်းပုံစံ တစ်ခါတည်းဆောက်ပြီးတာနဲ့သူ့လိုလုပ်ငန်းတွေ copy & paste လုပ်တာနဲ့တည်ဆောက်လို့ရနိုင်ရမယ်လို့ခံယူထားတယ်။ ဘာကြောင့်လဲဆိုတော့လုပ်ငန်းဆိုတာ ကိုယ့်ဘဝတိုးတက်ရေးအတွက်ယာဥ်တစ်စီးလို့ ခံယူထားလို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဘဝရဲ့ အရည်အသွေးအရေးကြီးတယ်။ Read More »

လူတွေ ကော်ပီကူးလို့မရတာ
ကိုယ့်ဘဝဖြတ်သန်းမှု ပုံပြင်ပဲ။

လူတွေ ကော်ပီကူးလို့မရတာကိုယ့်ဘဝဖြတ်သန်းမှု ပုံပြင်ပဲ။ Phyo Paing @ Derek

လူတွေ ကော်ပီကူးလို့မရတာ
ကိုယ့်ဘဝဖြတ်သန်းမှု ပုံပြင်ပဲ။
Read More »

ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။

သံသရာက မတူညီတဲ့ကံကြမ္မာတွေနဲ့ လူတွေကို အကဲစမ်းလိမ့်မယ်။ဒါကြောင့် ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ ကိုယ်ကို သံသရာက ပြဿနာ ပုစ္ဆာတွေ တစ်ခုပြီးတစ်ခုပေးပြီး စမ်းတယ်။ ဒီလိုစမ်းလို့ရအောင်လဲ အဝိဇ္ဇာနဲ့ တဏှာ ကို မွေးကတည်းကဘဝ Operating System မှာ တခါတည်း ကြိုတင်တပ်ဆင် preinstalledလုပ်ပေးထားတယ်။ ဒီ preinstalled လုပ်ထားတဲ့ အဝိဇ္ဇာနဲ့ တဏှာကို ဖယ်နိုင်ရင် သံသရာက ရန်ရှာတာတွေ၊အဖန်တရာပြဿနာနဲ့စမ်းသပ်တာတွေကုန်သွားနိုင်တယ်။ ကိုယ်တိုင်က preinstalled လုပ်ထားတဲ့အဝိဇ္ဇာနဲ့ တဏှာကို မဖယ်နိုင်သေးရင်သတိလေးကပ် note လေးမှတ်ပြီးတရားလဲထိုင်၊ bar လဲထိုင်ပေမယ့်ငါတို့ကို သံသရာက စမ်းနေတာဆိုတဲ့အသိနဲ့ဘဝ သင်ခန်းစာတွေ ယူရမှာပဲ။ Phyo Paing @ Derek

ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ Read More »

ဟုတ်မဟုတ်တော့မသိဘူး။

အားတီလေးတွေက သူတို့ ငယ်ငယ်တုန်းကစိတ်ကူးထဲမှာ ရှိတဲ့ အမေပုံစံမျိုးအမျိုးသမီးတွေကို ပိုချစ်တတ်ကြတယ်။ အားမေတွေကလဲ သူတို့ ငယ်ငယ်တုန်းက စိတ်ကူးထဲမှာ ဖြစ်စေချင်တဲ့ အဖေပုံစံမျိုးအမျိုးသားတွေကို ပိုချစ်တတ်ကြတယ်။ ဥပမာ ကိုယ့်ကိုအမြဲဝေဖန်တတ်တဲ့အမေအစား ဘာပဲဖြစ်ဖြစ်ကိုယ့်ကို အမြဲယုံကြည်မှုရှိတဲ့ အမေမျိုး။ အမျိုးသမီးတွေဆိုလဲကိုယ့်ကို ဂရုသိပ်မစိုက်ဖြစ်တဲ့အဖေအစားဂရုစိုက်ပြီး ကာကွယ်ပေးမယ်ဆိုတဲ့အဖေမျိုး။ အတွေးတစ်ခုပေါ်လို့ စဥ်းစားကြည့်တာ။ Phyo Paing @ Derek

ဟုတ်မဟုတ်တော့မသိဘူး။ Read More »

ကိုယ်အားသာတာကို ဖိလုပ်။

လူတွေကို အကြမ်းအားဖြင့်အားသာချက်လေးမျိုးနဲ့ကြည့်လို့ရတယ်။ ၁။ Strategy မဟာဗျူဟာလမ်းကြောင်းတွေ၊ ဖြစ်နိုင်ခြေတွေအများကြီးကို အပေါ်စီးကမြင်နိုင်တာ ၂။ Relationship ပေါင်းသင်းဆက်ဆံရေးကိုယ်နဲ့တွေ့တဲ့လူနဲ့ အလွယ်တကူချိတ်ဆက်နိုင်စွမ်း။ လူချစ်လူခင်ပေါများတာ ၃။ Influence လွမ်းမိုးနိုင်စွမ်းကိုယ့်ကို စင်ပေါ်တင်လိုက်တာနဲ့လူတွေရဲ့ အာရုံစိုက်မှုက ကိုယ့်ဆီရောက်လာတာ ၄။ Execution အကောင်အထည်ဖော်နိုင်စွမ်းဒါလုပ်မယ်လို့ဆိုဖြတ်ပြီးရင်မရရအောင် အကောင်အထည်ဖော်နိုင်စွမ်း မဟာဗျူဟာကောင်းတဲ့သူStrategist တွေက puzzle တွေဆက်သလိုအလုပ်တွေအများကြီးလုပ်တယ်။ဒီ အကွက်တွေက တချို့ကျရင်အကုန်စုစည်းသွားမယ်ဆိုပြီးစိတ်ရှည်ရှည်နဲ့ အကွက်ချ အလုပ်နဲ့ ဘဝကို တည်ဆောက်တယ်။ Relationship ကောင်းသူက ဘယ်သူနဲ့ ပေါင်းပြီး ဘာအလုပ်ကိုလုပ်မယ်ဆိုတာ စဥ်းစားထားတယ်။ရင်းနှီးမြုပ်နှံသူတွေရဲ့ငွေနဲ့ကိုယ့်ကိုအလုပ်လုပ်ပေးမည့်သူတွေကြားမှာintegration စုစည်းမှုကိုလုပ်ဆောင်ပေးတယ်။ Influencer က သာမာန်ကုန်ပစ္စည်းတစ်ခုကိုပေါက်ကွဲမှုအားကောင်းကောင်းနဲ့ လူတွေကို သိသွားအောင် သတင်းဖြန့်နိုင်စွမ်းရှိတယ်။သူ့ရဲ့အစွမ်းက message တစ်ခုကို လော်စပီကာနဲ့ အောင်သလို amplification လုပ်ဆောင်နိုင်စွမ်းပဲ။ Execution လုပ်တဲ့သူရဲ့အားသာချက်ကအအိပ်အစားနည်းပြီး သတ်မှတ်တာဝန်ကို မဖြစ်ဖြစ်အောင်လုပ်နိုင်တာ။အလုပ်အများကြီးကို

ကိုယ်အားသာတာကို ဖိလုပ်။ Read More »